Motorola မိုဘိုင်းဖုန်းကုမ္ပဏီအား မူပိုင်ခွင့်အတွက် Microsoft တရားစွဲဆို

alt

Microsoft​ ​ကော်​ပို​ရေး​ရှင်း​က​​ ​နာ​မည်​ကျော်​ ​မို​ဘိုင်း​ဖုန်း​ ​လုပ်ငန်း​ကြီး​ Motorola​ ​ကို​ ​စ​မတ်​ဖုန်း​ကိ​စ္စ​ ​မူ​ပိုင်​ခွင့်​အ​တွက်​ ​တ​ရား​စွဲ​ဆို​လိုက်​ကြောင်း​ ​သိ​ရ​သည်​။​ ​က​မ္ဘာ​ကျော်​ Software​ ​ကု​မ္ပ​ဏီ​ကြီး​က​ Motorola​ ၏​ Google​ ထုတ်​ Android​ OS ​သုံး​ ​ဖုန်း​များ​သည်​ Microsoft ​၏​ ​နည်း​ပညာ​ကို​ ​ခိုး​ယူ​ထည့်​သွင်း​ထား​ကြောင်း

​ ​ပြီး​ခဲ့​သည့်​ ​သီ​တင်း​ပါတ်​က​ ​တ​ရား​ရုံး​သို့​ ဦး​တိုက်​လျှောက်​ထား​ခဲ့​သည်​။

​ ယင်း​နည်း​ပ​ညာ​များ​တွင်​ Email​ စ​နစ်​၊​ ​ပြ​က္ခ​ဒိန်​နှင့်​ ​ဖုန်း​ဆက်​သွယ်​မှု​ ​စာ​ရင်း​များ​ ​ပါဝင်​ကြောင်း​ Microsoft ​၏​ ​ရှေ့​နေ​များ​က​ ​ပြော​ကြား​ခဲ့​သည်​။​ Microsoft​ က​ Motorola​ သည်​ ​မိ​မိ​တို့​ထံ​မှ​ ​ဖုန်း​ဆိုင်​ရာ​ ​နည်း​ပ​ညာ​အ​ချို့​ကို​ ​၂၀၀၃​ ​မှ​ ​၂၀၀၇​ ​အ​ကြား​ ​နည်း​ပ​ညာ​ ​လိုင်​စင်​ယူ​ကာ​ ​သုံး​စွဲ​ခဲ့​သော်​လည်း​ ​နောက်​ပိုင်း​တွင်​ ​လိုင်​စင်​သက်​တမ်း​ ​မ​တိုး​ဘဲ​ ​ဆက်​လက်​အ​သုံး​ပြု​နေ​ကြောင်း​ ​ပြော​ကြား​ခဲ့​သည်​။​

Motorola​ ကု​မ္ပ​ဏီ​ ​ပြော​ရေး​ဆို​ခွင့်​ရ​ ​အ​ရာ​ရှိ​ ​တစ်ဦး​က​မူ​ Microsoft ​၏​ ဥ​ပ​ဒေ​အ​ရ​ ​အ​ရေး​ဆို​မှု​အား​ ​လက်​တ​လော​တွင်​ ​မှတ်​ချက်​မ​ပေး​လို​သေး​ကြောင်း​ ​တုန့်​ပြန်​ခဲ့​သည်​။​ Motorola​ ​သည်​ ​မို​ဘိုင်း​ဖုန်း​ ​ထုတ်​လုပ်​မှု​ ​နယ်​ပယ်​တွင်​ ဦး​ဆောင်​ကု​မ္ပ​ဏီ​ကြီး​ ​တစ်​ခု​ဖြစ်​ကြောင်း​၊​ Microsoft​ ၏​ ​တ​ရား​စွဲ​မှု​အ​တွက်​ ​ခု​ခံ​ကာ​ကွယ်​သွား​မည်​ဖြစ်​ကြောင်း​ ​ကု​မ္ပ​ဏီ​ ​ပြော​ရေး​ဆို​ခွင့်​ရ​ ​အ​မျိုး​သ​မီး​ ​ဂျင်​နီ​ဖာ​ ​အဲရစ်​ဆင်​က​ ​ပြော​ဆို​သွား​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here