ရီဟာနာအား လက်ထပ်​ခွင့်​တောင်းရန် ဘေ့စ်ဘော​ကစားသမား​စီစဉ်

alt

ရီဟာနာ၏ ချစ်သူက နာမည်ကျော် R&B ဂီတစတား အဆိုတော်မလေးအား လက်ထပ်ခွင့်တောင်းရန် အဆင်သင့် ဖြစ်နေပြီဟု သိရသည်။ Rude Boy​ အဆိုတော် ရီဟာနာသည် ဘေ့စ်ဘောကစားသမား မတ်ကမ့်နှင့် ယခုနှစ် အစောပိုင်းကတည်းက တွဲနေခြင်းဖြစ်ပြီး

ကမ့်၏ မိတ်ဆွေများက ကမ့်သည် ရီဟာနာအား အလွန်တန်ဖိုးထားသောကြောင့် လက်ထပ်ခွင့်အတွက် ကမ်းလှမ်းသွားရန် စီစဥ်နေကြောင်း ပြောကြားခဲ့သည်။

US​ မဂ္ဂဇင်းနှင့် အင်တာဗျူးတွင် ကမ့်၏မိတ်ဆွေအချို့က ယင်းတို့နှစ်ဦး၏ အချစ်ရေးသည် ချောမွေ့အဆင်ပြေနေကြောင်း၊ အကယ်၍ လက်ထပ်ရန် ရီဟာနာက လက်ခံခဲ့သည့်တိုင် စေ့စပ်ထားသည့် အချိန်မှာ ကြာနေဖွယ် ရှိသေးကြောင်း၊ နှစ်ဦးလုံးသည် မိမိတို့ သက်ဆိုင်ရာ အလုပ်အတွက် အာရုံစိုက်နေရကြောင်း ပြောကြားခဲ့သည်။ ရီဟာနာ၏ သူငယ်ချင်း တစ်ဦးက အသက် ၂၆ နှစ်ရှိ ကမ့်သည် ရီဟာနာအတွက် အကောင်းဆုံး လက်တွဲဖော် ဖြစ်လာနိုင်ကြောင်း ထောက်ခံပြောကြားခဲ့သည်။

အသက် ၂၂ နှစ်ရှိ ရီဟာနာသည် ချစ်သူဟောင်း အဆိုတော် ခရစ်ဘရောင်းနှင့် လမ်းခွဲခဲ့ရသည့် စိတ်ပျက်ဖွယ် အတွေ့အကြုံများကို ကမ့်ကြောင့် ချေဖျက်ပစ်နိုင်ခဲ့ကြောင်း ပြောဆိုသွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here