နိုင်ငံ၏​ကွန်ပျူတာ​စနစ်အား တိုက်ခိုက်သည့် ဗိုင်းရပ်စ်​များကို တုန့်ပြန်​နိုင်ဟု အီရန် ထောက်လှမ်းရေး​ပြောကြား

alt

အီ​ရန်​ထောက်​လှမ်း​ရေး​ဌာ​န​​ ​အ​ကြီး​အ​ကဲ​က​ ​မိ​မိ​တို့​အ​နေ​နှင့်​​ ​အီ​ရန်​ကွန်​ပျူ​တာ​ ​စ​နစ်​အား​​ ​တိုက်​ခိုက်​လာ​သည့်​​ ​အ​ဖျက်​ဗိုင်း​ရပ်စ်​များ​ကို​​ ​တုန့်​ပြန်​နိုင်​စွမ်း​​ ​အ​ပြည့်​အ​ဝ​ရှိ​ကြောင်း​ ​ပြော​ကြား​သွား​သည်​။​ ​တ​ဟီ​ရန်​ ​အ​ခြေ​စိုက်​ ​အ​စိုး​ရ​၏​ ​နျူ​က​လီး​ယား​ ​လုပ်​ဆောင်​ချက်​များ​အား​ ​ထိုး​ဖောက်​ဖျက်​ဆီး​လာ​သည့်​ ​

ကွန်​ပျူ​တာ​ ​ဗိုင်း​ရပ်စ်​များ​ ​ဝင်​ရောက်​ခဲ့​သော်​လည်း​ ​အ​ပြည့်​အ​ဝ​ ​တား​ဆီး​နိုင်​ခဲ့​ကြောင်း​ ​ဟိုင်​ဒါ​မော့စ်​လာ​ဟီ​က​ဆို​သည်​။

​ ​အ​ချို့​သော​ ​နိုင်ငံ​ခြား​ ​ကျွမ်း​ကျင်​ပ​ညာ​ရှင်​များ​၏​ ​နျူ​က​လီး​ယား​ဆိုင်​ရာ​ ​ထိန်း​ချုပ်​မှု​ ​ကွန်​ပျူ​တာ​စ​နစ်​အ​တွင်း​ ​ထိုး​ဖောက်​ဝင်​ရောက်​မှု​များ​ ​ရှိ​ခဲ့​ကြောင်း​ ​မော့စ်​လာ​ဟီ​က​ ​အ​တည်​ပြု​ခဲ့​သော်​လည်း​ ​မည်​သည့်​နိုင်ငံ​က​ ​တိုက်​ခိုက်​သည်​ကို​ ​ဖော်​ထုတ်​ပြော​ဆို​ခြင်း​ ​မ​ရှိ​ချေ​။​ ​ပြီး​ခဲ့​သည့်​ ​လ​ပိုင်း​က​ Stuxnet​ ​အ​မည်​ရှိ​ ​ကွန်​ပျူ​တာ​ ​ကုဒ်​တစ်​မျိုး​ဖြင့်​ ​တိုက်​ခိုက်​မှု​ကို​ ​အိ​န္ဒိ​ယ​၊​ ​အင်​ဒို​နီး​ရှား​နှင့်​ ​အ​မေ​ရိ​ကန်​ရှိ​ ​စက်​မှု​လုပ်ငန်း​များ​ ​ခံ​စား​ခဲ့​ရ​သေး​သည်​။​ ​

ယင်း​အ​ဖျက်​ကုဒ်​သည်​ ​စက်​တင်​ဘာ​လ​က​ ​အီ​ရန်​သို့​ ​ပျံ့​နှံ့​ခဲ့​ပြီး​ ​အီ​ရန်​၏​ ​ပ​ထ​မ​ဆုံး​ ​နျူ​က​လီး​ယား​ ​စက်​ရုံ​မှ​ ​လုပ်​သား​များ​၏​ ​ကွန်​ပျူ​တာ​များ​ထဲ​ထိ​ ​ရောက်​ရှိ​ခဲ့​သည်​။​ ​မော့စ်​လာ​ဟီ​က​ ​ယင်း​သည်​ ​နိုင်ငံ​ခြား​ ​ပ​ညာ​ရှင်​များ​၏​ ​လက်​ချက်​ဟု​ ​ပြော​ကြား​ခဲ့​သော်​လည်း​ ​ယ​ခင်​က​ကဲ့​သို့​ ​အ​မေ​ရိ​ကန်​နှင့်​ ​အ​နောက်​အုပ်​စု​ကို​ ​တိုက်​ရိုက်​စွပ်​စွဲ​ခြင်း​မျိုး​ ​မ​ပြု​လုပ်​သွား​ပေ​။​ ၎င်း​က​ ​အ​ဖျက်​ဗိုင်း​ရပ်စ်​​ကြောင့်​ ​ဘူ​ရှာ​ဟာ​ ​နျူ​က​လီး​ယား​ ​စက်​ရုံ​မှ​ ​အ​လုပ်​သ​မား​များ​၏​ ​ကွန်​ပျူ​တာ​များ​ ​ထိ​ခိုက်​ခဲ့​သော်​လည်း​ နျူ​က​လီး​ယား​ ​စက်​ရုံ​၏​ ​ပင်​မ​လည်​ပတ်​မှု​ ​စ​နစ်​ကို​ ​အ​ပြည့်​အ​၀​ ​ကာ​ကွယ်​ထား​နိုင်​ကြောင်း​ ၎င်း​က​ ​ဆက်​လက်​ပြော​ကြား​သွား​ခဲ့​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here