အ​သက်​ဆုံး​​ရှံုး​စေ​သည်​အ​ထိ​ ​ပု​ဂ္ဂိုလ်​ရေး​ ​ဖောက်​ဖျက်​ကာ​ ​အ​ရှက်​ခွဲခဲ့​သူ​ ​ကျောင်း​သား​ကျောင်း​သူ​ ​နှစ်ဦး​အား​ တ​ရား​စွဲ​ဆို

alt

အ​မေ​ရိ​ကန်​နိုင်ငံ​၊​ ​န​ယူး​ဂျာ​စီ​ရှိ​ ​ရက်​ဂါ​တ​က္က​သိုလ်​မှ​ ​ကျောင်း​သား​ကျောင်း​သူ​ ​နှစ်ဦး​အား​ ​တစ်​ပါး​သူ​ကို​ ​အ​သက်​ဆုံး​​ရှံုး​စေ​သည်​အ​ထိ​ ​ပု​ဂ္ဂိုလ်​ရေး​ ​ဖောက်​ဖျက်​ကာ​ ​အ​ရှက်​ခွဲခဲ့​ခြင်း​ကြောင့်​ ​တ​ရား​စွဲ​ဆို​ထား​လိုက်​ကြောင်း​ ​သိ​ရ​သည်​။​

​ကျောင်း​သား​သစ်​ ​တစ်ဦး​ဖြစ်​သော​ ​အ​သက်​ ​၁၈​ ​နှစ်​အ​ရွယ်​ ​တိုင်​လာ​က​လီ​မန်​တီ​သည်​ ၎င်း​လိင်​တူ​ ​ဆက်​ဆံ​နေ​သည်​ကို​ ​လျှို့​​ဝှက်ရိုက်​ကူး​ထား​သော​ ​ဗီ​ဒီ​ယို​ ​အင်​တာ​နက်​တွင်​ ​ပျံ့​နှံ့​ခဲ့​ပြီး​နောက်​ ​ဂျော့​ဝါ​ရှင်​တန်​ ​တံ​တား​မှ​ ​ခုန်​ချ​ကာ​ ​သေ​ကြောင်း​ကြံ​စည်​သွား​သည်​။​ ​ရဲ​များ​က​ ​ယင်း​ဗီ​ဒီ​ယို​အား​ ​အင်​တာ​နက်​ပေါ်​ ​လွှင့်​တင်​ခဲ့​သူ​များ​ကို​ ​ခြေ​ရာ​ခံ​ ​ရှာ​ဖွေ​ခဲ့​ရာ​ ​အ​သက်​ ​၁၈​ ​နှစ်​စီ​ရှိ​သော​ ​ဒါ​ရန်​ရာ​ဗီ​နှင့်​ ​မို​လီ​ဝီ​အ​မည်​ရှိ​ ​ကျောင်း​သား​ကျောင်း​သူ​ ​နှစ်ဦး​မှာ​ ​လက်​သည်​ဖြစ်​ကြောင်း​ ​တွေ့​ရှိ​ခဲ့​သည်​။​ ​န​ယူး​ဂျာ​စီ​ ဥ​ပ​ဒေ​အ​ရ​ ​တစ်​စုံ​တစ်ဦး​၏​ ​လိင်​ဆက်​ဆံ​နေ​ပုံ​ကို​ဖြစ်​စေ​၊​ ​အ​ဝတ်​မ​ပါ​သော​ ​ပုံ​ကို​ဖြစ်​စေ​ ယင်း​၏​ ​ခွင့်​ပြု​ချက်​မ​ရ​ဘဲ​ ​ဓာတ်​ပုံ​နှင့်​ ​ဗီ​ဒီ​ယို​ ​ရိုက်​ယူ​ပါ​က​ ​ထောင်​ဒဏ်​ ​၅​ ​နှစ်​ထိ​ ​ချ​မှတ်​နိုင်​သည်​။​

​စက်​တင်​ဘာ​ ​၁၉​ ​ရက်​နေ့​က​ ​တံ​တား​ပေါ်​မှ​ ​ခုန်​ချ​ကာ​ ​သေ​ကြောင်း​ကြံ​သွား​သော​ ​တိုင်​လာ​၏​ ​ကြေ​ကွဲ​ဖွယ်​ ​ဖြစ်​ရပ်​ကို​ New​ York​ Post​ ​သ​တင်း​စာ​က​ ​ဖော်​ပြ​ခဲ့​ပြီး​ ​မ​ကြာ​မီ​ပင်​ ​ရဲ​များ​က​ ​တိုင်​လာ​၏​ ​အ​ခန်း​ဖော်​ ​နှစ်ဦး​အား​ ​ဖမ်း​ဆီး​ခဲ့​ခြင်း​ဖြစ်​သည်​။​ ​ယင်း​တို့​သည်​ ​လွန်​ခဲ့​သော​ ​တစ်​လ​ကျော်​က​မှ​ ​တ​က္က​သိုလ်​တွင်​ ​ကျောင်း​စ​တက်​နေ​ခြင်း​ဖြစ်​သည်​။​ ​ယင်း​တို့​သည်​ Web​ Cam​​ တစ်​ခု​ကို​ ​အ​သုံး​ပြု​ကာ​ ​အ​ထက်​တန်း​ကျောင်း​က​တည်း​က​ ​အ​တူ​တက်​ခဲ့​သည့်​ ​သူငယ်​ချင်း​၏​ ​မ​ဖွယ်​မ​ရာ​ ​ဇ​ာတ်​လမ်း​ကို​ ​မှတ်​တမ်း​တင်​ခဲ့​ခြင်း​ဖြစ်​သည်​။​ ထို​ဗီ​ဒီ​ယို​ကို​ ​လူ​ပေါင်း​မည်​မျှ​ ​ကြည့်​ရှု​ခဲ့​ကြောင်း​ ​တိ​တိ​ကျ​ကျ​ ​မ​သိ​ရ​သေး​ဟု​ ​ရဲ​များ​က​ဆို​သည်​။​ ​တိုင်​လာ​သည်​ ​အ​လွန်​ရှက်​ရွံ့​ကြေ​ကွဲ​ပြီး​ ​တံ​တား​ပေါ်​မှ​ ​မ​ခုန်​ချ​မီ​ Facebook​​ တွင်​ ​သေ​တမ်း​စာ​ ​ရေး​သား​သွား​သေး​ကြောင်း​လည်း​ ​သိ​ရှိ​ရ​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here