တိုက်ဂါးဝုဒ်နှင့် အိပ်ရာပေါ်မှ အချစ်ဇာတ်ခင်းနေပုံများကို DVD ထုတ်လုပ်ရေးသို့ ရောင်းစား

alt

တိုက်​ဂါး​ဝုဒ်​နှင့်​​ ​ဇာတ်​ရှုပ်​ခဲ့​ကြောင်း​​ ​လူ​သိ​ရှင်​ကြား​ ​ထုတ်​ဖော်​ပြော​ဆို​ထား​သည့်​ ​ဒီ​ဗွန်​ဂျိမ်း​သည်​ ​သူ​မ​နှင့်​ ​နာ​မည်​ကျော်​ ​ဘီ​လျံ​နာ​ ​ဂေါက်​သီး​ချန်​ပီ​ယံ​တို့​၏​ ​အိပ်​ဆောင်​တွင်း​ ​ဇာတ်​လမ်း​ကို​ ​မှတ်​တမ်း​တင်​ထား​သည်​ဆို​သော​ ​လိင်​မှု​ ​ဗီ​ဒီ​ယို​ကို​ DVD​ ​ထုတ်​လုပ်​ရေး​ ​ကု​မ္ပ​ဏီ​ ​တစ်​ခု​သို့​ ​ရောင်း​စား​လိုက်​သည်​။​

​ဒီ​ဗွန်​၏​ ​လက်​ရှိ​ခင်​ပွန်း​ဖြစ်​သူ​ နစ်​ဂျိမ်း​က​ ​မိ​မိ​တို့​အ​နေ​နှင့်​ DVD​ ​ထုတ်​လုပ်​ရေး​ ​ကု​မ္ပ​ဏီ​ ​တစ်​ခု​နှင့်​ ​သ​ဘော​တူ​ညီ​မှု​ ​ရ​ရှိ​ပြီး​ဖြစ်​ကြောင်း​ Radar​ Online​ ​သ​တင်း​ဌာ​န​သို့​ ​ပြော​ကြား​ခဲ့​သည်​။​ ​ယင်း​သ​ဘော​တူ​ညီ​မှု​အ​ရ​ ​အ​ဆို​ပါ​ ​ဗီ​ဒီ​ယို​ကို​ Online​ ​မှ​တ​ဆင့်​ ​ရောင်း​ချ​မည်​ဖြစ်​ပြီး​ ​အ​မြတ်​ငွေ​ ​ထက်​ဝက်​ကို​ ​ယင်း​တို့​လင်​မ​ယား​ ​ရ​ရှိ​မည်​ဖြစ်​ကြောင်း​လည်း​ ​နစ်​က​ဆို​သည်​။​ ​နစ်​က​ ၎င်း​နှင့်​ ​ဇ​နီး​ဖြစ်​သူ​ ​ဒီ​ဗွန်​တို့​သည်​ ​လော့စ်​အိန်​ဂျယ်​လိစ်​မြို့​သို့​ ​သွား​ရောက်​ကာ​ ​အ​ပြာ​ရုပ်​ရှင်​ ​ထုတ်​လုပ်​ရေး​ ​ကု​မ္ပ​ဏီ​ ​တစ်​ခု​နှင့်​ ​ဆွေး​နွေး​ခဲ့​ကြောင်း​၊​ ​သို့​သော်​လည်း​ ​ယင်း​ကု​မ္ပ​ဏီ​က​ ​ဝုဒ်​၏​ ​ရှေ့​နေ​များ​ကို​ ​ထိတ်​လန့်​သ​ဖြင့်​ ​လက်​မ​ခံ​ဘဲ​ ​ငြင်း​ဆန်​ခဲ့​ကြောင်း​ ​ထုတ်​ဖော်ပြော​ဆို​သွား​သည်​။​

​ခက်​ခက်​ခဲ​ခဲ​ ​ညှိ​နှိုင်း​မှု​တစ်​ခု​ ​ဆောင်​ရွက်​ပြီး​နောက်​ ​အခြား​ကု​မ္ပ​ဏီ​တစ်​ခု​က​ ​အ​ဆို​ပါ​ ​အ​ပြာဗီ​ဒီ​ယို​အ​တွက်​ ​လက်ငင်း​ငွေ​သား​ ​ဒေါ်​လာ​ ​၃၅၀၀၀၀​ ​ပေး​ချေ​ပြီး​ ​အ​မြတ်​ငွေ​ကို​လည်း​ ​ခွဲ​ပေး​ရန်​ ​သ​ဘော​တူ​ညီ​ခဲ့​ကြောင်း​ ​နစ်​က​ ​ပြော​ကြား​သွား​သည်​။​ ​ယင်း​က​ ​အ​ပြာ​ရုပ်​ရှင်​များ​ ​ပြ​သ​သည့်​ ​ဝက်​ဆိုက်​တစ်​ခု​မှ​တ​ဆင့်​ ​ယင်း​ဗီ​ဒီ​ယို​ကို​ ​လာ​မည့်​သီ​တင်း​ပါတ်​ ​အ​နည်းငယ်​အ​တွင်း​ ​လွှင့်​တင်​ရောင်း​ချ​ရန်​ ​စီ​စဥ်​ထား​ကြောင်း​ ​ဆက်​လက်​ပြော​ဆို​ခဲ့​သည်​။​

​ကြို​တင်​မှာ​ယူ​သူ​များ​ ​အ​နေ​နှင့်​ ​နို​ဝင်​ဘာ​ ​၁၅​ ​ရက်​နေ့​တွင်​ ​ယင်း​ဗီ​ဒီ​ယို​ကို​ ​ရ​ရှိ​နိုင်​ပြီး​ ​အ​မှန်​တ​ကယ်​ ​ဝက်​ဆိုက်​တွင်​ ​စ​တင်​ထုတ်​လွှင့်​မည့်​နေ့​အ​ဖြစ်​ ​နို​ဝင်​ဘာ​ ​၂၀​ ​ရက်​နေ့​ကို​ ​ရွေး​ချယ်​ထား​ကြောင်း​လည်း​ ​နစ်​က​ ​ထုတ်​ဖော်​ပြော​ကြား​သွား​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here