ပုန်ကုန်သူများအား အောင်မြင်စွာ နှိမ်နင်း နိုင်ပြီဟု အီကွေဒေါ သမ္မတ ကြေညာ

alt

အီကွေဒေါ သမ္မတ ရာဖေးကော်ရီရာက နိုင်ငံ အစိုးရသည် ပုန်ကန်သူများအား အောင်မြင်စွာ နှိမ်နင်း နှိပ်ကွပ် လိုက်နိုင်ပြီ ဖြစ်ကြောင်း အောက်တိုဘာ ၂ ရက်နေ့က ကြေညာ လိုက်သည်။ ရဲနှင့် စစ်တပ်၏ အခွင့်အရေးများကို လျှော့ပေါ့ရန် ဆုံးဖြတ် ခဲ့ခြင်းကြောင့်

ရဲများ၏ တိုက်ခိုက်ရန် ပြုရန် ကြိုးပမ်းမှုနှင့် တွေ့ကြံုခဲ့ရသည့် သမ္မတက ရဲအချို့သည် ၎င်းအား ဆေးရုံ တစ်ခုအတွင်း စက်တင်ဘာ ၃၀ ရက်နေ့က ပိတ်ထားပြီး သတ်ရန်ပင် ကြိုးပမ်းခဲ့ကြောင်း စွပ်စွဲ သွားသည်။

၎င်းအား အစိုးရကို သစ္စာစောင့်သိသည့် စစ်တပ်က လက်နက် အင်အားသုံး ကယ်ထုတ်ခဲ့ရခြင်း ဖြစ်သည်။ ကော်ရီရာက ပြည်သူလူထုအနေနှင့် အစိုးရအပေါ် သစ္စာရှိသည့် ရဲများကိုမူ ဆက်လက်ယုံကြည် အားကိုးရန် တိုက်တွန်းခဲ့သည်။ သမ္မတကို ထောက်ခံသူများနှင့် ရဲများကြား အဓိကရုဏ်းကြောင့် ကွီတိုမြို့တော်တွင် လူ ၈ ဦးေ ဆသုံးကာ ၂၇၄ ဦး ဒဏ်ရာများ ရရှိခဲ့သည်။ ယခုအခါ အခြေအနေ အားလုံးကို နိုင်နင်းစွာ ထိန်းချုပ်နိုင်ပြီဖြစ်သလို ရဲတပ်ဖွဲ့ အကြီးအကဲ ၃ ဦးကိုလည်း ဖမ်းဆီးထားလိုက်ကြောင်း ကော်ရီရာကဆိုသည်။ ယင်းသည် အစိုးရနှင့် ပြည်သူတို့၏ အောင်ပွဲပင် ဖြစ်ကြောင်း ကော်ရီရာ ကြွေးကြော်ခဲ့သည်။

သမ္မတအား ဆန့်ကျင်မှုသည် အီကွေဒေါရှိ ဒေသကြီး ၂၄ ခုအနက် အနည်းဆုံး ၅ ခုတွင် အင်နှင့်အားနှင့် ပျံ့နှံ့ဖြစ်ပေါ်ခဲ့သည်။ ယခုဖြစ်စဥ်ကြောင့် အမျိုးသား ရဲတပ်ဖွဲ့ အကြီးအကဲ ရဲချုပ်ဖရက်ဒီ မာတီနက်လည်း ရာထူးမှ နှုတ်ထွက်သွားကြောင်း သိရသည်။ အီကွေဒေါ အစိုးရသည် စက်တင်ဘာ ၃၀ ရက်နေ့က ထုတ်ပြန်ထားသည့် အရေးပေါ် အခြေအနေကို ပြန်လည်ရုတ်သိမ်းရန် စီစဥ်နေသည်ဟုလည်း သတင်းများက ဖော်ပြသွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here