အီ​ဖယ်​မျှော်​စင်​တွင်​ ဗုံး​ထောင်​ထား​ကြောင်း​ သတင်း​ပေး​အ​ကြောင်း​ကြား

alt

ပြင်​သစ်​နိုင်ငံ​၊​ ပဲ​ရစ်​မြို့​တော်​ရှိ​ အီ​ဖယ်​မျှော်​စင်​ကြီး​တွင်​ ဗုံး​ထောင်​ထား​ကြောင်း​ ဖုန်း​ဆက်​သ​တင်း​ပေး​မှု​တစ်​ခု​ကို​ ဒု​တိ​ယ​အ​ကြိမ်​မြောက်​အ​ဖြစ်​ လက်​ခံ​ရ​ရှိ​ပြီး​နောက်​ စ​က်​တင်​ဘာ​ ​၂၈​ ​ရက်​နေ့​က​ ပဲ​ရစ်​မြို့​တော်​ ​ရဲ​တပ်​ဖွဲ့​ အ​လုပ်​ရှုပ်​သွား​ခဲ့​သည်​။​

နှစ်​ပါတ်​အ​တွင်း​ ​ဒု​တိ​ယ​အ​ကြိမ်​မြောက်​အ​ဖြစ်​ ဗုံး​ထောင်​ထား​ကြောင်း​ ခြိမ်း​ခြောက်​မှု​ကို​ လက်​ခံရ​ရှိ​ပြီး​နောက်​ အီ​ဖယ်​မျှော်​စင်​ကြီး​အ​နီး​ ပတ်​ဝန်း​ကျင်​ ​နေ​ရာ​များ​ကို​ အ​ရေး​ပေါ်​ ​ရှင်း​လင်း​ခဲ့​ကာ​ ၁၀၆၃​ ​ပေ​မြင့်​သော​ မျှော်​စင်​ကြီး​အ​နီး​ မ​သ​င်္ကာ​စ​ရာ​ ​ဖောက်​ခွဲ​ရေး​ ကိ​ရိ​ယာ​များ​ကို​ ​ရှာ​ဖွေ​ခဲ့​သည်​။​ စက်​တင်​ဘာ​ ​၁၄​ ​ရက်​နေ့​က​လည်း​ အ​လား​တူ​ ​ဖုန်း​ဆက်​သ​တင်း​ပေး​မှု​ တစ်​ခု​ကြောင့်​ ​ရဲ​များ​သည်​ မျှော်စင်​အ​နီး​ ​လူ​ ​၂၀၀၀​ ​ကျော်​ကို​ က​တိုက်​က​ရိုက်​ ​ရွှေ့​ပြောင်း​ပေး​ခဲ့​ရ​သေး​သည်​။​ ​ယ​ခု​သီ​တင်း​ပါတ်​ ​ဖြစ်​ပွား​ခဲ့​သော​ ​ဗုံး​သ​တင်း​ပေး​မှု​မှာ​လည်း​ ​အ​တု​အ​ယောင်​သာ​ဖြစ်​ကြောင်း​ ​နောက်​ပိုင်း​တွင်​ ​ဖော်​ထုတ်​တွေ့​ရှိ​ခဲ့​သည့်​အ​တွက်​ ​မျှော်​စင်​အား​ ​ယာ​ယီ​ပိတ်​ထား​ရာ​မှ​ ​ပြန်​ဖွင့်​ပေး​ခဲ့​သည်​။​

​ပြင်​သစ်​နိုင်ငံ​သည်​ ​ဘာ​သာ​ရေး​ ​အ​စွန်း​ရောက်​ ​မွတ်​ဆ​လင်​ ​စစ်​သွေး​ကြွ​များ​၏​ ​တိုက်​ခိုက်​လာ​နိုင်​သည့်​ ​အ​ခြေ​အ​နေ​မျိုး​ ​ရှိ​နေ​ကြောင်း​ ​သ​မ္မ​တ​ ​နီ​ကို​လက်​ ​ဆာ​ကို​ဇီ​ ​ကိုယ်​တိုင်​က​ သ​တိ​ပေး​ ​ပြော​ကြား​ထား​သ​လို​ ​ပြင်​သစ်​ရဲ​တပ်​ဖွဲ့​က​လည်း​ ​မြောက်​အ​မေ​ရိ​က​ဆိုင်​ရာ​ ​အယ်​ကေး​ဒါး​ ​အ​ကြမ်း​ဖက်​ ​တပ်​ဖွဲ့​သည်​ ​ပြင်​သစ်​ကို​ ​ပစ်​မှတ်​ထား​ ​လုပ်​ကြံ​ရန်​ ​စီ​စဥ်​လာ​ဖွယ်​ ​ရှိ​နေ​ကြောင်း​ ​ပြော​ဆို​ထား​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here