လက်ရှိကြုံတွေ့နေရသည့် အခြေအနေများအား ​ဝိန်းရူနီ ကာကွယ်ပြောကြား

alt

မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူး ဝိန်းရူနီက လက်ရှိ ကြံုနေသော စိတ်ပျက်စရာ ကိစ္စများနှင့် ပတ်သက်ပြီး မိမိသည် အမှား မကင်းသော လူသား တစ်ဦးသာဖြစ်ကြောင်း ပြောကြား လိုက်သည်။

ကိုယ်ဝန်ဆောင် နေသည့် ဇနီးသည် ကွယ်ရာတွင် ပြည့်တန်ဆာ တစ်ဦးနှင့် ပျော်ပါးခဲ့သော ကိစ္စအား ဗြိတိန် မီဒီယာများက မီးမောင်းထိုး ဖော်ပြနေမှုနှင့် ပတ်သက်ပြီး အင်္ဂ​လန်​ လက်ရွေးစင် ဘောလုံး စတားက ယင်းလုပ်ရပ်များသည် မိမိအား ထိခိုက်မှု ကြီးကြီးမားမား ဖြစ်စေခဲ့ကြောင်း Sky​ သတင်းဌာနနှင့် အင်တာဗျူးတွင် ပြောကြား သွားခဲ့သည်။ ရူနီသည် လူမှုရေး အရှုပ်အထွေးများကြောင့် ကွင်းတွင်း စွမ်းဆောင်မှုများ ကျဆင်း လာခဲ့ရာ ယူနိုက်တက်၏ နောက်ပိုင်း ပွဲစဥ်များတွင် ပါဝင်ခွင့်ပင် ဆုံးရှုံးလာခဲ့သည်။

မိမိသည် ဘောလုံးသမားတစ်ဦးသာဖြစ်ကြောင်း၊ ကွင်းပြင်ပ ကိစ္စများကို အလွန်အကြူး ဇာချဲ့ဖော်ပြသည့် မီဒီယာများကို စိတ်ပျက်ကြောင်း ရူနီကဆိုသည်။ ထို့အပြင် ၎င်းက လက်ရှိကြံုနေရသော ဖိအားများကို ကျော်လွန်ကာ ၎င်း၏ အကောင်းဆုံး စွမ်းဆောင်ရည်ကို ပြန်လည် ရရှိမည်ဟု မျှော်လင့်ကြောင်းလည်း ရူနီက ပြောကြားသွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here