နိုက်​ဂျီး​ရီး​ယား​အ​ကြမ်း​ဖက်​သ​မား​များ​ က​လေးငယ်​များ​အား​ ပြန်​ပေး​ဆွဲ​ထား

alt

နိုက်​ဂျီး​ရီး​ယား​တွင်​ လက်​နက်​ကိုင်​ ​အ​ကြမ်း​ဖက်​ အ​ဖွဲ့​များ​က​ ​ကျောင်း​သူ​ကျောင်း​သား​ က​လေးငယ်​ ​၁၅​ ဦး​အား​ ပြန်​ပေး​ဆွဲ​ထား​ကြောင်း​ သိ​ရ​သည်​။​ ​စက်​တင်​ဘာ​လ​ ၂၇​ ​ရက်​နေ့​က​ ​နိုင်ငံ​တောင်​ပိုင်း​ ရေ​နံ​အ​ထွက်​ ​ပေါ​ကြွယ်​၀​သော​ မြစ်​ဝှမ်း​ဒေ​သ​တွင်​ ပု​ဂ္ဂ​လိ​က​ ​ကျောင်း​တစ်​ခု​သို့​ ဦး​တည်​သွား​နေ​သော​ ​ကျောင်း​ကား​ကို​

သေ​နတ်​သ​မား​များ​က​ ကြား​ဖြတ်​တား​ဆီး​ကာ​ က​လေး​များ​အား​ ​ဖမ်း​ဆီး​ထား​ကြောင်း​ ရဲ​တပ်​ဖွဲ့​ ​တာ​ဝန်​ရှိ​သူ​ တစ်ဦး​က​ ​ပြော​ကြား​ခဲ့​သည်​။​

အ​ဘာ​ရီ​ ​နိုင်ငံ​တ​ကာ​ကျောင်း​မှ​ ကျောင်း​သား​လေး​များ​အ​ပြင်​ ကား​ဒ​ရိုင်​ဗာ​နှင့်​ ကား​ပေါ်​ပါ​လာ​သည့်​ ဆ​ရာ​တစ်ဦး​တို့၏​ ​မို​ဘိုင်း​ဖုန်း​ အား​လုံး​ကို​ ​လက်​နက်​ကိုင်​ အ​ကြမ်း​ဖက်​သ​မား​များ​က​ သိမ်း​ဆည်း​ထား​လိုက်​​ကြောင်း​ သိ​ရ​သည်​။​ ​ရဲ​တပ်​ဖွဲ့​ ပြော​ရေး​ဆို​ခွင့်​ရ​ အ​ရာ​ရှိ​ ​ဂေါ်​ဖ​ရီ​ အော့​ဘို​နာ​က​ ၎င်း​အ​ကြမ်း​ဖက်​ လက်​နက်​ကိုင်​များ​သည်​ ဒေါ်​လာ​ ​၁၃၀၀၀၀​ ​ကျော်​မျှ​ကို​ ပြန်​ပေး​ငွေ​အ​ဖြစ်​ တောင်း​ဆို​ထား​ကြောင်း​ ပြော​ကြား​ခဲ့​သည်​။​

ရဲ​တပ်​ဖွဲ့​က​ ​က​လေး​များ​ကို​ ဘေး​မ​သီ​ရန်​မ​ခ​ ​ကယ်​တင်​ရန်​ ကြိုး​ပမ်း​နေ​ကြောင်း​ ပြော​ဆို​ထား​သော်​လည်း​ ပြန်​ပေး​ငွေ​အား​ ​ပေး​ချေ​ရန်​ အ​စီ​အ​စဥ်​ ​ရှိ​မ​ရှိ​ကို​မူ​ မ​သိ​ရ​သေး​ချေ​။​ ​ရေ​နံ​တွင်း​ ​အ​လုပ်​သ​မား​ ​မိ​သား​စု​များ​၏​ ​က​လေး​များ​အား​ ​ပြန်​ပေး​ဆွဲ​မှု​ ​ဖြစ်​ပွား​ခဲ့​ပြီး​နောက်​ ​ယ​ခုအ​ခါ​ ​ရေ​နံ​လုပ်​သား​ ​အိမ်​ရာ​များ​ကို​ ​သံ​စည်း​ရိုး​များ​ ​ကာ​ရံ​ကာ​ ​လုံ​ခြံု​ရေး​ကို​လည်း​ ​တိုး​မြှင့်​ပေး​ထား​ရ​ကြောင်း​ ​သ​တင်း​ရ​ရှိ​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here