ငှားရမ်းထားသည့် ပန်ဒါဝက်ဝံသေဆုံးသည့်အတွက် တရုတ်အား ဂျပန်က လျော်ကြေးပေးရ

alt

ငှားထားသည့် ပန်ဒါဝက်ဝံ သေဆုံးသွားခြင်းကြောင့် ဂျပန်က တရုတ်နိုင်ငံအား ဒေါ်လာငါးသိန်း လျော်ကြေးပေးခဲ့ရကြောင်း သိရသည်။ အသက် ၁၄ နှစ်သား ပန်ဒါ​ ဝက်ဝံကြီး လုံလုံအား ဂျပန်ရှိ ကိုဘေးအိုဂျီ ဥယျာဥ်အတွင်း ပြသရန် တရုတ်က ခေတ္တငှားထားခြင်းဖြစ်သည်။

ဂျပန်တွင် ဇင်ဇင်ဟုခေါ်သော ဝက်ဝံကြီးသည် အသက်ရှူလမ်းကြောင်းတွင် ရောဂါဖြစ်ကာ စက်တင်ဘာ ၉ ရက်နေ့က သေဆုံးသွားသည်။ ဇင်ဇင် သေဆုံးသွားပြီးနောက် စစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ မျိုးစပ်ရန်အတွက် ပန်ဒါဝက်ဝံကြီး၏ သုက်ပိုးကို ရယူသော Operation တစ်ခုအတွင်း အဆုတ်တွင် ထိခိုက်မှု တစ်ခုဖြစ်ခဲ့ခြင်းကြောင့်ဟု ဖော်ထုတ်နိင်ခဲ့သည်။

ဂျပန်မီဒီယာများက ကိုဘေးအိုဂျီ တိရစ္ဆာန်ရုံ အုပ်ချုပ်ရေးအဖွဲ့က လျော်ကြေးကို ပေးဆောင်ရန် သဘောတူညီခဲ့ကြောင်း ဖော်ပြခဲ့သည်။ တရုတ်နိုင်ငံသည် ၁၀ နှစ်ကြာ အငှားစာချုပ် တစ်ရပ်ဖြင့် ဂျင်ဇူနှင့် ရှောင်ရှောင်အမည်ရှိ ပန်ဒါစုံတွဲအား ဂျပန်နိုင်ငံသို့ ၂၀၀၀ ပြည့်နှစ် ဇူလိုင်လက ပေးပို့ခဲ့သည်။ သို့သော်လည်း ဂျင်ဇူသည် မျိုးပွားမှုတွင် အခက်အခဲ ရှိနေသောကြောင့် လုံလုံနှင့် လွန်ခဲ့သည့် ၂ နှစ်က ပြန်လည်လဲလှယ်ထားခြင်းဖြစ်သည်။

ရှောင်ရှောင်နှင့် လုံလုံတို့သည် ယခုနှစ် ဇူလိုင်လတွင် တရုတ်ပြည် ပြန်ရမည် ဖြစ်သော်လည်း သဘောတူညီမှုကို နောက်ထပ် ၅ နှစ် တိုးမြှင့်လိုက်ပြီးနောက် ဂျပန်တွင် ဆက်ရှိနေခြင်းဟု သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here