ချစ်​သူ​အား​ သတ်​ဖြတ်​ခဲ့​သည့်​ အီ​ဂျစ်​သူ​ဌေး​ ​သေ​ဒဏ်​မှ​ လွတ်​မြောက်

alt

ချစ်​သူ​အား​ သတ်​ဖြတ်​ခဲ့​သည့်​ ​အီ​ဂျစ်​ဘီ​လျံ​နာ​ သူ​ဌေး​ကြီး​မှာ​ ​သေ​ဒဏ်​ကျ​ခံ​ရမည့်​ အ​ခြေ​အ​နေ​အား​ ​ရှောင်​လွှဲ​လွတ်​မြောက်​သွား​ကြောင်း​ သိ​ရ​သည်​။​ ​သို့​သော်​လည်း​ ဟီ​ရှမ်​တာ​လက်​ ​မူ​စ​တာ​ဖာ​သည်​ အ​သက်​ ​၃၀​ ​အ​ရွယ်​ ချစ်​သူ​ဖြစ်​သော​ ​လက်​ဘ​နွန်​အ​ဆို​တော်​ ဆူ​ဇန်​နီ​တာ​မင်​အား​

သတ်​မှု​အ​တွက်​ ​ထောင်ဒဏ်​ ၁၅​ ​နှစ်​ ​ကျ​ခံ​ရန်​ တ​ရား​ရုံး​က​ ​စီ​ရင်​ချက်​ ချ​မှတ်​လိုက်​သည်​။​

ယ​ခု​သီ​တင်း​ပါတ်​အ​တွင်း​ ချ​မှတ်​သော​ ​ပြစ်​ဒဏ်​သည်​ ၂၀၀၉​ ​ခု​နှစ်​၊​ ​မေ​လ​က​ သေ​ဒဏ်​စီ​ရင်​ခြင်း​ ခံ​ရ​သော​ ​ပြစ်​ဒဏ်​အား​ လျှော့​ပေါ့​ပေး​လိုက်​ခြင်း​ဖြစ်​သည်​။​ မူ​စ​တာ​ဖာ​သည်​ ​တာ​မင်​အား​ ၂၀၀၈​ ​ခု​နှစ်​၊​ ​ဇူ​လိုင်​လ​အ​တွင်း​က​ ဒူ​ဘိုင်း​တွင်​ ​လုပ်​ကြံ​ပေး​ရန်​ အ​ငြိမ်း​စား​ ​အီ​ဂျစ်​ရဲ​အ​ရာ​ရှိ​ တစ်ဦး​အား​ ​ဒေါ်​လာ​ ၂​ ​သန်း​ပေး​ပြီး​ ​စေ​ခိုင်း​ခဲ့​သည်​။​ ကိုယ်​တိုင်​သတ်​ဖြတ်​ခဲ့​သည်​ ​မို​ဆန်​အယ်​ဆူ​ကာ​ရီမှာ​လည်း​ ​ထောင်​ဒဏ်​ ​၂၅​ ​နှစ်​ ​ကျ​ခံ​ရန်​ ​စီ​ရင်​ချက်​ ​ချ​မှတ်​ခံ​ရ​ပြီး​ဖြစ်​သည်​။

​ မူ​စ​တာ​ဖာ​သည်​ ​အီ​ဂျစ်​တွင်​ ဩ​ဇာ​ကြီး​မား​သူ​ ​တစ်ဦး​ဖြစ်​ပြီး​ ​အာ​ဏာ​ရ​ ​ပါ​တီ​၏​ ​ပေါ်​လ​စီ​ ​ချ​မှတ်​ရေး​ ​ကော်​မ​တီ​ဝင် ​တစ်ဦး​လည်း​ဖြစ်​သည်​။​ ၎င်း​သည်​ ​တာ​မင်​နှင့်​ ​၂၀၀၄​ ​ခု​နှစ်​က​ စ​တင်​ချစ်​ကျွမ်း​ဝင်ခဲ့​ခြင်း​ဟု​ ​သိ​ရ​သည်​။​ ၎င်း​တို့​သည်​ ​ဘာ​သာ​ရေး​ ​အ​ယူ​အ​ဆ​ ​ညှိ​နှိုင်း​မှု​ ​အ​ဆင်​မ​ပြေ​သ​ဖြင့်​ ​ကွဲ​ကွာ​ခဲ့​ခြင်း​ဖြစ်​ကြောင်း​ ​မူ​စ​တာ​ဖာ​က​ ​တ​ရား​ရုံး​သို့​ ​ပြော​ကြား​သွား​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here