ကမ္ဘာ့အမြန်ဆုံး မြန်နှုန်းမြင့်မီးရထား တရုတ်​နိုင်ငံတွင် စတင်​ပြေးဆွဲမည်

alt

က​မ္ဘာ့​အ​မြန်​ဆုံး​​ ​မီး​ရ​ထား​အ​ဖြစ်​ ​သတ်​မှတ်​နိုင်​မည့်​​ ​မြန်​နှုန်း​မြင့်​ ​မီး​ရ​ထား​​ ​တစ်​စင်း​အား​ ​တ​ရုတ်​တွင်​ ​မ​ကြာ​မီ​ ​စ​တင်​ပြေး​ဆွဲ​တော့​မည်​ဖြစ်​သည်​။​ ​တစ်​နာ​ရီ​လျင်​ ​၄၁၆.​၆​ ​ကီ​လို​မီ​တာ​ ​ခ​ရီး​ပေါက်​သော​ ​မီး​ရ​ထား​ကို​ ​ဟန်​ဇူး​နှင့်​ ​ရှန်​ဟိုင်း​ကြား​ ​ခုတ်​မောင်း​ရန်​ ​စီ​စဥ်​ထား​သည်​။​

​စက်​တင်​ဘာ​လ​ကုန်​က​ ​အ​စမ်း​မောင်း​နှင်​မှု​တွင်​ ​ယင်း​ရ​ထား​သည်​ ​ပ​ထ​မ​ဆုံး​သော​ ​တစ်​နာ​ရီ​ ​ကီ​လို​မီ​တာ​ ​၄၀၀​ ​ကျော်​မောင်း​နှင်​နိုင်​သည့်​ ​ရ​ထား​အ​ဖြစ်​ ​စံ​ချိန်​သစ်​ ​တင်​နိုင်​ခဲ့​သော်​လည်း​ ​ပျမ်း​မျှ​ ​တစ်​နာ​ရီ​ ​ကီ​လို​မီ​တာ​ ​၃၅၀​ ​ခန့်​သာ​ ​ပုံ​မှန်​မောင်း​နှင်​ရန်​ ​ရည်​ရွယ်​ထား​သည်​။​

​တ​ရုတ်​ရ​ထား​ပို့​ဆောင်​ရေး​ ​ဝန်​ကြီး​ဌာ​န​ ​ဒု​တိ​ယ​ ​အင်​ဂျင်​နီ​ယာ​ချုပ်​ ​ဇန်​ရှူ​ဂန်း​က​ ​တစ်​နာ​ရီ​ ​ကီ​လို​မီ​တာ​ ​၄၁၆.​၆​ ​ဆို​သော​ ​မြန်​နှုန်း​သည်​ ​တ​ရုတ်​နိုင်ငံ​၏​ ​မြန်​နှုန်း​မြင့်​ ​မီး​ရ​ထား​ ​နည်း​ပ​ညာ​ ​အောင်​မြင်​မှု​ကို​ ​ထင်​ဟပ်​စေ​ကြောင်း​ ​ပြော​ကြား​သွား​သည်​။​ ​ရ​ထား​အား​ ​အောက်​တို​ဘာ​ ​လ​ကုန်​တွင်​ ​ပုံ​မှန်​ပြေး​ဆွဲ​ရန်​ ​ရည်​ရွယ်​ထား​ရာ​ ​အ​ထူး​တန်း​ ​လက်​မှတ်​တစ်​စောင်​လျင်​ ​ယွမ်​ ​၁၀၀​ ​ထိ​ ​ကောက်​ခံ​သွား​ဖွယ်​ ​ရှိ​နေ​ကြောင်း​ ​သိ​ရ​သည်​။​

​တ​ရုတ်​တွင်​ ​မြန်​နှုန်း​မြင့်​ ​မီး​ရ​ထား​လမ်း​အ​ရှည်​ ​စု​စု​ပေါင်း​ ​ကီ​လို​မီ​တာ​ ရ၀၀၀​ ​ကျော်​ရှိ​ရာ​ ​က​မ္ဘာ​ပေါ်​တွင်​ ​အ​ရှည်​ဆုံး​ရှိ​သော​ ​နိုင်ငံ​အ​ဖြစ်​ ​ရပ်​တည်​နေ​သည်​။​ ​ထို့​အ​ပြင်​ ​အ​သစ်​တည်​ဆောက်​ထား​သည့်​ ​ဘူ​တာ​ ​၇​ ​ခု​အ​ပါ​အ​ဝင်​ ​မြန်​နှုန်း​မြင့်​ရ​ထား​ ​ဆို​က်​ကပ်​သည့်​ ​ဘူ​တာ​ ​၇​ ​ခု​ရှိ​ပြီး​ ​ယင်း​တို့​မှာ​ ​ရှန်​ဟိုင်း​နှင့်​ ​ဇီ​ဂျီ​အန်း​တို့​တွင်​ ​တည်​ရှိ​ကြောင်း​ ​သိ​ရှိ​ရ​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here