ရင်သားကြီးထွားအောင် ခွဲစိတ်ပြုပြင်ထည့်သွင်းရသည့် ပစ္စည်းတစ်မျိုး ပေါက်ကွဲနိုင်ကြောင်း သတိပေး

alt

​ပြင်​သစ်​အ​ခြေ​စိုက်​ ကု​မ္ပ​ဏီ​တစ်​ခု​မှ​​ ​တီ​ထွင်​သော​ ရင်​သား​ကြီး​ထွား​အောင်​ ​ခွဲ​စိတ်​ပြု​ပြင်သည့်​အ​ခါ​ အ​တွင်း​သို့​ ​ထည့်​ရသည့်​ ​အ​ခု​အ​ခံ​ ​ပ​စ္စည်း​များမှာ ​ပေါက်​ကွဲ​မှု​နှင့်​ ​ကြံု​ရ​နိုင်​ကြောင်း​ ​သု​တေ​သီ​များ​က​ ​သ​တိ​ပေး​ ​ပြော​ကြား​လိုက်​သည်​။

​ ​ပြင်​သစ်​အ​ခြေ​စိုက်​ Poly​ Implant​ Prothese​ (PIP)​​ ကု​မ္ပ​ဏီ​က​ ​ထုတ်​လုပ်​သည့်​ ​ဆီ​လီ​ကွန်​ ​အ​ခြေ​ပြု​ ​ပ​စ္စည်း​ကို​ ​ပြင်​သစ်​နှင့်​ ​ဆွီ​ဒင်​တို့​တွင်​ ​ပိတ်​ပင်​ထား​လိုက်​ပြီ​ဖြစ်​သည်​။​ ရင်​သား​အ​တွင်း​ ​ထည့်​သွင်း​သော​ ​ယင်း​ပ​စ္စည်း​တွင် ​အ​သုံး​ပြု​ထား​သည့်​ အ​ဆီ​သည်​​ ​ရင်​သား​အ​တွင်း​ ​ဖောင်း​ပွ​ဖော​ယောင်​မှု​ကို​ ​ဖြစ်​စေ​နိုင်​ပြီး​ ​ပေါက်​ကွဲ​ထွက်​သည်​အ​ထိ​ ​အ​န္တ​ရာယ်​ ​ကြီး​မား​နိုင်​ကြောင်း​ ​ဗြိ​တိန်​အ​ခြေ​စိုက်​ Daily​ Star​ ​သ​တင်း​ဌာ​န​က​ ​ဖော်​ပြ​ခဲ့သည်​။​ ဗြိ​တိန်​တွင်​ PIP​​ မှ​ ​ထုတ်​ကုန်​များ​ကို​ ​အ​သုံး​မ​ပြု​ရန်​ ​ကျွမ်း​ကျင်​သူ​များ​က​ ​ဆော်ဩ​လျက်​ရှိ​သည်​။​ ​သို့​သော်​ ​​ဆေး​ဝါး​နှင့်​ ကျန်း​မာ​ရေး​ ​စောင့်​ရှောက်​မှု​ ​လေ့​လာ​စောင့်​ကြည့်​ရေး​ ​အေ​ဂျင်​စီ​ (​MHRA)​ က​ ​အ​ဆို​ပါ​ ​ပ​စ္စည်း​ကြောင့်​ ​ပေါက်​ကွဲ​ထွက်​နိုင်​ကြောင်း​ ​တိ​တိ​ကျ​ကျ​ ​သက်​သေ​အ​ထောက်​အ​ထား​ ​မ​တွေ့​ရ​သေး​ဟု​ ​ကြေ​ညာ​ထား​သည်​။

​ MHRA​ မှ​ ​ဆူ​ဆန်​နီ​လက်​ဂိတ်​က​ ​အ​ဓိ​က​အား​ဖြင့်​ ​ရင်​သား​အ​တွင်း​ ​ထည့်​သွင်း​သည့်​ ​ပ​စ္စည်း​များ​ကို​ ​စ​နစ်​တ​ကျ​ ​ပိုး​သန့်​စင်​ရန်​ ​အ​ရေး​အ​ကြီး​ဆုံး​ဖြစ်​ပြီး​ PIP​​ မှ​ ​ဆီ​လီ​ကွန်​၏​ ​ဂျယ်​တွင်​ ​လက်​တ​လော​ ​သံ​သ​ယ​ ​ဖြစ်​စ​ရာ​ ​အ​ကြောင်း​ရင်းမျိုး​ ​မ​တွေ့​ရ​သေး​ဟု​ ​ပြော​ကြား​သွား​သည်​။​ လက်​ရှိ​တွင်​ PIP​​ ထုတ်​ကုန်​များ​ကို​ ​လေ့​လာ​နေ​ဆဲ​ဖြစ်​ပြီး​ ​နောက်​ထပ်​ပို​မို​ ​တွေ့​ရှိ​လာ​မှု​များ​ကို​ ​ကြေ​ညာ​ပေး​မည်​ဟု​လည်း​ ​ဆူ​ဆန်​နီ​က​ဆို​သည်​။​ ​ယ​မန်​နှစ်​အ​တွင်း​က​ ​ဗြိ​တိန်​တွင်​ ​ရင်​သား​ခွဲ​စိတ်​ ​ပြု​ပြင်​မှု​ ​၈၅၀၀​ ​ကျော်​ထိ​ ​ရှိ​ခဲ့​ကြောင်း​ ​သ​တင်း​ရ​ရှိ​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here