ကိုယ်​ထည်​တစ်​ခု​လုံး​ကို​ အား​ပြန်​ဖြ​ည့်​နိုင်​သည့်​ ဘက်​ထ​ရီ​အ​ဖြစ်​ အ​သုံး​ချ​နိုင်​မည့်​ မော်​တော်​ကား​ Volvo​ ​တီ​ထွင်

alt

ဆွီ​ဒင်​အ​ခြေ​စိုက်​ နာ​မည်​ကျော်​ ​မော်​တော်​ယာဥ်​ ထုတ်​လုပ်​ရေး​ ​လုပ်ငန်း​ကြီး​ Volvo​ သည်​ ​ကိုယ်​ထည်​တစ်​ခု​လုံး​ကို​ အား​ပြန်​ဖြည့်​သည့်​ ဘက်​ထ​ရီ​အ​ဖြစ်​ ​အ​သုံး​ချ​နိုင်​မည့်​ ​မော်​တော်ကား​ ​တစ်​မျိုး​အား​ ​တီ​ထွင်​နေ​ကြောင်း​ ​သိ​ရ​သည်​။​ ​အ​နာ​ဂတ်​ ​စိတ်​ကူး​ယဥ်​ ​သိ​ပ္ပံ​ဝ​တ္ထု​ ​တစ်​ခု​သ​ဖွယ်​ ​ဖြစ်​နေ​သော​ ​အ​ဆို​ပါ​ ​မော်​တော်​ကား​သည်​ ​မောင်း​နှင်​နေ​ချိန်​တွင်​ ​ရ​ရှိ​သော​ အ​ရွေ့​စွမ်း​အင်​ကို​ ​သို​လှောင်​ကာ​ ​တစ်​ည​လုံး​ ​အား​ပြန်​သွင်း​ပေး​နိုင်​စွမ်း​ ​ရှိ​မည်​ဟု​ ​သိ​ရ​သည်​။

​ Volvo​က​ ယင်း​မော်​တော်​ကား​မျိုး​ကို​ ​သုံး​နှစ်​စီ​မံ​ကိန်း​ဖြင့်​ ​တီ​ထွင်​ဖန်​တီး​ရန်​ ​ကြိုး​ပမ်း​လျက်​ရှိ​သည်​။​ ​လန်​ဒန်​ ​အင်​ပီ​ရီ​ရယ်​ ​ကော​လိပ်​နှင့်​ ဥ​ရော​ပ​ ​ပ​ညာ​ရေး​ဌာ​န​ ​၇​ ​ခု​မှ​ ​ပ​ညာ​ရှင်​များ​ ​ပူး​ပေါင်း​ပါ​ဝင်သည့်​ ​ယင်း​မော်​တော်​ကား​ ​ထုတ်​လုပ်​ရေး​ ​စီ​မံ​ကိန်း​နှင့်​ ​ပတ်​သက်​ပြီး​ ​မော်​တော်​ယာဥ်​ ​ထုတ်​လုပ်​ရေး​ ​လုပ်ငန်း​စု​ကြီး​က​ ​ယ​ခု​အ​ခါ​ ​တ​ရား​ဝင် ​ကြေ​ညာ​ခဲ့​သည်​။​ Volvo​က​ ​မော်​တော်​ကား​၏​ ​ကိုယ်​ထည်​တွင်​ ​သုံး​စွဲ​ထား​သော​ ​သံ​မ​ဏိ​ကို​ ​အ​ခြား​ ​သင့်​လျော်​သော​ ​သ​တ္တု​ဖြင့်​ ​အ​စား​ထိုး​နိုင်​ခဲ့​ပါ​က​ ကား​၏​ ​အ​လေး​ချိန်​ကို​ ​၁၅​ ​ရာ​ခိုင်​နှုန်း​ ​လျှော့​ချ​နိုင်မည်​ဟု​ ​ပြော​ဆို​ထား​သည်​။

​ Volvo ​၏​ ​မော်​တော်​ကား​ ​ပုံ​စံ​သစ်​ ​စီ​မံ​ကိန်း​ဌာ​န​မှ​ ​အင်​ဂျင်​နီ​ယာ​ ​ပါ​လာ​ဗာ​ ​ဆယ်​လာ​ဂ​ရန်​က​ ​အ​နာ​ဂတ်​ကာ​လ​တွင်​ ​စွမ်း​အင်​ခြွေ​တာ​ရေး​ ​ရည်​ရွယ်​ထား​သည့်​ ​မော်​တော်​ကား​များ​ ​ထုတ်​လုပ်​လာ​ချိန်​တွင်​ ​မိ​မိ​တို့​၏​ ​ကား​မှာ​ ​ပြော​စ​မှတ်​ ​တွင်​လောက်​သော​ ​အ​ခြေ​အ​နေ​မျိုး​ ​ရှိ​နေ​မည်​ဟု​ ​ကြွေး​ကြော်​ခဲ့​သည်​။​

​နေ့​စဥ်​နေ့​တိုင်း​ ​စွမ်း​အင်​ကဏ္ဍ​အ​တွက်​ ​ဆွေး​နွေး​ပြော​ဆို​သည့်​ ​နည်း​လမ်း​သစ်​များ​ကို​ ​ကြား​နေ​ရ​ကြောင်း​၊​ ​မော်​တော်​ကား​၏​ ​အ​ရွေ့​စွမ်း​အင်​ကို​ ​ပြန်​လည်​အ​သုံး​ချ​မည့်​ ​ကိ​စ္စ​သည်​ ​စိတ်​ဝင်​စား​စ​ရာ​ ​အ​ဆို​ပြု​မှု​ ​တစ်​ခု​ဖြစ်​ပြီး​ ​ယင်း​ကို​ ​ကျယ်​ကျယ်​ပြန့်​ပြန့်​ ​သို​လှောင်​သိမ်း​ဆည်း​ရန်​မှာ​ ​ကား​ကိုယ်​ထည်​ ​တစ်​ခု​လုံး​ကို​ ​အ​သုံး​ချ​နိုင်​လျင်​ ​အ​ထိ​ရောက်​ဆုံး​ ​ဖြစ်​နိုင်​ကြောင်း​ ​ပါ​လာ​ဗာ​က​ ​မှတ်​ချက်​ပြု​ ​ပြော​ကြား​သွား​သည်​။​

LEAVE A REPLY

Please enter your comment!
Please enter your name here