ပ​ထွေး​ဖြစ်​သူ​​၏​ ​မု​ဒိမ်း​ကျင့်​ခံ​ရ​ခြင်းကို​ ​​ဗီ​ဒီ​ယို​ရိုက်​ကာ​ ​မှတ်​တမ်း​တင်​ထားသ​ည့်​ ၁၂​ နှစ်​အ​ရွယ်​မိန်း​က​လေး

alt

အ​သက်​ ​၁၂​ ​နှစ်​အ​ရွယ်​ ​မိန်း​က​လေး​တစ်ဦး​သည်​ ​သူ​မ​၏​ ​ပ​ထွေး​ဖြစ်​သူ​က​ ​မ​ကြာ​ခ​ဏ​ ​မု​ဒိမ်း​ကျင့်​ကြံ​နေ​ခြင်း​များ​အား​ ​ဗီ​ဒီ​ယို​ဖြင့်​ ​မှတ်​တမ်း​တင်​ ​ရိုက်​ကူး​ထား​ခဲ့​ကြောင်း​ ​သိ​ရသည်​။​ ​ဂျာ​မ​နီ​နိုင်ငံ​ ​ရိုင်း​-ဝက်​စ​ဖေး​လီး​ယား​ ​မြောက်​ပိုင်း​တွင်​ ​နေ​ထိုင်​သော​ ​မိန်း​က​လေး​၏​ ​မှတ်​တမ်း​ဗီ​ဒီ​ယို​များ​သည်​ ​

ပ​ထွေး​ဖြစ်​သူ​အား​ ​က​လေး​သူငယ်​ ​မု​ဒိမ်း​ကျင့်​မှု​ဖြင့်​ စွဲ​ချက်​တင်​သည့်​အ​ခါ​ ​ငြင်း​မ​ရ​သော​ ​သက်​သေ​အ​ထောက်​အ​ထား​ ​ဖြစ်​လာ​စေ​ခဲ့​သည်​။​

​သူ​မ​သည်​ ​အ​ခန်း​ထဲ​တွင်​ ​ကင်​မ​ရာ​အား​ ​လျှို့​ဝှက်​စွာ​ ​တက်​ဆင်​ထား​ခြင်း​ဖြစ်​ကြောင်း​ Cologne’s​ Express​ ​သ​တင်း​စာ​က​ ​ဖော်​ပြ​ခဲ့​သည်​။​ ​ဂျော်​ဂျီ​ရော့​ဟု​သာ​ ​အ​မည်​ဖော်​ပြ​သော​ ​တ​ရား​ခံ​သည်​ ​အ​သက်​ ​၇၀​ ​အ​ရွယ်​ ​ရှိ​နေ​ပြီး​ ​စွဲ​ချက်​ကို​ ​ငြင်း​ဆန်​နေ​စဥ်​ ​ယ​ခု​လို​ ​မှတ်​တမ်း​ဗီ​ဒီ​ယို​များ​ ​ထွက်​ပေါ်​လာ​ခြင်း​ဟု​ ​သ​တင်း​စာ​က​ဆို​သည်​။​ မိန်း​က​လေး​သည်​ ​လ​ွန်​ခဲ့​သော​ ​နှစ်​အ​နည်းငယ်​အ​တွင်း​ ​ပ​ထွေး​ဖြစ်​သူ​၏​ ​မုဒိမ်း​ကျင့်​မှု​ ​အ​နည်း​ဆုံး​ ​၁၇​ ​ကြိမ်​မျှ​ ​ခံ​ခဲ့​ရ​ကြောင်း​ ​ရဲ​များ​အား​ ​ပြော​ကြား​ခဲ့​သည်​။​ ​တ​ရား​ခံ​က​မူ​ ​ထို​ကိ​စ္စ​ကို​ ​သူ​မ​သိ​ကြောင်း​ ​ကျိန်​တွယ်​ပြော​ဆို​ခဲ့​ပြီး​ ​မိန်း​က​လေး​သည်​ ၎င်း​သောက်​မည့်​ ​အ​ရက်​ထဲ​တွင်​ ​တ​စုံ​တ​ရာ​ ​ထည့်​ကာ​ ​သွေး​ဆောင်​ခဲ့​ခြင်း​ ​ဖြစ်​နိုင်​ကြောင်း​ ​ပြန်​လ​ည်​စွပ်​စွဲ​ထား​သည်​။​ ​

၂၀၀၆​ ​ခု​နှစ်​မှ​ ​၂၀၁၀​ ​မေ​လ​ထိ​ ​ကာ​လ​အ​တွင်း​ ​ပ​ထွေး​ဖြစ်​သူ​သည်​ ​မိန်း​က​လေး​အား​ ​အ​နည်း​ဆုံး​ ​၁၇​ ​ကြိမ်​မျှ​ ​လိင်​မှု​အ​ကြမ်း​ဖက်​ခဲ့​ကြောင်း​ ​အ​စိုး​ရ​ ​ရှေ့​နေ​များ​က​ ​စွပ်​စွဲ​ထား​သည်​။​ ​မိန်း​က​လေး​သည်​ ​ရိုက်​ကူး​ထား​သည့်​ ​ရုပ်​ရှင်​မှ​ ​ပုံ​များ​ကို​ ​ဓာတ်​ပုံ​ထုတ်​ပြီး​ ​ကျောင်း​ဆ​ရာ​မ​အား​ ​ပြ​သ​ခဲ့​ရာ​ ​ဆ​ရာ​မ​က​ ​ရဲ​များ​ကို​ ​တိုင်​ကြား​ခဲ့​သ​ဖြင့်​ ​ပ​ထွေး​ဖြစ်​သူ​ ​အ​ဖမ်း​ခံ​ရ​ခြင်း​ဖြစ်​သည်​။​ ​တ​ရား​ရုံး​သည်​ ​နောက်​တစ်​ကြိမ်​ ​ရုံး​ချိန်း​ကို​ ​အောက်​တို​ဘာ​ ​၈​ ​ရက်​နေ့​ထိ​ ​ရွှေ့​ဆိုင်း​ထား​ကြောင်း​ ​သိ​ရှိ​ရ​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here