ချီ​လီ​မိုင်း​တွင်း​လုပ်​သား​များ​အား​ ကယ်​တင်​နိုင်​ရေး​ နီး​စပ်​လာ​ပြီ​ဟု​ ခန့်​မှန်း​ပြော​ကြား

alt

ချီ​လီ​နိုင်ငံ​တွင်​ ဩ​ဂုတ်​လ​ဆန်း​က​တည်း​က​ ပိတ်​မိ​နေ​သည့်​ ​မိုင်း​တွင်း​လုပ်​သား​ ၃၃​ ဦး​အား​ ​မ​ကြာ​မီ​ ရက်​ပိုင်း​အ​တွင်း​ ​ကယ်​တင်​နိုင်​တော့​မည်​ဟု​ ကယ်​ဆယ်​ရေး​ ​တပ်​ဖွဲ့​များ​က​ ပြော​ကြား​ခဲ့​သည်​။​ ပေ​ ​၂၀၀၀​ ​ကျော်​ အ​နက်​တွင်​ ​ပိတ်​မိ​နေ​သော​ အ​လုပ်​သ​မား​များ​ထံ​ တူး​ဖော်​နေ​သည့်​ ​လှိုဏ်​ခေါင်း​သည်​ အ​ပြီး​သတ်​လု​နီး​ပြီ​ဟု​ သိ​ရ​သည်​။​

​ဆန်​ဂျို့စ်​ မိုင်း​တွင်း​ကု​မ္ပ​ဏီ​မှ​ လုပ်​သား​များ​ကို​ ​လာ​မည့်​ ၁​၀​ ​ရက်​အ​တွင်း​ ​ကယ်​ထုတ်​နိုင်​မည်​ဟု​ အင်​ဂျင်​နီ​ယာ​များ​က​ မျှော်​လင့်​နေ​သည်​။​ ယင်း​တို့​အား​ ​ကယ်​ဆယ်​ရာ​တွင်​ ချီ​လီ​ရေ​တပ်​မှ​ ​အ​ထူး​လေ့​ကျင့်​ထား​သော​ ကွန်​မန်​ဒို​များ​က​ ပါ​ဝင်ကူညီ​သွား​မည်​ဖြစ်​သည်​။​ မူ​လ​က​ ​မိုင်း​တွင်း​အ​လုပ်​သ​မား​များ​အား​ ကယ်​ဆယ်​ရေး​သည်​ ​ခ​ရ​စ္စ​မတ်​ထိ​ ကြာ​မြင့်​နိုင်​ကြောင်း​ ခန့်​မှန်း​ထား​သော်​လည်း​ ယ​ခု​အ​ခါ​ ​အား​တက်​ဖွယ်​ သ​တင်း​ကောင်းကို​ ​ကြေ​ညာ​နိုင်​ခဲ့​ခြင်း​ဖြစ်​သည်​။​

ချီ​လီ​သ​မ္မ​တ​ ​ဆီ​ဘက်​စ​တီ​ယန်​ ပီ​နာ​ရာ​က​လည်း​ ​ယ​ခု​လ​အ​တွင်း​ စီ​စဥ်​ထား​သည့်​ ဥ​ရော​ပ​ ခ​ရီး​စဥ်​မှ​ ​အ​ပြန်​တွင်​ မိုင်း​အ​လုပ်​သ​မား​များ​အား​ ကြို​ဆို​နိုင်​မည်​ဟု​ မျှော်​လင့်​ကြောင်း​ ပြော​ကြား​ခဲ့​သည်​။​ အင်​ဂျင်​နီ​ယာ​များ​သည်​ ၂၈​ ​လက်​မ​ ​အ​ကျယ်​ရှိ​ပြီး​ မီ​တာ​ ​၇၀၀​ ​ရှည်​သော​ ဥ​မင်​ ​၃​ ​ခု​ကို​ ဖောက်​လုပ်​နေ​ရာ​ ​အ​နည်း​ဆုံး​ တစ်​ခု​သည်​ ​မ​ကြာ​မီ​ မိုင်း​အ​လုပ်​သ​မား​များ​ထံ​ ရောက်​ရှိ​မည်​ဟု​ ​မျှော်​လင့်​ရ​သည်​။​

ဩ​ဂုတ်​ ​၅​ ​ရက်​နေ့​က​ ပြို​ကျ​ခဲ့​သော​ ​မိုင်း​တွင်း​ထဲ​တွင်​ ပိတ်​မိ​နေ​သော​ ​အ​လုပ်​သ​မား​များ​အ​နက်​ ၃၂​ ဦး​သည်​ ​ချီ​လီ​နိုင်ငံ​သား​များ​ ဖြစ်​ကြ​ပြီး​ ​တစ်ဦး​မှာ​ ဘို​လီး​ဗီး​ယား​မှ​ဖြစ်​ကြောင်း​ သ​တင်း​ရ​ရှိ​သည်​။​

LEAVE A REPLY

Please enter your comment!
Please enter your name here