အ​ချစ်​ရေး​တွင်​ ​ရှံုး​နိမ့်​သည့်​ ​ခံ​စား​ချက်​အ​တွက်​ ​အ​မှန်​ကန်​ဆုံး ​အ​ခေါ်​အ​ဝေါ်​ ​သု​တေ​သီ​များ​ပြော​ကြား

alt

အ​ချစ်​ရေး​တွင်​ ​ရှုံး​နိမ့်​သည့်​ ​ခံ​စား​ချက်​တွင်​ ​အ​သည်း​ကွဲ​သည်​ဟု​ ​သုံး​နှုံး​ခြင်း​က​ ​အ​မှန်​ကန်​ဆုံး​ ​ဖော်​ညွှန်း​ချက်​တစ်​ခု​ ​မ​ဟုတ်​ချေ​။​ ​အ​ချစ်​ရှုံး​သော​ ​ခံ​စား​ချက်​မျိုး​ ​ပြင်း​ထန်​လာ​ချိန်​တွင်​ ​အ​မှန်​တ​ကယ်​ ​ဖြစ်​တတ်​သည်​မှာ​ ​နှ​လုံး​ရပ်​သွား​ခြင်း​သာ​ဖြစ်​ကြောင်း​ ​သု​တေ​သီ​များ​က​ ​ပြော​ကြား​ခဲ့​သည်​။​

​ပ​ညာ​ရှင်​များ​က​ ​အ​ချစ်​ရေး​တွင်​ ​ရှုံး​နိမ့်​ခြင်း​ကဲ့​သို့​ ​အ​လွန်​စိတ်​ပိုင်း​ဆိုင်​ရာ​ ​ထိ​ခိုက်​နာ​ကျင်​စေ​သော​ ​အ​ခြေ​အ​နေ​မျိုး​တွင်​ ဦး​နှောက်​သည်​ ​အ​ချို့​သော​ ​အ​စိတ်​အ​ပိုင်း​များ​သာ​ ​အ​လုပ်​လုပ်​နိုင်​တော့​ပြီး​ ​စိတ်​ရော​ကိုယ်​ပါ​ ​နာ​ကျင်​နွမ်း​လျ​မှု​ ​ဖြစ်​ပေါ်​စေ​ကြောင်း​ ​ရှာ​ဖွေ​တွေ့​ရှိ​ခဲ့​သည်​။​ ​ယင်း​သက်​ရောက်​မှုက​ ​အာ​ရုံ​ကြော​ ​စ​နစ်​တစ်​ခု​လုံး​က​ ​အ​ချစ်​ရှံုး​သ​မား​အား​ ​မ​အိပ်​နိုင်​ ​မ​စား​နိုင်​ဖြစ်​အောင်​ ​လှုံ့​ဆော်​ပေး​သည်​။​ ​နယ်​သာ​လန်​ရှိ​ ​အမ်​စ​တာ​ဒမ်​ ​တ​က္က​သိုလ်​နှင့်​ ​လီ​ဒန်​တ​က္က​သိုလ်​တို့​မှ​ ​သု​တေ​သီ​များ​က​ ​ထို​အ​ခြေ​အ​နေ​တွင်​ ​နှ​လုံး​၏​ ​ပုံ​မှန်​လှုပ်​ရှား​နေ​မှု​သည်​ ​နှေး​ကွေး​သွား​ပြီး​ ​တ​ခါ​တ​ရံ​ ​ရပ်​တန့်သည်​အ​ထိ​ ​ဖြစ်​သွား​ကြောင်း​ ​ရှင်း​ပြ​ခဲ့​သည်​။

​ ​အ​ချစ်​ကိစ္စ​တွင်​ ​အ​ပယ်​ခံ​ ​ဖြစ်​သွားသည့်​ ​စိတ်​ခံ​စား​ချက်​ကြောင့်​ ​လူ​၏​ ​ခ​န္ဓာ​ဗေ​ဒ​အ​ပေါ်​ ​မည်​သို့​သက်​ရောက်​မှု​ ​ရှိ​နေ​သည်​ကို​ ​ပ​ညာ​ရှင်​များ​က​ ​သု​တေ​သ​န​ ​ပြု​ခဲ့​ခြင်း​ဖြစ်​သည်​။​ ​စမ်း​သပ်​ချက်​အ​တွင်း​ အ​မျိုး​သား​ ​တစ်ဦး​အ​နေ​နှင့်​ ​အ​မျိုး​သ​မီး​ ​တစ်ဦး​ကို​ ​ဓာတ်​ပုံ​ပေး​ပို့​ပြီး​ ​ထို​အ​မျိုး​သ​မီး​က​ ​ငြင်း​ဆန်​ခဲ့​သည့်အ​ခါ​ ​နှ​လုံး​ခုန်​နှုန်း​ ​နှေး​ကွေး​သွား​ကြောင်း​ ​သု​တေ​သီ​များ​က​ဆို​သည်​။​

​အ​မှန်​တ​ကယ်​ ​နင့်​နင့်​နဲ​နဲ​ ​ခံ​စား​ရ​မည့်​ ​ငြင်း​ဆန်​မှု​မျိုး​ ​ကြံု​ရ​သည့်​အ​ခါ​ နှ​လုံး​ခုန်​မှု​သည်​ ​အ​ချိန်​ပိုင်း​မျှ​ ​ရပ်​တံ့​သွား​သည်​အ​ထိ​ ​သက်​ရောက်​မှု​ရှိ​မည်​ဟု​ ​ဆို​သည်​။​ ယင်း​လေ့​လာ​ ​တွေ့​ရှိ​မှု​ ​အ​သေး​စိတ်​ကို​ ​စိတ်​ပ​ညာ​သိ​ပ္ပံ​ဌာ​န​မှ​ ​ထုတ်​ဝေ​သ​ည့်​ ​ဆေး​ပ​ညာ​ဂျာ​နယ်​တွင်​ ​ဖော်​ပြ​ထား​ကြောင်း​ ​သိ​ရှိ​ရ​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here