ရှာ​ကီ​ရာ​၏​ ​သီ​ချင်း​အယ်​ဘမ်​သစ်​ကို​ ​အောက်​တို​ဘာ​ ​၁၉​ ​ရက်​နေ့​တွင်​ ​ထုတ်​ဝေမည်

alt

ရှာ​ကီ​ရာ​၏​ ​သီ​ချင်း​အယ်​ဘမ်​သစ်​တွင်​ ​ပါ​ဝင်သော​ ​ဆွဲ​ဆောင်​မှု​ရှိ​သည့်​ ​ပုံ​ရိပ်​များ​ ​ထွက်​ပေါ်​လာ​သည်​။​ Loca​ ​အ​မည်​ရှိ​ ​သီ​ချင်း​ဗီ​ဒီ​ယို​တွင်​ ​ပါ​ဝင်​သော​ ​အ​သက်​ ​၃၃​ ​နှစ်​အ​ရွယ်​ ​ကို​လံ​ဘီ​ယာ​ ​အ​ဆို​တော်​သည်​ ​ရွှေ​ရောင်​ဘောင်း​ဘီ​ရှည်​နှင့်​ ​ရွှေ​ရောင်​ ​ဘီ​က​နီ​ဆန်​ဆန်​ ​အ​ပေါ်​ပိုင်း​ ​ဝတ်​စံ​တို့​နှင့်​ ​အ​လွန်​လှ​ပ​နေ​ကြောင်း​ ​သူ​မ​၏​ ​ပ​ရိ​သတ်​များ​က​ ​ချီး​ကျူး​ခဲ့​သည်​။​

Waka​ Waka​ စ​တား​ ​လက်​တင်​အ​ဆို​တော်​သည်​ ​ယင်း​ဗီ​ဒီ​ယို​တွင်​ ​ဗြိ​တိန်​ Rap​ အ​ဆို​တော်​ ​ဒစ်​ဇီ​ရက်စ်​ဆယ်​နှင့်​တွဲ​ပြီး​ ​သ​ရုပ်​ဆောင်​ထား​သည်​။​ The​ Sun​ Comes​ Out​ အ​မည်​ရှိ​ ​အယ်​ဘမ်​ကို​ ​အောက်​တို​ဘာ​ ​၁၉​ ​ရက်​နေ့​တွင်​ ​ထုတ်​ဝေ​ရန်​ ​စီ​စဥ်​ထား​ရာ​ ​အ​ဆို​ပါ​ Loca​ သီ​ချင်း​သည်​ ​အောင်​မြင်​မှု​ ​အ​ရှိ​ဆုံး​ ​ဖြစ်​လာ​နိုင်​သည်​။​ ​သူ​မ​သည်​ ​ထို​သီ​ချင်း​အ​တွက်​ ​ဗီ​ဒီ​ယို​ကို​ ဩ​ဂုတ်​လ​အ​တွင်း​က​ ​စ​ပိန်​သို့​ ​သွား​ရောက်​ရိုက်​ကူး​ခဲ့​ခြင်း​ဖြစ်​သည်​။

​ ​သူ​မ​၏​ ​ဗီ​ဒီ​ယို​ ​ရိုက်​ကူး​မှု​ကို​ ​ရပ်​တံ့​ကြည့်​ရှု​သူ​များ​ကြောင့်​ ​ယာဥ်​ကြော​ပိတ်​ဆို့​မှု​များ​ ​ဖြစ်​ခဲ့​ရာ​ ​ဘာ​စီ​လို​နာ​မြို့​ ​အုပ်​ချုပ်​ရေး​အ​ဖွဲ့​က​ ​ရှာ​ကီ​ရာ​အား​ ​ဒဏ်​ငွေ​ရိုက်​ရန်​ပင်​ ​စီ​စဥ်​ခဲ့​သေး​ကြောင်း​ ​သိ​ရ​သည်​။​ ​သူ​မ​သည်​ ​အ​ဆို​ပါ​ဗီ​ဒီ​ယို​အား​ ​လမ်း​မ​ကြီး​တစ်​ခု​တွင်​ ​မော်​တော်​ဆိုင်​ကယ်​စီး​ရင်း​ ​ဆံ​ပင်​များ​ ​လွင့်​နေ​ပုံ​ဖြစ်​အောင်​ ​ရိုက်​ကူး​ထား​သေး​ကြောင်း​ ​သ​တင်း​ရရှိ​သည်​။​

LEAVE A REPLY

Please enter your comment!
Please enter your name here