ခင်​ပွန်း​သည်​၏​ လိင်​အ​င်္ဂါ​ကို​ မီး​ရှို့​ခဲ့​သည့်​ ဩ​စ​တြေး​လျ​အ​မျိုး​သ​မီး

alt

ဩ​စ​တြေး​လျ​နိုင်ငံ​မှ​ အ​မျိုး​သ​မီး​ ​တစ်ဦး​သည်​ ခင်​ပွန်း​သည်​၏​ ​လိင်​အ​င်္ဂါ​ကို​ မီးတင်​ရှို့​ခဲ့​ကြောင်း​ တ​ရား​ရုံး​တွင်​ ​ဝန်​ခံ​ထွက်​ဆို​ခဲ့​သည်​။​ အ​သက်​ ​၄၆​ ​နှစ်​ရှိ​ ရာ​ဂျီ​နီ​ ​နာ​ရာ​ရန်း​က​ ဩ​စ​တြေး​လျ​တောင်​ပိုင်း​ ဗ​ဟို​တ​ရား​ရုံး​တွင်​ ကြား​နာ​သော​ ​အ​မှု​အ​တွင်း​ သူ​မ​သည်​ ​ခင်​ပွန်း​သည်​က​

ဖောက်​ပြန်​နေ​သည်​ဟု​ ယုံ​ကြည်​သ​ဖြင့်​ ​ယ​ခု​ကဲ့​သို့​ ရက်​စက်​သော​ ​ပြစ်​ဒဏ်​ဖြင့်​ တုန့်​ပြန်​ရန်​ ​ဆုံး​ဖြတ်​ခဲ့​ကြောင်း​ ပြော​ကြား​ခဲ့​သည်​။

​ ၂၀၀၈​ ​ခု​နှစ်​အ​တွင်း​က​ ဖြစ်​ပွား​ခဲ့​သော​ ​ကိ​စ္စ​တွင်​ အ​သက်​ ​၄၇​ ​နှစ်​ရှိ​ ဆာ​တစ်​ ​နာ​ရာ​ရန်း​သည်​ ခ​န္ဓာ​ကိုယ်​၏​ ​၇၅​ ရာ​ခိုင်​နှုန်း​မျှ​ကို​ မီး​လောင်​ကျွမ်း​ခံ​ရ​ခြင်း​ကြောင့်​ ရ​ရှိ​လာ​သော​ ​ဒဏ်​ရာ​များ​ဖြင့်​ ကွယ်​လွန်​ခဲ့​သည်​။​ ရာ​ဂျီ​နီ​သည်​ ​ပြစ်​မှု​ထင်​ရှား​ပါ​က​ ထောင်​ဒဏ်​ ​နှစ်​ပေါင်း​ ၂၀​ ​ထိ​ ​ချ​မှတ်​ခံ​ရ​ဖွယ်​ ရှိ​နေ​သည်​။​ ​သူ​မ​က​ ခင်​ပွန်း​သည်​အား​ ​ဘု​ရား​တစ်​ဆူ​၊​ ဂူ​တစ်​လုံး​သ​ဖွယ်​ ​ရို​သေ​ချစ်​ခင်​ခဲ့​သော်​လည်း​ ဆာ​တစ်​က​ ​ဖောက်​ပြန်​သည်​ဟု​ ယူ​ဆ​ချိန်​တွင်​ ​သည်း​မ​ခံ​နိုင်​ဘဲ​ လိင်​အ​င်္ဂါ​ကို​ ​မီး​ရှို့​ခဲ့​ကြောင်း​ တ​ရား​ရုံး​တွင်​ ​ထွက်​ဆို​သွား​သည်​။

​ သူ​မ​သည်​ ​အ​ခန်း​ထဲ​သို့​ ဓာတ်​ဆီ​ပုံး​၊​ ​ဖ​ယောင်း​တိုင်​တို့​နှင့်​ ဝင်သွား​ပြီး​ ​ဆာ​တစ်​၏​ အ​ခြား​အ​မျိုး​သ​မီး​တစ်ဦးနှင့်​ ဆက်​သွယ်​ထား​သော​ email​ များ​ကို​ တွေ့​ရှိ​ထား​ကြောင်း​ ပြော​ကြား​ခဲ့​သေး​ကြောင်း​ သိ​ရ​သည်​။​ ​ထို​အ​ခါ​ ဆာ​တစ်​က​ ​သူ​မ​အား​ ညစ်​ညစ်​ညမ်း​ညမ်း​ ဆဲ​ရေး​သ​ဖြင့်​ ​ဓာတ်​ဆီ​ဖြင့်​ပက်​ကာ​ မီး​ညှိ​ထား​သော​ ​ဖ​ယောင်း​တိုင်​အား​ ယင်း​၏​ကိုယ်​ပေါ်​ ​ပစ်​တင်​လိုက်​ကြောင်း​ ရာ​ဂျီ​နီ​က​ ​ထွက်​ဆို​သွား​သည်​။​

LEAVE A REPLY

Please enter your comment!
Please enter your name here