​​ဒေါက်​မြင့်​ဖိ​နပ်​ဖြင့်​ အ​မြန်​ဆုံး​ပြေး​နိုင်​သူ​အ​ဖြစ်​ ဩ​စ​တြေး​လျ​အ​မျိုး​သ​မီး​ စံ​ချိန်​တင်

alt

က​မ္ဘာ​ပေါ်​တွင်​ စ​တီ​လက်​တို​ ​ဒေါက်​မြင့်​ဖိ​နပ်​နှင့်​ အ​မြန်​ဆုံး​ ​ပြေး​နိုင်​သူ​များ​ဆို​သည့်​ ဘွဲ့​ထူး​ကို​ ဩ​စ​တြေး​လျ​ အ​မျိုး​သ​မီး​ ​၄​ ဦး​က​ ရ​ယူ​နိုင်​ခဲ့​သည်​။​ ၂၆၃​ ​ပေ​ ​အ​ကွာ​အ​ဝေး​ရှိ​သော​ နေ​ရာ​ကို​ ​လက်​ဆင့်​ကမ်း​ပြေး​ရ​သည့်​ ပြိုင်​ပွဲ​တွင်​ ​၃​ လက်​မ​ဒေါက်​ဖိ​နပ်​များ​ ဝတ်​ထား​သည့်​ ​ယင်း​အ​မျိုး​သ​မီး​ ၄​ ဦး​တို့​သည်​ ​၁​ ​မိ​နစ်​ ​၄​ ​စ​က္ကန့်​နှင့်​ ​ရောက်​အောင်​ပြေး​ခဲ့​ကြ​သည်​။​

​ဂင်း​နစ်​မှတ်​တမ်း​ ​စာ​အုပ်​၏​ ​အယ်​ဒီ​တာ​အ​ဖွဲ့​က ​ကင်​ဘာ​ရာ​မှ​ ​အ​မျိုး​သ​မီး​ ​၄​ ဦး​တို့​သည်​ ​ဆစ်​ဒ​နီ​မြို့​တော်​ရှိ​ ​နာ​မည်​ကျော်​ ​ပြ​ဇာတ်​ရုံ​ကြီး​အ​နီး​ ​ပြိုင်​ပွဲ​တွင်​ ​ပ​ထ​မ​ရ​ခဲ့​သော​ Pinkettes​ ​အ​ဖွဲ့​သည်​ ​ဒေါက်​မြင့်​ဖိ​နပ်​နှင့်​ ​အ​မြန်​ဆုံး​ ​ပြေး​နိုင်​သူ​များ​အ​ဖြစ်​ ​အ​တည်​ပြု​ပေး​ခဲ့​သည်​။​ ပြိုင်​ပွဲ​တွင်​ ​အ​နိုင်​ရ​သည့်​ ​ယင်း​အ​မျိုး​သ​မီး​ ​၄​ ဦး​သည်​ ဩ​စ​တြေး​လျ​ဒေါ်​လာ​ ​၁၀၀၀၀​ ​နှင့်​ ​ထိုင်း​နိုင်ငံ​သို့​ ​အ​လည်​အ​ပတ်​ ​သွား​ရောက်​ခွင့်​များ​ကို​ ​ရ​ရှိ​ခဲ့​သည်​။​

​နိုင်ငံ​၏​ ရင်​သား​ကင်​ဆာ​ ​တိုက်​ဖျက်​ရေး​ ​ရံ​ပုံ​ငွေ​ ​တိုး​မြင့်​ရ​ရှိ​စေ​ရန်​ ​ရည်​ရွယ်​ကျင်း​ပ​သော​ ​အ​ဆို​ပါ​ ​ပြိုင်​ပွဲ​သို့​ ​အ​မျိုး​သ​မီး​ ​၁၀၀​ ​ကျော်​နှင့်​ ​အ​မျိုး​သား​ ​၁​ ဦး​တို့​ ​ပါ​ဝင်ယှဥ်​ပြိုင်​ခဲ့​ကြောင်း​ ​သ​တင်း​ရ​ရှိ​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here