ဆော်​ဒီ​နိုင်ငံ​ ​ရဲ​တပ်​ဖွဲ့​က​ နတ်​ဝှက်​ထား​သော​ ​မိန်း​က​လေး​တစ်ဦး​အား​ ​ရှာ​ဖွေ​နေ

alt

နတ်​ဝှက်​ထား​သော​ ​မိန်း​က​လေး​တစ်ဦး​အား​ ​ဆော်​ဒီ​နိုင်ငံ​ ​ရဲ​တပ်​ဖွဲ့​က​ ​ရှာ​ဖွေ​နေ​ကြောင်း​ ​သိ​ရ​သည်​။​ ​အ​သက်​ ​၁၆​ ​နှစ်​အ​ရွယ်​ ​မိန်း​က​လေး​တစ်ဦး​သည်​ ​နိုင်ငံ​အ​လယ်​ပိုင်း​ရှိ​ ​အယ်​ခါ​ရက်​မှ​ ​လွန်​ခဲ့​သော​ ​လ​အ​တွင်း​ ​ပျောက်​ဆုံး​သွား​သော်​လည်း​ ​နောက်​ပိုင်း​တွင်​ ​ရီ​ဟတ်​မြို့​တော်​တွင်​ ​ရှာ​ဖွေ​တွေ့​ရှိ​ခဲ့​သည်​။​

​သို့​သော်​လည်း​ ​သူ​မ​သည်​ ​စက်​တင်​ဘာ​ ​လ​ကုန်​က​ ​ထူး​ထူး​ဆန်း​ဆန်း​ ​ပျောက်​ကွယ်​သွား​ပြန်​ရာ​ ရဲ​တပ်​ဖွဲ့​သည်​ ​ပြည်​သူ့​ကာ​ကွယ်​ရေး​ ​လေ​ယာဥ်​တစ်​စင်း​ကို​ပါ​ ​အ​သုံး​ပြု​ပြီး​ ​သူ​မ​အား​ ​လိုက်​လံ​ရှာ​ဖွေ​နေ​သည်​။​ မိန်း​က​လေး​၏​ ​ဖ​ခင်​မှာ​ ​မွတ်​ဆ​လင်​ ​ရိုး​ရာ​အ​ရ​ ​ယုံ​ကြည်​သည့်​ ဂျင်း​ခေါ်​ ​လူ​သား​များ​အ​ပေါ်​ ​လွှမ်း​မိုး​နိုင်​သည့်​ ​နတ်​တစ်​ပါး​က​ ၎င်း​၏​သ​မီး​အား​ ​ဝှက်​ထား​ခြင်း​ဟု​ ​ယုံ​ကြည်​နေ​သည်​။​ ၎င်း​က​ ​ဂျင်း​သည်​ ​သ​မီး​ဖြစ်​သူ​အား​ ​နား​အ​နီး​ကပ်​ကာ​ ​သွေး​ဆောင်​ပြော​ဆို​ပြီး​ ​ခေါ်​ယူ​သွား​ခြင်း​ဟု​ ​ပြော​ဆို​ခဲ့​သည်​။​ ​သ​တင်း​စာတစ်​စောင်​က​မူ​ ​မွတ်​ဆ​လင်​ ​ဘာ​သာ​ရေး​ ​ဆ​ရာ​များ​က​ ​ဂျင်း​သည်​ ​မြေ​က​မ္ဘာ​ပေါ်​တွင်​မူ​ ​လူ​သား​များ​အား​ ​ခေါ်​ယူ​သွေး​ဆောင်​နိုင်​ခြင်း​ ​မ​ရှိ​ဟု​ဆို​ကာ​ ​ဖ​ခင်​ဖြစ်​သူ​၏​ ယုံ​ကြည်​မှု​အား​ ​ငြင်း​ဆန်​ထား​သည်​။​

​ဘာ​သာ​ရေး​ ​ဆ​ရာ​တစ်ဦး​ဖြစ်​သူ​ ​ရှိတ်​အာ​မက်​အယ်​အာ​ဆာ​ရီ​က​ ​မိန်း​က​လေး​သည်​ ​စိတ်​ဝေ​ဒ​နာ​သည်​ ​တစ်ဦး​ဖြစ်​ပြီး​ ​လျှောက်​သွား​နေ​ခြင်း​သာ​ ​ဖြစ်​မည်​ဟု​ ​ပြော​ကြား​ထား​သည်​။​ သ​တင်း​စာ​များ​က​ ​မိန်း​က​လေး​အား​ ​နောက်​ဆုံး​တွေ့​လိုက်​ရ​ချိန်​တွင်​ ​အ​ဖြူ​ရောင်​ ​ရှပ်​အ​င်္ကျီ​ကို​ ​ဝတ်​ထား​ပြီး​ ​အ​နောက်​ဖက်​သို့​ ဦး​တည်​သွား​သည်​ဟု​ ​ယူ​ဆ​ရ​ကြောင်း​ သိ​ရ​သည်​။​ ​မိန်း​က​လေး​၏​ ​မိ​ခင်​နှင့်​ ​အစ်​မ​တို့​သည်​ ​သူ​မ​အား​ ​အ​ခန်း​ထဲ​တွင်​ ​သော့​ခတ်​ထား​ပြီး​ ​သူ​မ​က​ ​သော့​တောင်း​သည့်​အ​ခါ​ ​သော့​အ​တု​ကို​သာ​ ​လိမ်​ပြီး​ပေး​ကာ​ ​အိပ်​ရာ​ဝင်ခဲ့​ကြောင်း​ ​နောက်​တစ်​နေ့​ ​နံ​နက်​လင်း​ချိန်​တွင်​ ​မိန်း​က​လေး​သည်​ ​သော့​ပိတ်​ထား​သော​ ​အ​ခန်း​တွင်း​မှ​ ​ထူး​ထူးဆန်း​ဆန်း​ ​ပျောက်​ကွယ်​သွား​ကြောင်း​ ​သ​တင်း​များ​က​ ​ဖော်​ပြ​ထား​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here