အာ​ကာ​သ​အ​လည်​အ​ပတ်​ခ​ရီး​စဥ်​ သွား​ရောက်​နိုင်​ရန်​ Virgini​ Galatic​​ ​စီ​စဥ်​လျက်​ရှိ ​​

alt

ခ​ရီး​လှည့်​လည်​ ​သွား​လာ​လည်​ပတ်​ခြင်း​ကို​ ​ဝါ​သ​နာ​ထုံ​သူ​များ​အ​နေ​နှင့်​ ​ဆာ​ရစ်​ချတ်​ဘ​ရန်​ဆန်​၏​ ​လက်​ရှိ​ဆောင်​ရွက်​နေ​မှု​များ​ ​မျှော်​မှန်း​သည့်​အ​တိုင်း​ ​ပေါက်​မြောက်​ခဲ့​ပါ​က​ ​​နောက်​ထပ်​ ​၁၈​ ​လ​မျှ​အ​ကြာ​တွင်​ ပျော်​ရွှင်​ကျေ​နပ်​စ​ရာ​ ​အ​တွေ့​အ​ကြံု​ကို​ ​ခံ​စား​ခွင့်​ ​ရ​လာ​မည်​ဖြစ်​သည်​။​

Virgini​ Galatic အာ​ကာ​သ​ ​ခ​ရီး​သွား​လုပ်ငန်း​​ကို​ အ​ဓိ​က​ပိုင်​ဆိုင်​သော​ ​စီး​ပွား​ရေး​ ​စွန့်ဦး​တီ​ထွင်​သူ​ ​ပု​ဂ္ဂိုလ်​ကြီး​သည်​ ​လ​ပေါ်​သို့​ ​ခြေ​ချ​ရန်​ ​ကိ​စ္စ​ကို​ ​ဆယ်​ကျော်​သက်​ ​အ​ရွယ်​က​တည်း​က​ ​စိတ်​ကူး​ယဥ်​နေ​ခဲ့​ပြီး​ ​ယ​ခု​အ​ခါ​ ​မိ​မိ​ရော​၊​ ​အ​ခြား​သူ​များ​ပါ​ ​ယင်း​အ​ခွင့်​အ​ရေး​မျိုး​ ​ပိုင်​ဆိုင်​လာ​နိုင်​အောင်​ ​ကြိုး​ပ​မ်း​နေ​ကြောင်း​ ​ပြော​ကြား​သွား​သည်​။​

Virgin​​ ၏​ ​ဖန်​တီး​တီ​ထွင်​မှု​များ​ထက်​ ​လ​ပေါ်​သို့​ ​သွား​ရောက်​ရ​သော​ ​ခ​ရီး​စဥ်​က​ ​မိ​မိ​အ​တွက်​ ​ရင်​ခုန်​စ​ရာ​ ​ဖြစ်​လာ​မည်​ဟု​ ​အ​သက်​ ​၆၀​ ​အ​ရွယ်​ ​စီး​ပွား​ရေး​ ​အ​မြင်​ထက်​သန်​သော​ ​ပု​ဂ္ဂိုလ်​ကြီး​က​ဆို​သည်​။​ Virgin ​သည်​ ​မ​ကြာ​သေး​မီ​က​ ​အာ​ကာ​သ​ ​အ​လည်​အ​ပတ်​ ​ခ​ရီး​စဥ်​ကို​ ​စ​တင်​နိုင်​တော့​မည်​ဟု​ ​ကြေ​ညာ​ခဲ့​သ​လို​ ​ယ​ခု​အ​ခါ​ ​လ​ပေါ်​သွား​ ​စီ​မံ​ကိန်း​ကို​လည်း​ ​ဆောင်​ရွက်​နေ​ပြီ​ဟု​ ​ဘ​ရန်​ဆန်​က​ ​ပြော​ဆို​သွား​သည်​။​ ​ဘ​ရန်​ဆန်​က​ ​လ​ပေါ်​သို့​ ​အ​လည်​အ​ပတ်​ ​ခ​ရီး​သွား​ရောက်​နိုင်​ရေး​ ​ကိ​စ္စ​အ​တွက်​ ​၁၀​ ​နှစ်​မျှ​ ​အ​ချိန်​ယူ​ ​ကြိုး​ပမ်း​ခဲ့​ရ​ကြောင်း​လည်း​ ​ဖွင့်​ဟ​ခဲ့​သည်​။

​ အာ​ကာ​သ​နှင့်​ ​ပတ်​သက်​သော​ ​အိပ်​မက်​များ​စွာ​ရှိ​ကြောင်း​၊​ ​ယင်း​တို့​အ​နက်​ ​အ​ချို့​မှာ​ ​အ​မှန်​တ​ကယ်​ ​ဖြစ်​လာ​မည်​ဟု​ ​ယုံ​ကြည်​ကြောင်း​ ​ဘ​ရန်​ဆန်​က​ Dawn​ of​ Decade:​ Alternative​ Investments​ ​အာ​ရှ​ဖို​ရမ်​တွင်​ ​ပြော​ကြား​သွား​ခဲ့​သည်​။​ ​ယင်း​ဖို​ရမ်​ကို​ ​နိုင်ငံ​တ​ကာ​ ​ဟာ​ရယ်​ထ​ရီ​ဘွန်း​က​ ​တာ​ဝန်​ယူ​ ​ကျင်း​ပ​ပေး​ခဲ့​ခြင်း​ဟု​လည်း​ ​သိ​ရှိ​ရ​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here