အွန်​လိုင်း​ဖုန်း​ခေါ်​ဆို​မှု​အ​တွက်​ Facebook​ ​နှင့်​ Skype​ ​ဆွေး​နွေး

alt

Online ​မှ​တ​ဆင့်​ ​ဖုန်း​ခေါ်​ဆို​ ​ချိတ်​ဆက်​မှု​အ​တွက်​ Facebook​ နှင့်​ Skype​ တို့​ ​ဆွေး​နွေး​နေ​ကြောင်း​ ​သိ​ရ​သည်​။​ ​က​မ္ဘာ​ပေါ်​တွင်​ ​အ​အောင်​မြင်​ဆုံး​ Social​ Networking​ ​ဝက်​ဆိုက်​ဖြစ်​လာ​သော​ Facebook ​တွင်​ Skype​၏​ ​ဝန်​ဆောင်​မှု​ကို​ ​ချိတ်​ဆက်​ရန်​ ​ညှိ​နှိုင်း​မှု​များ​ ​ပြု​လုပ်​နေ​ခြင်း​ဖြစ်​သည်​။​

​ယင်း​သည်​ Online​ မှ​တ​ဆင့်​ ​ဖုန်း​ခေါ်​ဆို​မှု​ ​နယ်​ပယ်​တွင်​ Skype​အား​ ​ပြိုင်​ဆိုင်​လာ​သည့်​ Google​ အ​တွက်​ ​စိန်​ခေါ်​မှု​တစ်​ခု​ ​ဖြစ်​လာ​ဖွယ်​ ​ရှိ​နေ​သည်​။​ Google​သည်​ Facebook​၏​ Social​ Networking ​အ​ပေါ်​ ​လွှမ်း​မိုး​မှု​အား​ ​ယှဥ်​ပြိုင်​ရန်​လည်း​ ​စီ​စဥ်​နေ​သည်​။​ ​ယ​ခု​ညှိ​နှိုင်း​မှု​အ​ရ​ Facebook​ တွင်​ Log​ In​ ​ဝင်လိုက်​ခြင်း​ဖြင့်​ Skype​တွင်​ပါ​ Log​ In ​ဝင်ပြီး​ ​ဝက်​ဆိုက်​နှစ်​ခု​လုံး​၏​ ​ဝန်​ဆောင်​မှု​ကို​ ​ချိတ်​ဆက်​အ​သုံး​ပြု​နိုင်​မှု​မျိုး​ ​ဖြစ်​လာ​စေ​မည်​ဟု​ ​သိ​ရ​သည်​။​ ​ထို​အ​ခါ​ Text​ Message ​ပေး​ပို့​ခြင်း​၊​ Voice​ Chat​ ပြု​လုပ်​ခြင်း​တို့​ကို​ Skype​ ၏​ ​ဝန်​ဆောင်​မှု​ဖြင့်​ Facbook​ ​သုံး​စွဲ​သူ​ချင်း​ ​ဆက်​သွယ်​ဆောင်ရွက်​နိုင်​မည်​ဖြစ်​သည်​။​

Skype ​မှ​ ​ပြော​ရေး​ဆို​ခွင့်​ရ​ ​တာ​ဝန်​ရှိ​သူ​တစ်ဦး​က​ Facebook ​ပေါ်​တွင်​ Skype​ ၏​ ​လုပ်​ဆောင်​ချက်​များ​ကို​ ​ထည့်​သွင်း​ခြင်း​သည်​ ​အ​လွန်​ထူး​ခြား​ကောင်း​မွန်​သည့်​ စိတ်​ကူး​မျိုး​ ​ဖြစ်​လာ​မည်​ဟု​ ​မှတ်​ချက်​ပြု​ ​ပြော​ကြား​သွား​သည်​။​ Wall​ Street​ Journal​ ၏​ ​ဖော်​ပြ​ချက်​နှင့်​ ​ပတ်​သက်​ပြီး​ Facebook ​နှင့်​ Skype ​တို့​က​ ​တ​စုံ​တ​ရာ​ ​အ​တည်​ပြု​ခြင်း​၊​ ​ငြင်း​ဆန်​ခြင်း​ ​မ​ပြု​လုပ်​သေး​ဟု​ ​သ​တင်း​ရ​ရှိ​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here