ဘက်​ကင်​ဟမ်​နန်း​တော်​အ​နီး​နှင့်​ ​အ​ခြား​နာ​မည်​ကျော်​နေ​ရာ​များ​အ​နီး​ ​ဗြိ​တိန်​ရဲ​တပ်​ဖွဲ့​ ​လုံ​ခြံု​ရေး​တိုး​မြှင့်

alt

ဗြိ​တိန်​ရဲ​တပ်​ဖွဲ့​သည်​ ​ဘက်​ကင်​ဟမ်​ နန်း​တော်​အ​နီး​နှင့်​ ​အ​ခြား​သော​ ​နာ​မည်​ကျော်​ ​အ​ဆောက်​အ​အုံ​ ​နေ​ရာ​များ​အ​နီး​ ​လုံ​ခြံု​ရေး​ကို​ ​တိုး​မြှင့်​ထား​လိုက်​ကြောင်း​ ​သိ​ရ​သည်​။​ ​စက်​တင်​ဘာ​ (​၂၉)​ ရက်​နေ့​ ​လုံ​ခြံု​ရေး​ ​တိုး​မြှင့်​မှု​သည်​ ​အ​ကြမ်း​ဖက်​သ​မား​များ​က​ ဥ​ရော​ပ​ ​နိုင်ငံ​များ​တွင်​ ​အ​ကြမ်း​ဖက်​ ​တိုက်​ခိုက်​မှု​များ​ ​ပြု​လုပ်​လာ​နိုင်​ကြောင်း​ ​သ​တင်း​များ​နှင့်​ ​ဆက်​နွယ်​နေ​သည်​။​

​၂၀၀၈​ ​ခု​နှစ်​ ​နှောင်း​ပိုင်း​က​ ​အိ​န္ဒိ​ယ​နိုင်ငံ​၊​ ​မွမ်​ဘိုင်း​မြို့​တော်​တွင်​ ​စစ်​သွေး​ကြွ​ ​အ​ကြမ်း​ဖက်​သ​မား​များ​က​ ​လက်​နက်ငယ်​များ​ဖြင့်​ ​ကွန်​မန်​ဒို​ဆန်​ဆန်​ ​စီး​နင်း​တိုက်​ခိုက်​မှု​မျိုး​ ​ပြု​လုပ်​လာ​နိုင်​ကြောင်း​ ဥ​ရော​ပ​ ​ထောက်​လှမ်း​ရေး​ ​အေ​ဂျင်​စီ​များ​က​ ​ဝန်​ခံ​ပြော​ဆို​ထား​သည်​။​ ​ယ​ခု​သီ​တင်း​ပါတ်​ ​အ​စော​ပိုင်း​က​လည်း​ ​ပြင်​သစ်​နိုင်ငံ​၊​ ​ပဲ​ရစ်​မြို့​တော်​ရှိ​ ​အီ​ဖယ်​မျှော်​စင်​တွင်​ ​ဗုံး​ထောင်​ထား​ကြောင်း​ ​သ​တင်း​များ​ ​ထွက်​ပေါ်​ခဲ့​သေး​သ​ဖြင့်​ ​ပြင်​သစ်​ရဲ​တပ်​ဖွဲ့​သည်​ ​အ​နီး​အ​နား​ရှိ​ ​မြို့​ခံ​များ​ကို​ ​ရွှေ့​ပြောင်း​ပေး​ခဲ့​ရ​သေး​သည်​။​ ​မျက်​မြင်​များ​က​ ​ဘက်​ကင်​ဂမ်​ ​နန်း​တော်​အ​ပြင်​ ​တာ​ဖယ်​ဂါ​ရင်​ပြင်​နှင့်​ ​ဘစ်​ဘန်း​နာ​ရီ​စင်​တို့​တွင်​ ​လုံ​ခြံု​ရေး​များ​ ​ထူ​ထူ​ထပ်​ထပ်​ ​ချ​ထား​ကြောင်း​ ​ပြော​ကြား​ခဲ့​သည်​။​

​အာ​ဖ​ဂန်​န​စ္စ​တန်​ ​အ​ခြေ​စိုက်​ ​စစ်​သွေး​ကြွ​များ​သည်​ ​ဗြိ​တိန်​၊​ ​ပြင်​သစ်​နှင့်​ ​ဂျာ​မ​နီ​တို့​ကို​ ​အ​ကြမ်း​ဖက်​ ​တိုက်​ခိုက်​လာ​နိုင်​သည့်​ ​အ​ထောက်​အ​ထား​များ​ကို​ ​ရ​ရှိ​ခဲ့​ကြောင်း​ ​ပါ​က​စ္စ​တန်​နှင့်​ ​အာ​ဖ​ဂန်​န​စ္စ​တန်​ ​နယ်​စပ်​အ​နီး​ ​စစ်​သွေး​ကြွ​ ​စ​ခန်း​များ​ကို​ ​ဒုံး​ကျည်​နှင့်​ ​တိုက်​ခိုက်​နေ​သည့်​ ​အ​မေ​ရိ​ကန်​ ​စစ်​ဖက်​က​က​ဆို​သည်​။​ ​ဗြိ​တိန်​အ​စိုး​ရ​ ​တာ​ဝန်​ရှိ​သူ​ ​တစ်ဦး​က​ အ​ကြမ်း​ဖက်​သ​မား​များ​၏​ ​စီ​မံ​ကိန်း​သည်​ ​ကြောက်​စ​ရာ​ ​အ​နေ​အ​ထား​မျိုး​ထိ​ ​ရှိ​မ​လာ​သေး​ကြောင်း​ AP​သ​တင်း​ဌာ​န​သို့​ ​ပြော​ကြား​ခဲ့​သော်​လည်း​ ​နိုင်ငံ​တွင်း​ ​လုံ​ခြံု​ရေး​ ​အ​ခြေ​အ​နေ​ကို​ ​တင်း​ကြပ်​လာ​ခြင်း​ဖြစ်​သည်​။​

​အ​မေ​ရိ​ကန်​ ​နိုင်ငံ​ခြား​ရေး​ဝန်​ကြီး​ ​ဟီ​လာ​ရီ​က​လင်​တန်​က​ ​မိ​မိ​တို့​အ​နေ​နှင့်​ အ​ကြမ်း​ဖက်​တိုက်​ဖျက်​ရေး​ကိ​စ္စ​တွင်​ ​ ဥ​ရော​ပ​ ​မ​ဟာ​မိတ်​များ​နှင့်​ ​နီး​နီး​ကပ်​ကပ်​ ​လက်​တွဲ​ဆောင်​ရွက်​နေ​ကြောင်း​ ​ပြော​ကြား​ထား​သော်​လည်း​ ​မည်​သည့်​အ​ထူး​ပြု​ ​ထောက်​ပံ့​မှု​မျိုး​များ​ ​ပြု​လုပ်​ထား​ကြောင်း​ကို​မူ​ ​ဖွင့်​ဟ​ပြော​ဆို​ခြင်း​ ​မ​ရှိ​ကြောင်း​ ​သိ​ရှိ​ရ​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here