ဆို​မာ​လီ​ယာ​ ပင်​လယ်​ဓား​ပြများ​အား​ ​ခု​ခံ​တား​ဆီး​ကာ​ ​ဂ​ရိ​သ​င်္ဘော​လွတ်​မြောက်​လာ

alt

ဂ​ရိ​ပိုင်​ ​သ​င်္ဘော​တစ်​စင်း​အား​​ ​ဆို​မာ​လီ​ယာ ​ပင်​လယ်​ဓား​ပြ​များ​က​ ​ပြန်​ပေး​ဆွဲ​နိုင်​ခဲ့​ပြီး​မှ​ ​သ​င်္ဘော​သား​များ​၏​ ​အ​ပြင်း​အ​ထန်​ ​ခု​ခံ​တား​ဆီး​မှု​ကြောင့်​ ​လက်​လျှော့​ကာ​ ​ပြန်​လွှတ်​ပေး​လိုက်​ရ​ကြောင်း​ ​သိ​ရ​သည်​။

​ ​ယူ​က​ရိန်း​ ​သ​င်္ဘော​သား​များ​သည်​ ​ကုန်​တင်​သ​င်္ဘော​အား​ ​ဓား​ပြ​များ​ ​မောင်​ပိုင်​စီး​မည့်​ ​အ​ခြေ​အ​နေ​ကို​ ​ကြံ့​ကြံ့​ခံ​ ​တား​ဆီး​ခဲ့​ကြောင်း​ ​ယူ​က​ရိန်း​ ​အ​စိုး​ရ​က​ ​စက်​တင်​ဘာ​ ​၂၇​ ​ရက်​နေ့​တွင်​ ​ကြေ​ညာ​ခဲ့​သည်​။​ ​ကီး​ယက်​မြို့​မှ​ ​ယူ​က​ရိန်း​ ​နိုင်ငံ​ခြား​ရေး​ ​ဝန်​ကြီး​ဌာ​န​က​ MG​ Lugela​ ​သ​င်္ဘော​အား​ ​အ​ပိုင်​စီး​ရန်​ ​ကြိုး​စား​သည့်​ ​ဆို​မာ​လီ​ယာ​ ဓား​ပြ​များ​သည်​ ​သ​င်္ဘော​သား​ ​၁၂​ ဦး​တို့​က​ ​အင်​ဂျင်​စက်​ခန်း​အ​တွင်း​ ​မိ​မိ​တို့ကိုယ်​ကိုယ်​ ​ပိတ်​ထား​ကာ​ ​စက်​များ​ကို​ပါ​ ​ရပ်​ထား​လိုက်​သည့်​အ​တွက်​ ​အ​ခက်​ကြံု​ပြီး​ ​သ​င်္ဘော​ကို​ပြန်​လည်​စွန့်​ခွာ​ခဲ့​ရ​ခြင်း​ဟု​ ​ပြော​ကြား​ခဲ့​သည်​။​ အင်​ဂျင်​ခန်း​ထဲ​ ​သ​င်္ဘော​သား​များ​ ​နှစ်​ရက်​ကြာ​ ​အ​ပိတ်​ခံ​ထား​ပြီး​ ​သ​င်္ဘော​ကို​ ​ဆို​မာ​လီ​ကမ်း​ခြေ​သို့​ ​ခုတ်​မောင်း​ရန်​ ​အ​စဥ်​တ​စိုက်​ ​ငြင်း​ဆန်​နေ​ခြင်း​ကြောင့်​ ​နှစ်​ရက်​အ​ကြာ​တွင်​ ​ပင်​လယ်​ဓား​ပြ​များ​ ​လက်​လျှော့​ကာ​ ​ပြန်​လည်​ထွက်​ခွာ​သွား​ကြောင်း​ ​သိ​ရ​သည်​။​

​သ​င်္ဘော​ကို​ ​ပိုင်​ဆိုင်​သည့်​ TDM​ ကု​မ္ပ​ဏီ​က​ ​သ​င်္ဘော​က​ပ္ပ​တိန်​သည်​ ​ဓား​ပြ​များ​လက်​မှ​ ​လွတ်​မြောက်​သည့်​အ​ချိန်​ ​စက်​တင်​ဘာ​ ​၂၆​ ​ရက်​နေ့​ည​တွင်​ ​ကု​မ္ပ​ဏီ​သို့​ ​ဆက်​သွယ်​ခဲ့​ကြောင်း​ ​ပြော​ကြား​သွား​သည်​။​ ၎င်း​က​ ​ပင်​လယ်​ဓား​ပြ​များ​ ​ထွက်​ခွာ​သွား​ကြောင်း​၊​ သ​င်္ဘော​သား​အား​လုံး​ ​ကျန်း​မာ​ရေး​ကောင်း​ကြောင်း​နှင့်​ ​မွမ်​ဘိုင်း​သို့​ ​ဆက်​လက်ဦး​တည်​ ​ခုတ်​မောင်း​နေ​ကြောင်း​ ဆက်​သွယ်​သ​တင်း​ပို့​ခဲ့​သည်​ဟု​ ​အ​တည်​ပြု​သွား​သည်​။​ ၎င်း​တို့​သည်​ ​သ​င်္ဘော​ ​အိ​န္ဒိ​ယ​ရှိ​ ​ဆိပ်​ကမ်း​သို့​ ​ဆိုက်ကပ်​လာ​ချိန်​တွင်​ ​ယ​ခု​ကိ​စ္စ​အား​ ​စုံ​စမ်း​သွား​မည်​ဟု​ ​ပြော​ကြား​ခဲ့​သ​လို​ ​သ​င်္ဘော​သား​များ​၏​ ​စိတ်​ဓာတ်​ခိုင်​မာ​မှု​ကို​လည်း​ ​ချီး​ကျူး​ကြောင်း​ TDM က​ ​ကြေ​ညာ​ထား​သည်​။​

က​မ္ဘာ့​ရေ​ကြောင်း​ ​သွား​လာ​မှု​တွင်​ ​သ​င်္ဘော​များ​ ​အ​ရေ​အ​တွက်​ ​အ​များ​ဆုံး​ ​ဖြတ်​သန်း​နေ​သည့်​ ​နေ​ရာ​တစ်​ခု​ဖြစ်​သော​ ​အေ​ဒင်​ပင်​လယ်​ကွေ့​တွင်​ ​သောင်း​ကျန်း​နေ​သည့်​ ​ပင်​လယ်​ဓား​ပြ​မျာ​း​ကြောင့်​ ​နိုင်ငံ​တ​ကာ​ ​စု​ပေါင်း​ရေ​တပ်​များ​သည်​ ​၂၀၀၈​ ​ခု​နှစ်​က​တည်း​က​ ​ယင်း​ရေ​ပြင်​ ဧ​ရိ​ယာ​တွင်​ ​လုံ​ခြံု​ရေး​ ​စောင့်​ကြပ်​နေ​သော်​လည်း​ ​ပင်​လယ်​ဓား​ပြ​များ​က​ ​ဆက်​လက်​အ​တင့်​ရဲ​နေ​ဆဲဟု​ ​သိ​ရှိ​ရ​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here