ဗြိတိန် X Factor ဝင်ရောက်ယှဉ်ပြိုင်သူများအတွက် လိင်ကိစ္စ​စည်းကမ်းချက်သစ် ထုတ်ပြန်

alt

ဗြိ​တိန်​နာ​မည်​ကျော်​​ ​ရုပ်​မြင်​သံ​ကြား​ ​အ​စီ​အ​စဥ်​တစ်​ခု​ဖြစ်​သော​ X​ Factor​တွင်​ ​ဝင်​ရောက်​ယှဥ်​ပြိုင်​သူ​များ​အား​​ ​လိင်​ကိ​စ္စ​တွင်​ ​ရှောင်​ကြည်​ရ​မည်​ဖြစ်​ကြောင်း​ ​စည်း​ကမ်း​သစ်​ ​ထုတ်​ပြန်​လိုက်​သည်​။​

​အ​ကယ်၍​ ​ပြိုင်​ပွဲ​တွင်​ ​ယှဥ်​ပြိုင်​နေ​စဥ်​ ​ပေါင်​စ​တာ​လင်​ ​၃.​၅​ ​သန်း​တန်​ ​နေ​အိမ်​အ​တွင်း​ ​ရောက်​ရှိ​နေ​သူ​သည်​ ​စည်း​ကမ်း​ချက်​ကို​ ​ဖောက်​ဖျက်​ပါ​က​ ​ထုတ်​ပယ်​ခြင်း​ ​ခံ​ရ​မည်​ဟု​ ​အ​တိ​အ​လင်း​ ​ဖော်​ပြ​ထား​သည်​။​ ​ယင်း​ဇိမ်​ခံ​အိမ်​ကြီး​တွင်​ ​၁၂​ ​ပါတ်​တာ​မျှ​ ​နေ​ထိုင်​ခွင့်​ရ​သော​ ​နောက်​ဆုံး​အ​ဆင့်​ ​ယှဥ်​ပြိုင်​သူ​များ​သည်​ ​အိမ်​အ​ပြင်​သို့​ ​ထွက်​သည့်​အ​ခါ​ X​ Factor​ ​အ​စီ​အ​စဥ်​မှ​ တာ​ဝန်​ရှိ​သူ​ ​တစ်ဦးဦး​ ​လိုက်​ပါ​ခြင်း​ ​မ​ရှိ​ဘဲ​ ​ထွက်​ခွင့်​မ​ရ​ဟု​လည်း​ ​တင်း​တင်း​ကြပ်​ကြပ်​ ​စည်း​မျဥ်း​သတ်​မှတ်​ထား​သည်​။​

X​ Factor​ ၏​ ​အ​တွင်း​လူ​ ​တစ်ဦး​က​ ​ပြိုင်​ပွဲ​ဝင်​များ​အား​ ​မည်​သည်​ကို​ ​ခွင့်​ပြု​ပြီး​ ​မည်​သည်​ကို​ ​ခွင့်​မ​ပြု​ကြောင်း​ ​တိ​တိ​ကျ​ကျ​ ​အ​သိ​ပေး​ထား​သည်​ဟု​ ​ပြော​ဆို​သွား​သည်​။​ ၎င်း​က​ ​ပြိုင်​ပွဲ​ဝင်​များ​ ​လိင်​ဆက်​ဆံ​ခွင့်​ ​မ​ရှိ​ဟူ​သော​ ​အ​ချက်​ကို​ ​ထည့်​သွင်း​ထား​သည့်​တိုင်​ ​သတ်​မှတ်​ပေး​ထား​သည့်​ ​အ​ချိန်​ဇ​ယား​အ​ရ​လည်း​ ​ထို​ကိ​စ္စ​အ​တွက်​ ​အာ​ရုံ​ရောက်​နိုင်​ရန်​ ​မ​ရှိ​ကြောင်း​ ​မှတ်​ချက်​ပြု​ခဲ့​သည်​။​ ​ထို့​အ​ပြင်​ ​စည်း​မျဥ်း​ကို​ ​​ဖောက်​ဖျက်​သူ​များ​အား​ ​ထုတ်​ပယ်​ရန်​ ​တာ​ဝန်​ရှိ​သူ​များ​အား​ ​အ​ခွင့်​အ​ရေး​ ​အ​ပြည့်​ပေး​ထား​ကြောင်း​လည်း​ ​ယင်း​က​ ​ဆက်​လက်​ပြော​ကြား​သွား​သည်​။​

​ယ​မန်​နှစ်​ ​ပြိုင်​ပွဲ​အ​တွင်း​ ​ပြိုင်​ပွဲ​ဝင်​များ​သည်​ ​အိမ်​အ​ပြင်​ ​ထွက်​လည်​ကာ​ ​ပ​ရိ​သတ်​များ​နှင့်​ ​တွေ့​ဆုံ​ခြင်း​၊​ ​ကိုယ်​ရေး​ကိုယ်​တာ​ ​ကိ​စ္စ​များ​နှင့်​ ​လုံး​ပမ်း​နေ​ခြင်း​စ​သည်​တို့​ ​ပြု​လုပ်​ခဲ့​ကြောင်း​ The​ Sun​ ​သ​တင်း​စာ​က​ ​ဖော်​ပြ​ခဲ့​သည်​။​ လန်​ဒန်​မြောက်​ပိုင်း​ ​အိမ်​ကြီး​အ​တွင်း​ ​ရောက်​ရှိ​နေ​သူ​များ​ ​အ​နေ​အ​ထိုင်​ ​သ​တိ​ပြု​ကြ​ရ​ပြီး​ ​အိမ်​ကြီး​၏​ ​အ​ဖိုး​တန်​ ​ကြမ်း​ခင်း​များ​ ​မ​ထိ​ခိုက်​စေ​ရန်​ ​မိန်း​က​လေး​များ​မှာ​ ​ဒေါက်​မြင့်​ဖိ​နပ်​ ​စီး​ခွင့်​မ​ရှိ​ဟု​လည်း​ ​သိ​ရှိ​ရ​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here