ဂျက်​စ​တင်​ဘီ​ဘာ​​ ​ပ​ရိ​သတ်​များအ​တွက်​ ​ပုံ​တူ​ရုပ်​များ​ ​ရောင်း​ချ​မည်

alt

က​မ္ဘာ့​ဆယ်​ကျော်​သက်​ ​မိန်း​က​လေး​တို့​၏​ ​ဂျက်​စ​တင်​ဘီ​ဘာ​အ​ပေါ်​ ​ရူး​သွပ်​မှု​အား​ ​ဇာတ်​ရှိန်​မြှင့်​ပေး​မည့်​ ​ဖန်​တီး​မှု​တစ်​ခု​ ​ထွက်​ပေါ်​လာ​သည်​။​ ​အ​သက်​ ​၁၆​ ​နှစ်​အ​ရွယ်​ Pop​ ဂီ​တ​စ​တား​ ​အ​ဆို​တော်​လေး​၏​ ​ပုံ​တူ​ရုပ်​က​လေး​များ​အား​ ​ရောင်း​ချ​ရန်​ ​စီ​စဥ်​ထား​ကြောင်း​ ​သိ​ရ​သည်​။​

​၁၇.​၉၉​ ​ဒေါ်​လာ​နှင့်​ ​၂၉.​၉၉​ ​ဒေါ်​လာ​ကြား​ ​ေ​ဈး​နှုန်း​သတ်​မှတ်​ထား​သည့်​ ​အ​ရုပ်​က​လေး​များ​အား​ Bravadi​ and​ The​ Bridge​ Direct​ ​ကု​မ္ပ​ဏီ​က​ ​ရောင်း​ချ​သွား​မည်​ဖြစ်​သည်​။​ ​ဒီ​ဇင်​ဘာ​ ​၄​ ​ရက်​နေ့​တွင်​ ​စ​တင်​ရောင်း​ချ​မည့်​ ​အ​ဆို​ပါ​ ​အ​ရုပ်​က​လေး​များ​မှာ​ ​ခ​ရ​စ္စ​မတ်​ ​ကာ​လ​၏​ ​လူ​ကြိုက်​အ​များ​ဆုံး​ ​လက်​ဆောင်​ဖြစ်​လာ​ရန်​လည်း​ ​ရေ​ပန်း​စား​လျက်​ရှိ​သည်​။​ ​အ​သေး​စား​ ​သား​ရေ​ဂျက်​ကက်​လေး​ ​ဝတ်​ဆင်​ထား​သော​ ​ဘီ​ဘာ​အ​ရုပ်​လေး​တစ်​ခု​ ​ပိုင်​ဆိုင်​ထား​ခြင်း​သည်​ Baby​ စ​တား​ ​အ​ဆို​တော်​လေး​အား​ ​ချစ်​ခင်​နှစ်​သက်​သော​ ​ပ​ရိ​သတ်​အ​တွက်​ ​ကျေ​နပ်​စ​ရာ​ ​ဖြစ်​စေ​မည်​ဟု​ ​ကု​မ္ပ​ဏီ​က​ဆို​သည်​။​

ယ​ခု​အ​ရုပ်​လေး​များ​ ​ရောင်း​ချ​ခွင့်​အ​တွက်​ ​ဘီ​ဘာ​နှင့်​ ​ကု​မ္ပ​ဏီ​ကြား​ ​မည်​သို့​သော​ ​စာ​ချုပ်​ဖြင့်​ ​တန်​ဖိုး​သတ်​မှတ်​ ​သ​ဘော​တူ​ထား​သည်​ကို​ ​မ​သိ​ရ​သေး​ချေ​။​ ​ဘီ​ဘာ​၏​ ​ဘ​ဝ​ဇာတ်​လမ်း​ကို​ ​ရိုက်​ကူး​ထား​သော​ Bieber’​ World​ အ​မည်​ရှိ​ ​အ​ထု​ပ္ပ​တ္တိ​ ​ရုပ်​ရှင်​ဇာတ်​ကား​မှာ​ ​၂၀၁၂​ ​ခု​နှစ်​၊​ ​ဖေ​ဖော်​ဝါ​ရီ​လ​တွင်​ ​ရုံ​တင်​မည်​ဖြစ်​ကြောင်း​ ​သ​တင်း​ရ​ရှိ​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here