သားဖြစ်သူကို ကင်ဆာ ရောဂါသည် အဖြစ် ဟန်ဆောင်ကာ ထောက်ပံ့ကြေး ရယူခဲ့​သူ​ ​အ​ဖမ်း​ခံ​ရ

alt

အမေရိကန်နိုင်ငံ၊ ဒက်ထရွိုက်တွင် နေထိုင်သည့် အမျိုးသမီး တစ်ဦးအား သားဖြစ်သူကို ကင်ဆာ ရောဂါသည် အဖြစ် ဟန်ဆောင်ကာ ထောက်ပံ့ ကြေး ရယူရန် လိမ်လည်မှုဖြင့် စွဲချက် တင်ထား လိုက်ကြောင်း သိရသည်။

သူမသည် ၁၂ နှစ်အရွယ် သားငယ်ကို ကင်ဆာရောဂါသည်ပုံ ဖြစ်စေရန် ဆံပင်များ ရိတ်ခဲ့ပြီး ဒေါ်လာ ထောင်နှင့်ချီ ရယူခဲ့သည်။ အသက် ၄၇ နှစ်ရှိ ကာရိုလင်းရှူပေ့သည် လက်ရှိတွင် ဒေါ်လာ တစ်သိန်းတန် အာမခံဖြင့် ပြန်လွတ်​နေသည်။ မက်ကွမ်းခရိုင် အစိုးရ​​ရှေ့နေ အဲရစ်စမစ်က ကာရိုလင်းသည် သားဖြစ်သူအား တစ်ပါတ်တစ်ကြိမ် ခေါင်းရိတ်​ပေးကာ ကင်ဆာ​ရောဂါသည်ယောင် ဆောင်စေခဲ့ကြောင်း ပြောကြား​သွားသည်။

ဆေးရုံက ကလေးတွင် ကင်ဆာ​မရှိကြောင်း အတည်ပြုခဲ့သော်လည်း ကာရိုလင်းသည် ထောက်ပံ့ရေး ရံပုံငွေများကို ဆက်လက်​ရယူနေခဲ့သည်။ သူမသည် သားဖြစ်သူတွင် သွေးကင်ဆာ ဖြစ်နေကြောင်း လိမ်လည်ကာ လူမှုရေး အဖွဲ့များထံမှ ရံပုံငွေကို ဆက်လက်​ရယူနေခြင်းဖြစ်သည်။ သူမသည် ဘုရားကျောင်း အဖွဲ့အစည်း တစ်ခုထံမှ ပထမဆုံး ဒေါ်လာ ရ၅၀၀ ရရှိစဥ်က သားဖြစ်သူအား Xbox ဗီဒီယိုဂိမ်းစက် ဝယ်ပေး​ခဲ့ကြောင်း ဝန်ခံ​သွားသည်။

ရှေ့နေစမစ်က လူအများ၏ ဂရုဏာစိတ်ဖြင့် ထောက်ပံ့လှူဒါန်းမှုမှာ နောက်ဆုံးတွင် ဂိမ်းစက်သာ ဖြစ်သွားစေခဲ့ကြောင်း တရားသူကြီးအား လျှောက်ထားခဲ့သည်။ ကာရိုလင်းသည် အနည်းဆုံး လိမ်လည်မှု နှစ်မှုအတွက် စွဲချက်တင်ခံထားရပြီး ပြစ်မှုထင်ရှားပါက ထောင်ဒဏ် ၅ နှစ်ထိ ကျခံရဖွယ် ရှိနေကြောင်းလည်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here