တိုင်း​စကွဲ​ရင်​ပြင်​တွင်​ ဂစ်​တာ​တစ်​လုံး​ဖြင့်​ ဖျော်​ဖြေ​လေ့​ရှိ​သူ​က​ အ​မေ​ရိ​ကန်​သ​မ္မ​တ​ရွေး​ကောက်​ခံ​ရ​ စီ​စဥ်​နေ​ဟု​ဆို

alt

အ​မေ​ရိ​ကန်​နိုင်ငံ​ န​ယူး​ယောက်​မြို့​လယ်​ရှိ​ တိုင်း​စ​ကွဲ​တွင်​ ​ဂစ်​တာ​တစ်​လုံး​ဖြင့်​ သီ​ချင်း​ဆို​ကာ​ ​က​မ္ဘာ​လှည့်​ ခ​ရီး​သည်​များ​အား​ ​ဆွဲ​ဆောင်​ဖျော်​ဖြေ​လေ့​ရှိ​သည့်​ Naked​ Cowboy​ က​ ၎င်း​သည်​ ​၂၀၁၂​ ရွေး​ကောက်​ပွဲ​တွင်​ သ​မ္မ​တ​အ​ဖြစ်​ အ​ရွေး​ခံ​ရန်​ ​စီ​စဥ်​နေ​ကြောင်း​ ထုတ်​ဖော်​ပြော​ဆို​လိုက်​သည်​။​

အ​တွင်း​ခံ​ ​ဘောင်း​ဘီ​ကို​သာ​ ဝတ်​ဆင်​ပြီး​ ​ကောင်း​ဘွိုင်ဦး​ထုပ်​ တစ်​လုံး​ကို​ဆောင်း​ကာ​ သီ​ချင်း​ဆို​ ​ဖျော်​ဖြေ​ပြီး​ အ​ခ​ကြေး​ငွေ​များ​ ​ရ​ရှိ​နေ​သည့်​ ရော​ဘတ်​ဘ​ရက်​က​ ​အ​မေ​ရိ​ကန်​သည်​ အ​မေ​ရိ​ကန်​အား​ ​ယုံ​ကြည်​သက်​ဝင်သော​ သ​မ္မ​တစ်ဦး​ကို​ ​လို​အပ်​နေ​ပြီဟု​ ပြော​ကြား​ခဲ့​သည်​။​ အ​ဖြူ​ရောင်​ဘောင်း​ဘီ​တို​၊​ အ​ဖြူ​ရောင်​ ​ဖိ​နပ်​ရှည်​တို့​ကို​ ဝတ်​ဆင်​ကာ​ ​အ​ဆို​ရော​၊​ အ​က​ရော​ဖြင့်​ ​ဖျော်​ဖြေ​လေ့​ရှိ​သည့်​ Naked​ Cowboy​ က​ ​အ​မေ​ရိ​ကန်​ နိုင်ငံအ​တွက်​ ​အ​မှန်​တ​ကယ်​ သင့်​တော်​သော​ ​သ​မ္မ​တ​သည်​ အ​မေ​ရိ​ကန်​၏​ ​ဘာ​သာ​စ​ကား​နှင့်​ နယ်​နိ​မိတ်​ကို​ ​ကာ​ကွယ်​သူ​၊​ ထို့​ထက်​ပို​အ​ရေး​ကြီး​သည့်​ အ​ချက်​အ​ဖြစ်​ ​အ​မေ​ရိ​ကန်​၏​ ယဥ်​ကျေး​မှု​ကို​ ​ကာ​ကွယ်​သူ​ ဖြစ်​နေ​ရန်​ ​လို​အပ်​ကြောင်း​ မှတ်​ချက်​ပြု​ခဲ့​သည်​။

​ ဘောင်း​ဘီ​တို​တွင်​ Naked​ Cowboy​ ဆို​သော​ ​စာ​တန်း​ရေး​ထိုး​ထား​လေ့​ရှိ​သည့်​ ဘ​ရက်​သည်​ ​မီ​ဒီ​ယာ​များ​ကို​ ဖိတ်​ကြားကာ​ ​သ​တင်း​စာ​ ရှင်း​လင်း​ပွဲ​တစ်​ခု​ ပြု​လုပ်​ပြီး​ ၎င်း​၏​ နိုင်ငံ​ရေး​နှင့်​ ​စီး​ပွား​ရေး​ မူ​ဝါ​ဒ​များ​အား​ ​ထုတ်​ဖော်​ကြေ​ညာ​ရန်​ ရည်​ရွယ်​ထား​ကြောင်း​လည်း​ သိ​ရ​သည်​။​ ​န​ယူး​ယောက်​ပို့စ်​ သ​တင်း​စာ​က​ Naked​ Cowboy ​သည်​ ၂၀၀၉​ ​ခု​နှစ်​ကလည်း​ န​ယူး​ယောက်​မြို့​တော်​ဝန်​ မိုက်​ကယ်​ဘ​လွမ်း​ဘတ်​နှင့်​ အ​ပြိုင်​အ​ရွေး​ခံရန်​ စီ​စဥ်​ခဲ့​သော်​လည်း​ နောက်​ပိုင်း​တွင်​ မ​မျှ​တ​သော​ ဗျူ​ရို​က​ရက်​ ​ဖိ​စီး​မှု​များ​ ရှိ​နေ​ကြောင်း​ ​ဝေ​ဖန်​ကာ​ ယင်း​ကိ​စ္စ​အား​ ​စွန့်​လွှတ်​ခဲ့​ကြောင်း​ ဖော်​ပြ​ထား​သည်​။​

LEAVE A REPLY

Please enter your comment!
Please enter your name here