ပြည်​သူ့​အ​ကျိုး​ပြု​ရံ​ပုံ​ငွေ​ကို​ ​မျက်​စောင်း​ထိုး​ဖူး​သည့်​ ​ဗြိ​တိန်​ဘု​ရင်​မ​ကြီး

alt

ဗြိ​တိ​သျှ​ ​တော်​ဝင်​ဘု​ရင်​မ​ကြီး​ ​အဲ​လိ​ဇ​ဘက်​ ​၂​ ​သည်​ ​ပြည်​သူ့​အ​ကျိုး​ပြု​ ​ရံ​ပုံ​ငွေ​ကို​ ​နန်း​တော်​၏​ ​လို​အပ်​သော​ ​အ​သုံး​စ​ရိတ်​အ​တွက်​ ​မျှ​ဝေ​နိုင်​ရန်​ ​တောင်း​ဆို​ခဲ့​ဖူး​ကြောင်း​ ​သိ​ရ​သည်​။​ ​ဘက်​ကင်​ဂမ်​ ​နန်း​တော်​၏​ ​အ​ပူ​ပေး​ ​စ​နစ်​အ​တွက်​ ​လို​အပ်​သော​ ​ငွေ​ကြေး​ကို​

​ဗြိ​တိ​သျှ​ ​ဝင်​ငွေ​နည်း​ပါး​သူ​များ​ ​ထောက်​ပံ့​ရေး​ ​ရံ​ပုံ​ငွေ​မှ​ ​မျှ​ဝေ​သုံး​စွဲ​ပေး​ရန်​ ​ဘု​ရင်​မ​ကြီး​က​ ​တောင်း​ဆို​ခဲ့​ကြောင်း​ Independent​ ​သ​တင်း​စာ​က​ ​ဖော်​ပြ​ခဲ့​သည်​။​

​၂၀၀၄​ ​ခု​နှစ်​အ​တွင်း​က​ ​တောင်း​ဆို​ခဲ့​သာ​ ​က​မ္ဘာ​ပေါ်​တွင်​ ​အ​ချမ်း​သာ​ဆုံး​ ​လူ​ပု​ဂ္ဂိုလ်​များ​အ​နက်​ တစ်ဦး​ဖြစ်​သည့်​ ​ဘု​ရင်​မ​ကြီး​၏​ ​အ​ဆို​ပြု​ချက်​ကို​ ​ဗြိ​တိန်​အ​စိုး​ရ​က​ ​ပယ်​ချ​ခဲ့​ကြောင်း​ ​သ​တင်း​စာ​က​ဆို​သည်​။​ ​ဘက်​ကင်​ဂမ်​ ​နန်း​တော်​ကြီး​သည်​ ​၁၈၃၇​ ​ခု​နှစ်​က​တည်း​က​ ​ဗြိ​တိ​န်​တော်​ဝင်​နန်း​ဆက်​ ​အ​မြဲ​တမ်း​ ​စိုး​စံ​ရာ​ ​နန်း​တော်​ကြီး​ ​ဖြစ်​ခဲ့​သော်​လည်း​ ​ဟောင်း​နွမ်း​ဆွေး​မြေ့​သော​ ​နေ​ရာ​များ​ ​ရှိ​နေ​ပြီ​ဖြစ်​ရာ​ ​ပြည်​သူ့​အ​သုံး​စ​ရိတ်​မှ​ ​နှစ်​စဥ်​ ​ပေါင်​စ​တာ​လင်​ ​၃၈.​၂​ ​သန်း​ကို​ ​ပြင်​ဆင်​ရေး​ ​စ​ရိတ်​စ​က​အ​တွက်​ ​သုံး​စွဲ​နေ​ရ​ပြီး​ ​နန်း​တော်​ဝန်​ထမ်း​များ​အ​တွက်​ ​လ​စ​ငွေ​ ​ပေး​ချေ​ရန်​ ​နောက်​ထပ်​ ​ပေါင်​စ​တာ​လင်​ ​၇.​၉​ ​သန်း​ကို​လည်း​ ​ပြည်​သူ့အ​ကျိုး​ပြု​ ​ရံ​ပုံ​ငွေ​များ​မှ​ပင်​ ​ရ​ယူ​ထား​ရ​သည်​။​ ​သို့​သော်​လည်း​ ​လူဦး​ရေ​ ​၆၂​ ​သန်း​ရှိ​သည့်​ ​နိုင်ငံ​၏​ ​အ​ခြေ​အ​နေ​အ​ရ​ ​နန်း​တော်​ထိန်း​သိမ်း​မှု​ ​စ​ရိတ်​တွင်​ ​နိုင်ငံ​သား​ ​တစ်ဦး​ချင်း​စီ​ထံ​မှ​ ​ရ​ယူ​သော​ ​ငွေ​ကြေး​သည်​ ​တစ်​နှစ်​လျင်​ ​၁​ ​ပေါင်​ပင်​ ​မ​ရှိ​ချေ​။​

​ ​ခန်း​မ​ဆောင်​ ​၇၇၅​ ​ခု​ပါ​ဝင်​သည့်​ နန်း​တော်​ကြီး​တစ်​ခု​လုံး​ ​အ​ပူ​ပေး​စ​နစ်​အ​တွက်​ ​တစ်​နှစ်​ကုန်​ကျ​စ​ရိတ်​မှာ​ ​ပေါင်​စ​တာ​လင်​ ​၁​ ​သန်း​ကျော်​မျှ​ရှိ​ကြောင်း​လည်း​ ​သိ​ရှိ​ရ​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here