​၂​လ​အ​တွင်း​​ ရင်​သား​ကို​ ​တင်း​ရင်း​ကြွ​ရွ​လာ​စေ​မည့်​ Rodial​ ​လိမ်း​ဆေး​

alt

အမျိုး​သ​မီး​များ​၏​ ​ရင်​သား​ကို​ ​တင်း​ရင်း​ကြွ​ရွ​လာ​စေ​မည့်​ Rodial​ ​လိမ်း​ဆေး​က​ လ​ပိုင်း​အ​တွင်း​ ​သိ​သာ​သော​ ​အ​ကျိုး​သက်​ရောက်​မှု​ကို​ ​ရ​ရှိ​စေ​မည်​ဟု​ ​က​တိ​ပြု​ ​ကြေ​ညာ​လိုက်​သည်​။​ Tube​ ​အ​သေး​စား​လေး​အ​ဖြစ်​ ​ရောင်း​ချ​သော​ ​အ​ဆို​ပါ​ ​လိမ်း​ဆေး​က​ ​၅၆​ ​ရက်​အ​တွင်း​ လက်​ခုပ်​တစ်​ဝက်​စာ​မျှ​ ​ပ​မာ​ဏ​ထိ​ ​ရင်​သား​ဖွံ့​ဖြိုး​မှု​ကို​ ​ရ​ရှိ​စေ​မည်​ဟု​ ​အာ​မ​ခံ​ထား​သည်​။​ ​

၁၀၀​ ​မီ​လီ​လီ​တာ​ Tube​​ အ​တွက်​ ​၁၂၅​ ​ပေါင်​ ​ကျ​သင့်​သော​ Rodial​ ​လိမ်း​ဆေး​၏​ ​အ​မာ​ခံ​ ​ပရိ​သတ်​များ​အ​နက်​ ​စ​ကား​လက်​ ​ဂျို​ဟန်​ဆင်​၊​ ​ဗစ်​တိုး​ရီး​ယား​ဘက်​ခမ်းနှင့်​ ​ကယ်​လီ​ဘ​ရွတ်​တို့​ကဲ့​သို့​ ​ရင်​သား​ထွား​ထွား​ Celebrity​ များ​လည်း​ ​ပါ​ဝင်နေ​သည်​။​ Rodical​ က​ ​အ​မျိုး​သ​မီး​များ​အ​နေ​နှင့်​ ​နေ့​စဥ်​နေ့​တိုင်း​ ​အ​ဆို​ပါ​ ​လိမ်း​ဆေး Gel​ ကို​ ​ရင်​သား​တွင်​ ​ပွတ်​လိမ်း​ပေး​ပါ​က​ ​၂​ ​လ​မ​ပြည့်​မီ​ ​အ​ချိန်​အ​တွင်း​ ​ကျေ​နပ်​နှစ်​သိမ့်​စ​ရာ​ ​အ​လှ​အ​ပ​ကို​ ​ရ​ရှိ​မည်​ဟု​ ​ကြွေး​ကြော်​ထား​သည်​။​ Boob​ Job ​ဟု​လည်း​ခေါ်​သည့်​ ​အ​ဆို​ပါ​လိမ်း​ဆေး​ Gel​​ သည်​ ​ရင်​သား​အ​တွင်း​ရှိ​ ​အ​ဆီ​ဆဲလ်​များ​ကို​ ​တိုး​ပွား​အောင်​ ​လှုံ့​ဆော်​ပေး​ပြီး​ ​သ​ဘာ​ဝ​နှင့်​ ​နီး​စပ်​သော​ ​ဓာ​တု​ဓာတ်​ပေါင်း​များ​ကို​ ​အ​သုံး​ချထား​သည်​။​ ​ေ​ဈး​ကွက်​တုန့်​ပြန်​မှု​အ​ရ​ ​ရင်​သား​ပြား​ပြား​ ​အ​မျိုး​သ​မီး​ ​ထောင်​ပေါင်း​များ​စွာ​တို့​သည်​ ​ထို​ဆေး​အ​ပေါ်​ ​ကျေ​နပ်​နှစ်​သက်​မှု​ရှိ​ကြောင်း​ ​သိ​ရ​သည်​။​ Rodial​ ၏​ ​ပြော​ရေး​ဆို​ခွင့်​ရ​ ​အ​ရာ​ရှိ​ ​အ​မျိုး​သ​မီး​ တစ်ဦး​က​ ​မိ​မိ​တို့​အ​နေ​နှင့်​ Boob​ Job ​အ​တွက်​ ​အ​လွန်​ဂုဏ်​ယူ​မိ​ကြောင်း​ ​ပြော​ကြား​သွား​သည်​။​ ​ယ​ခင်​က​ ​အ​လား​တူ​ ​ဆေး​ဝါး​မျိုး​ ​ေ​ဈး​ကွက်​အ​တွင်း​ ​ရှိ​ခဲ့​သော်​လည်း​ ​ထင်​ထင်​ရှား​ရှား​ ​သက်​ရောက်​မှု​ ​မ​ရှိ​ဟု​ ​သူ​မ​က​ဆို​သည်​။

​ လန်​ဒန်​ဆေး​ခန်း​ရှိ​ ​ပ​လပ်​စ​တစ်​ ​ဆာ​ဂျ​ရီ​ဆိုင်​ရာ​ ​အ​ကြံ​ပေး​ ​တစ်ဦး​ဖြစ်​သည့်​ ​ဒါ​လီ​ယာ​နီးလ်​က​မူ​ ​အ​မျိုး​သ​မီး​များ​၏​ ​ရင်​သား​အ​ရွယ်​အ​စား​အ​တွက်​ ​ပြင်​ပ​လိမ်း​ဆေး​ ​တစ်​ခု​၏​ ​သက်​ရောက်​မှု​အ​ပေါ်​ ​အ​ယုံ​အ​ကြည်​ ​နည်း​ပါး​ကြောင်း​ ​ပြော​ကြား​ခဲ့​သ​လို​ Rodial​​ က​ ​ထို​ဆေး​အ​တွင်း​ ​သုံး​စွဲ​ထား​သည့်​ ​ပ​စ္စည်း​များ​နှင့်​ ​ပတ်​သက်​ပြီး​လည်း​ ​မေး​ခွန်း​ထုတ်​ထား​သည်​။​ သူ​မ​က​ ​ရင်​သား​သေးငယ်​သော​ ​အ​မျိုး​သ​မီး​များ​မှာ​ ​သိမ်ငယ်​ပြီး​ ​ယုံ​ကြည်​စိတ်​ ​လျော့​နည်း​နေ​တတ်​ကြောင်း​၊​ ​ထို​သို့​သော​ ​အ​နေ​အ​ထား​တွင်​ ​နည်း​လမ်း​မျိုး​စုံ​ကို​ ​အား​ကိုး​ချင်​လာ​တတ်​ပြီး​ ​ယင်း​အ​တွက်​ ​လုံ​ခြံု​စိတ်​ချ​ရ​သော​ ​အာ​မ​ခံ​ချက်​မျိုး​ ​ပေး​နိုင်​ရန်​လို​ကြောင်း​ ​သုံး​သပ်​ပြော​ဆို​သွား​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here