လက်​ထပ်​ထိမ်း​မြား​မှု​ ​အ​ရေ​အ​တွက်​​ ​ကျ​ဆင်း​​နေ​သည့်​​ ​အ​မေ​ရိ​က

alt

အ​မေ​ရိ​ကန်​နိုင်ငံ​တွင်​ ​စီး​ပွား​ရေး​ ​အ​ကြပ်​အ​တည်း​ ​ရိုက်​ခတ်​ခဲ့​သည့်​ ​ကာ​လ​နောက်​ပိုင်း​ ​လက်​ထပ်​ထိမ်း​မြား​မှု​ ​အ​ရေ​အ​တွက်​သည်​ ​စံ​ချိန်​တင်​ ​အ​နေ​အ​ထား​ထိ​ ​ကျ​ဆင်း​လာ​ကြောင်း​ ​သိ​ရ​သည်​။​ ​ထို့​အ​ပြင်​ ​ဆင်း​ရဲ​သူ​များ​နှင့်​ ​ချမ်း​သာ​သူ​များ​ကြား​ ​လက်​ထပ်​ထိမ်း​မြား​နိုင်​သည့်​ ​အ​ခြေ​အ​နေ​သည်​လည်း​ ​အ​လွန်​ကြီး​မား​စွာ​ ​ကွာ​ဟ​လာ​ခဲ့​ကြောင်း​ ​စာ​ရင်း​များ​က​ ​ညွှန်​ပြ​နေ​သည်​။

​ ​ငွေ​ကြေး​အ​ကြပ်​အ​တည်း​သည်​ ​သတ်​မှတ်​ထား​သော​ ​အ​ချက်​အ​လက်​များ​အ​ရ​ ​၂၀၀၉​ ​ခု​နှစ်​၊​ ​အ​လယ်​ခန့်​က​ ​ပြီး​ဆုံး​ခဲ့​ကြောင်း​ ​စီး​ပွား​ရေး​ ​ပ​ညာ​ရှင်​များ​က​ ​ပြော​ကြား​ခဲ့​သော်​လည်း​ အ​မေ​ရိ​ကန်​ ​လူ​နေ​မှု​ ​စ​နစ်​တွင်​ ​အ​နာ​တ​ရ​ ​အ​ခြေ​အ​နေ​များ​ ​ကျန်​ရှိ​နေ​ဆဲ​ဖြစ်​သည်​။​ ​ပြီး​ခဲ့​သည့်​ ​နှစ်​ကုန်​ထိ​ ​စာ​ရင်း​အ​ရ​ ​အ​လုပ်​ပြုတ်​သူ​ ​အ​ရေ​အ​တွက်​သည်​ ​၁၀​ ​ရာ​ခိုင်​နှုန်း​ထိ​ ​မြင့်​တက်​ခဲ့​ပြီး​ ​အ​လုပ်​လက်​မဲ့​ ​အ​ရေ​အ​တွက်​မှာ​ ​၉.​၆​ ​ရာ​ခိုင်​နှုန်း​ထိ​ ​ရောက်​ရှိ​နေ​ဆဲ​ဖြစ်​သည်​။​ အ​လုပ်​ပြုတ်​သူ​ ​များ​လာ​သည်​နှင့်​အ​မျှ​ ​အ​မေ​ရိ​ကန်​ ​နိုင်ငံ​သား​ ​အား​လုံး​၏​ ​အ​လုပ်​ခွင်​တွင်​ ​ပျမ်း​မျှ​ရှိ​သော​ ​အ​ချိန်​မှာ​ ​၃၆​ ​မိ​နစ်​ခန့်​ ​လျော့​နည်း​လာ​သည်​။​ ​အ​လုပ်​အ​ကိုင်​ ​အ​ခွင့်​အ​လမ်း​ ​လျော့​နည်း​လာ​ခြင်း​နှင့်အ​တူ​ ​လက်​ထပ်​ထိမ်း​မြား​မှု​ ​အ​ရေ​အ​တွက်မှာ​လည်း​ ​ကျ​ဆင်း​လာ​ခြင်း​ဖြစ်​သည်​။​

​အ​မေ​ရိ​ကန်​ရှိ​ ​အ​ရွယ်​ရောက်​ပြီး​ ​အ​တူ​နေ​သူ​ ​၅၂​ ​ရာ​ခိုင်​နှုန်း​က​သာ​ ​လက်​ထပ်​ရန်​ ​စီ​စဥ်​နေ​ကြောင်း​ ​ပြော​ကြား​ခဲ့​သည်​။​ ​ယင်း​မှာ​ ​၂၀၀၀​ ​ပြည့်နှစ်​က​ ​၅၇​ ​ရာ​ခိုင်​နှုန်း​ထိ​ ​များ​စွာ​ ​ကျ​ဆင်း​သွား​ခြင်း​ဖြစ်​သည်​။​ ​အ​ခြား​သော​ ​အ​ချက်​အ​လက်​များ​အ​ရ​ ​လက်​ထပ်​မှု​ ​အ​ရေ​အ​တွက်​ ​ကျ​ဆင်း​သွား​သော်​လည်း​ ​လက်​မ​ထပ်​ဘဲ​ ​အ​တူ​နေ​ခြင်း​နှင့်​ ​ကွာ​ရှင်း​ခြင်း​များ​မှာ​မူ​ ​မြင့်​တက်​လာ​နေ​ကြောင်း​ ​သိ​ရ​သည်​။​ ​စုံ​တွဲ​များ​အ​နေ​နှင့်​ ​အ​လုပ်​အ​ကိုင်​ ​လက်​လွှတ်​ရ​ခြင်း​ကြောင့်​ ​ရုန်း​ကန်​ရ​သည့်​ ​အ​ခြေ​အ​နေ​မျိုး​တွင်​ ​လက်​ထပ်ရ​န်​ ​အ​လွန်​ခက်​ခဲ​သည်​ဟု​ ​ယုံ​ကြည်​နေ​လေ့​ရှိ​ကြောင်း​လည်း​ ​သ​ဘော​ထား​ ​ဖော်​ပြ​ထား​ကြ​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here