အ​မျိုး​သ​မီး​ ​၁၀၀၀​ ​ကျော်​အကြမ်း​ဖက်​ ​မု​ဒိမ်း​မှု​များ​ ​ပြ​လုပ်​ခဲ့​ကြောင်း​ ​ဂျာ​မ​နီ​အ​မျိုး​သားဝန်​ခံ​ပြော​ကြား

alt

ဂျာ​မ​နီ​နိုင်ငံ​မှ​ ​အ​မျိုး​သား​တစ်ဦး​က​ ၎င်း​သည်​ ​အ​မျိုး​သ​မီး​ ​၁၀၀၀​ ​ကျော်​တို့​အား​ ​အ​ကြမ်း​ဖက်​ခြင်း​၊​ ​မု​ဒိမ်း​ကျင့်​ခြင်း​များ​ ​ပြု​လုပ်​ခဲ့​ကြောင်း​ ​ဝန်​ခံ​ပြော​ကြား​ခဲ့​သည်​။​ ၂၂​ ​နှစ်​တာ​ ​ကာ​လ​အ​တွင်း​ ​ဟော​လီး​ဝုဒ်​ဇာတ်​ကား​ The​ Silence​ of​ the​ lambs​ ​ထဲ​မှ​ ​ပုံ​စံ​မျိုး​ ​ရာ​ဇ​ဝတ်​မှု​များ​ကို​ ​ကျူး​လွန်​ခဲ့​မိ​သည်​ဟု​ ​ဂျော့​ပီ​က​ ​တ​ရား​ရုံး​တွင်​ ​ဖြောင့်​ချက်​ပေး​ခဲ့​သည်​။​ ​

အ​သက်​ ​၄၆​ ​နှစ်​ရှိ​ ​ဂျော့​သည်​ ​အ​မျိုး​သ​မီး​များ​အား​ ​နှိမ့်​ချ​ဆက်​ဆံ​လို​သော​ ​စိတ်​ဝေ​ဒ​နာ​မျိုး​ ​ရှိ​နေ​သူ​ဖြစ်​ပြီး​ ​ဇာတ်​ကား​အ​တွင်း​မှ​ ​နည်း​လမ်း​များ​ဖြင့်​ ​အ​မျိုး​သ​မီး​များ​ကို​ သ​နား​စ​ဖွယ်​ ​ပုံ​စံ​မျိုး​ ငါး​စာ​ချ​ ​ဖြား​ယောင်း​လေ့​ရှိ​ကြောင်း​ ​သိ​ရ​သည်​။​ ​အန်​သို​နီ​ဟော့​ကင်း​၏​ ​ဇာတ်​ကား​တွင်​ လူ​သတ်​သ​မား​ ​ဂျိမ်း​ဂမ်း​သည်​ ​လက်​မောင်း​ကျိုး​နေ​သူ​ ​တစ်ဦး​သ​ဖွယ်​ ​ဟန်​ဆောင်​ပြီး​ ​သား​ကောင်​၏​ ​ဂ​ရု​ဏာ​သက်​မှု​ကို​ ​ရ​ယူ​ကာ​ ​ထောင်​ချောက်​ဆင်​ ​ချဥ်း​ကပ်​လေ့​ရှိ​သည်​။​ ​အယ်​တန်​ဟာ​တွင်​ ​နေ​ထိုင်​သော​ ​ဂျော့​သည်​ ​ဟော်​လန်​၊​ ​ဂျာ​မ​နီ​၊​ ​ဘယ်​ဂျီ​ယမ်​နှင့်​ ​လူ​ဇင်​ဘတ်​တို့​တွင်​ ​အ​နည်း​ဆုံး​ ​မု​ဒိမ်း​မှု​ ​၂၀​ ​မျှ​ ​ကျူး​လွန်​ခဲ့​ပြီး​ ​အ​မျိုး​သ​မီး​ ​၁၀၀၀​ ​ကျော်​တို့​အား​ ​အကြမ်း​ဖက်​ခဲ့​ကြောင်း​ ​သိ​ရ​သည်​။

​ ​ဂျော့​သည်​ ​အိမ်​သာ​အ​သုံး​ပြု​ချင်​သ​ဖြင့်​ ​တံ​ခါး​ခေါက်​သည့်​ ​ပုံ​စံ​မျိုး​ဖြင့်​ ​အိမ်​သာ​အ​တွင်း​မှ​ ​သား​ကောင်​အား​ ​ချုပ်​နှောင်​ရန်​ ​ကြိုး​ပမ်း​သည့်​ ​န​ည်း​လမ်း​ကို​လည်း​ ​အ​သုံး​ချ​ခဲ့​ကြောင်း​ ​ဝန်​ခံ​သွား​သည်​။​ ၎င်း​၏​ ​ပစ်​မှတ်​ဖြစ်​ခဲ့​ရှာ​သူ​များ​ထံ​မှ​ DNA ​စစ်​ဆေး​မှု​များ​ကို​ ​ရ​ယူ​ပြီး​နောက်​ ​ဂျော့​သည်​ ​ရာ​ဇ​ဝတ်​မှု​များ​ ​ကျူး​လွန်​ခဲ့​ကြောင်း​ ​အ​တည်​ပြု​နိုင်​ခဲ့​သည်​။​ ၎င်း​အား​ ​အောက်​တို​ဘာ​လအ​တွင်း​ ​ပြစ်​ဒဏ်​ချ​မှတ်​မည်​ဖြစ်​ပြီး​ အ​မြင့်​ဆုံး​ ​ထောင်​ဒဏ်​ ​၁၅​ ​နှစ်​ထိ​ ​စီ​ရင်​ချက်​ ​ချ​မှတ်​နိုင်​မည်​ဟု​ ​သိ​ရှိ​ရ​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here