နှစ်​ပေါင်း​ ​၃၆​ ​သန်း​ကျော်​က​ ပင်​ဂွင်းငှက်​ကြီး​များ​၏​ ​ပုံ​သဏ္ဍန်​ကို​ ​ဖော်​ပြ​နိုင်​ပြီ

alt

သိ​ပ္ပံ​ပ​ညာ​ရှင်​များ​က​ ​လွန်​ခဲ့​သော ​နှစ်​ပေါင်း​ ​၃၆​ ​သန်း​ကျော်​က​ ​က​မ္ဘာ​ပေါ်​တွင်​ ​ရှင်​သန်​နေ​ထိုင်​ခဲ့​သည့်​ ပင်​ဂွင်းငှက်​ကြီး​များ​၏​ ​ပုံ​သဏ္ဍန်​ကို​ ​ဖော်​ပြ​လိုက်​သည်​။​ Water​ King​ ​ဟု​ ​အ​မည်​ပေး​ထား​သော​ ​ပင်​ဂွင်း​ကြီး​များ​၏​ ​ရုပ်​ကြွင်း​အ​ပိုင်း​အ​စ​များကို​ ​ပီ​ရူး​နိုင်ငံ​တွင်​ ​ကျောက်​ဖြစ်​ရုပ်​ကြွင်း​ ​ရှာ​ဖွေ​သူ​များ​က​ ​တွေ့​ရှိ​ခဲ့​ခြင်း​ဖြစ်​သည်​။​

အ​နီ​ရောင်​ရှိ​ခဲ့​သော​ ​ယင်း​ရေ​ရော​ကုန်း​ပါ​ ​ကျက်​စား​သည့်​ ​သ​တ္တ​ဝါ​ကြီး​များ​သည်​ ​အ​မြင့်​ ​၅​ ​ပေ​ထိ​ ​ရှိ​ခဲ့​မည်​ဖြစ်​ရာ​ ​ယ​နေ့​ခေတ်​ ​ပင်​ဂွင်း​များ​ထက်​ ​နှစ်​ဆ​ကျော်​ ​ကြီး​မား​ကြောင်း​ ​သိ​ရ​သည်​။​ ​ပါ​ရာ​ကက်​ ​ရုပ်​ကြွင်း​တူး​ဖော်​ရေး​ ​နေ​ရာ​တွင်​ ​တွေ့​ရှိ​ခဲ့​သော​ ​ရု​ပ်​ကြွင်း​များ​ကို​ Pedro​ဟု​ ​အ​မည်​ပြောင်​ ​ပေး​ထား​သည်​။​ ​ပူ​နွေး​သော​ ​ပင်​လယ်​တွင်​ ​နေ​ထိုင်​သော​ ​သ​တ္တ​ဝါ​များ​တွင်​ ငါး​များ​ကို​ ​ဖမ်းယူ​ရန်​အ​တွက်​ ​အ​ရှည်​ ​၇​ ​လက်​မ​ရှိ​သော ​နှုတ်​သီး​ကြီး​များ​လည်း​ ​ပါ​ရှိ​ကြောင်း​ ​အ​မေ​ရိ​ကန်​နိုင်ငံ​ ​မြောက်​ပိုင်း​ကာ​ရို​လိုင်း​နား​ ​တ​က္က​သိုလ်​မှ​ ​ဒေါက်​တာ​ ​ဒန်​ကာ​ဆက်​ပါ​က​ ​ပြော​ကြားသွား​သည်​။​ ​မိ​မိ​တို့​သည်​ ​နှုတ်​သီး​တွင်​ ​ဆက်​စပ်​နေ​သော​ ငှက်​မွေး​ပုံ​ ​အ​ရာ​ဝ​တ္ထု​ ​အ​ချို့​ကို​လည်း​ ရ​ရှိ​ခဲ့​ကြောင်း​ ​ဒေါက်​တာ​ဒန်​ကာ​က​ဆို​သည်​။​

ငှက်​မွေး​များ​မှာ​မူ​ ​ယ​နေ့​ခေတ်​ ​ပင်​ဂွင်း​များ​၏​ ​အ​မွေး​ထက်​ ​ထူး​ထူး​ခြား​ခြား​ ကြီး​မား​နေ​ခြင်း​ ​မ​ရှိ​ကြေင်း​လည်း​ ​သိ​ရ​သည်​။​ ​အ​ဓိ​က​ ​ကွာ​ခြား​ချက်​မှာ​ ​ယ​နေ့​ခေတ်​ ​ပင်​ဂွင်း​များ​သည်​ ​အ​ဖြူ​နှင့်​ ​အ​နက်​ရောင်​ ​စပ်​ကြား​အ​ဖြစ်​ ​တွေ့​ရ​သော်​လည်း​ Water​ King​​ များ​၏​ ​ခ​န္ဓာ​ကိုယ်​မှာ​ ​အ​ဓိ​က​အား​ဖြင့်​ ​အ​နီ​ရောင်​ ​ဖုံး​လွှမ်း​နေ​ကြောင်း​လည်း​ ​ဒေါက်​တာ​ဒန်​ကာ​က​ ​ဆက်​လက်​ပြော​ဆို​သွား​သည်​။​ ယ​နေ့​ခေတ်​ ​ပင်​ဂွင်း​မျိုး​စိတ်​များ​အ​နက်​ ​အ​ကြီး​ဆုံး​မှာ​ ​အင်​ပါ​ယာ​ ​ပင်​ဂွင်း​များ​ ​ဖြစ်​ကြ​ပြီး​ ​အ​ရပ်​ ​၄​ ​ပေ​ထိ​ ​မြင့်​တတ်​ကြောင်း​ ​သိ​ရှိ​ရ​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here