NATO​ ​ရ​ဟတ်​ယာဥ်​များ​ ​ပစ်​ခတ်​မ​ှု​ကြောင့်​ ​ပါ​က​စ္စ​တန်​စစ်​သား​များ​ပါ​ ​သေ​ဆုံး

alt

NATO ​တပ်​ဖွဲ့​၏​ ​ရ​ဟတ်​ယာဥ်​များ​က​ ​ပစ်​ခတ်​တိုက်​ခိုက်​မှု​ကြောင့်​ ​ပါ​က​စ္စ​တန်​ ​စစ်​သား​ ​၃​ ဦး​ပါ​ ​သေ​ဆုံး​သွား​ကြောင်း​ ​ပါ​က​စ္စ​တန်​ ​အ​စိုး​ရ​က​ ​ပြော​ကြား​ခဲ့​သည်​။​ ​အာ​ဖ​ဂန်​န​စ္စ​တန်​နှင့်​ ​နယ်​ခြား​ဒေ​သ​တွင်​ ​ခြေ​ကုပ်​ယူ​ ​တပ်​စွဲ​ထား​သော​ ​အ​ကြမ်း​ဖက်​ ​တပ်​ဖွဲ့​များ​ကို​ NATO ​စစ်​ဖက်​က​ ​ပစ်​ခတ်​တိုက်​ခိုက်​ရာ​မှ​

​တာ​ဝန်​ထမ်း​ဆောင်​နေ​သော​ ​ပါ​က​စ္စ​တန်​ ​စစ်​သည်​ ​၃​ ဦး​ပါ​ ​ထိ​ခိုက်​သေ​ဆုံး​ခဲ့​ခြင်း​ဖြစ်​သည်​။​

​ထို​ကိ​စ္စ​ ​ဖြစ်​ပွား​ပြီး​နောက်​ ​စက်​တင်​ဘာ​ ​၃၀​ ​ရက်​နေ့​တွင်​ ​တော့​ဟမ်း​ရှိ​ ​နယ်​ခြား​စ​ခန်း​သို့​ ​ဖြတ်​သန်း​ရန်​ ​ပြင်​ဆင်​နေ​သော​ NATO​ ထောက်​ပံ့​ရေး​ ​ယာဥ်​တန်း​ကို​ ​ပါ​က​စ္စ​တန်​က​ ​တား​ဆီး​ထား​သည်​။​ NATO​ တာ​ဝန်​ရှိ​သူ​ ​တစ်ဦး​က​ ​အာ​ဖ​ဂန်​ ​လေ​ပိုင်​နက်​အ​တွင်း​ ​တိုက်​ပွဲ​တစ်​ခု​ ​ဆင်​နွှဲ​ခဲ့​ကြောင်း​ အ​တည်​ပြု​ထား​သည်​။​

​ဒန်​ပါ​ဒန်​ဒေ​သ​အ​နီး​ရှိ​ ​စစ်​သွေး​ကြွ​ ​အ​ခြေ​စိုက်​ ​စ​ခန်း​တစ်​ခု​ကို​ ဦး​တည်​ပြီး​ NATO ​စစ်​တပ်​က​ ​ထိုး​စစ်​ဆင်​ခဲ့​ခြင်း​ဖြစ်​သည်​။​ သို့​သော်​လည်း​ ​ရ​ဟတ်​ယာဥ်​များ​သည်​ ​အာ​ဖ​ဂန်​ ​လေ​ပိုင်​နက်​ကို​ ​ကျော်​လွန်​ကာ​ ​ပါ​က​စ္စ​တန်​သို့​ ​ဝင်ရောက်​ခဲ့​ခြင်း​ ​မ​ရှိ​ကြောင်း​ NATO​ က​ ​ငြင်း​ဆန်​ထား​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here