Comic​ ​ဇာတ်​ကောင်​အ​ဖြစ်​ ​အ​စ္စ​လာမ်​ဘာ​သာ​ဝင် တစ်ဦး​အား​ ​ပ​ထ​မ​ဆုံး​မြင်​တွေ့​ရ​မည်

alt

Comic ၏ အဓိကဇာတ်​ဆောင်​သစ်​ ​တစ်ဦး​အ​ဖြစ်​ အ​စ္စ​လာမ်​ ​ဘာ​သာ​ဝင် ​တစ်ဦး​ကို​ ​ပ​ထ​မ​ဆုံး​ ​တွေ့​မြင်​ရ​မည်​ဟု​ ​သိ​ရ​သည်​။​ ဇာတ်​ကောင်​သစ်​သည်​ ​အ​မေ​ရိ​ကန်​နှင့်​ ​ဆီး​ရီး​ယား​တို့မှ​ ​မ​သန်​မ​စွမ်း​ ​လူငယ်​အ​ဖွဲ့​တစ်​ခု​မှ​ ​တစ်ဦး​ဖြစ်​ပြီး​ ​ဘီး​တပ်​ကု​လား​ထိုင်​ဖြင့်​ ​သွား​လာ​နေ​ရ​သူ​ဖြစ်​သည်​။​

​ခြေ​နှစ်​ဖက်​ ​မ​ရှိ​သော်​လည်း​ ​ယင်း​သည်​ ​အ​လွန်​ထူး​ခြား​သော​ ​စူ​ပါ​စွ​မ်း​အင်​များ​ ​ပိုင်​ဆိုင်​နိုင်​မည်​ဟု​ ​သိ​ရ​သည်​။​ Comic​ ဇာတ်​လမ်း​များ​တွင်​ ​မွတ်​ဆ​လင်​ ​လူငယ်​လေး​တစ်ဦး​ ​ပ​ထ​မ​ဆုံး​ ​ပါ​ဝင်မည့်​ ​ဇာတ်​လမ်း​ကို​ ​စီ​စဥ်​ပြီး​ ​ဖြစ်​သော်​လည်း​ ​တိ​တိ​ကျ​ကျ​ ​ဖော်​ပြ​ခြင်း​ ​မ​ရှိ​သေး​ပေ​။​ Silver​ Scorpion​ ဟု​ အ​မည်​ရ​သော​ ​ဇာတ်​ကောင်​ဖြစ်​လာ​မည့်​ ​လူငယ်​လေး​သည်​ ​နင်း​မိုင်း​ဒဏ်​ကြောင့်​ ​ခြေ​နှစ်​ဖက်​ ​ဆုံး​ရှုံး​ခဲ့​ရ​ပြီး​ ​နောက်​ပိုင်း​တွင်​ ၎င်း​၏​ ​သ​ဘာ​ဝ​လွန်​ ​စွမ်း​အင်​များ​ ​ရှိ​နေ​ခြင်း​ကို​ ​သ​ဘော​ပေါက်​ ​နား​လည်​လာ​မည်​ဖြစ်​သည်​။​ ​ယင်း​ဇာတ်​လမ်း​သစ်​ကို​ ​နို​ဝင်ဘာ​လ​ဆန်း​တွင်​ ​အ​င်္ဂလိပ်​၊​ ​အာ​ရေ​ဗျ​ ​နှစ်​ဘာ​သာ​ဖြင့်​ ​ထ​ုတ်​ဝေ​သွး​မည်​ဟု​ ​သိ​ရ​သည်​။

​ Liquid​ Comic ​၏​ CEO ​ဖြစ်​သူ​ ​ရှာ​ရက်​ ​ဒါ​ဗာ​ရာ​ဂျန်​က​ မွတ်​ဆ​လင်​ ​လူငယ်​လေး​ ​တစ်ဦး​ကို​ အ​ဓိ​က​ ​ဇာတ်​ဆောင်​နေ​ရာ​ ​ထား​ရှိ​ရန်​ ​ကိ​စ္စ​သည်​ ​ထူး​ခြားဆန်း​ကျယ်​သော​ ​စိတ်​ကူး​တစ်​ခု​ဖြစ်​ကြောင်း​ ​ပြော​ကြား​ခဲ့​သည်​။​ ​ထို့​အ​ပြင်​ ​ယ​ခု​ဇာတ်​ကောင်​သည်​ ​ယ​ခင်​က​ ​စူ​ပါ​ဟီး​ရိုး​များ​နှင့်​ ​ကွဲ​ပြား​စွာ​ ​မ​သန်​စွမ်း​သူ​ ​တစ်ဦး​ဖြစ်​နေ​ကြောင်း​လည်း​ ၎င်း​က​ဆို​သည်​။​​ Liquid​ Comic​သည်​ ​ယ​ခု​ဇာတ်​လမ်း​ကို​ ​ဖန်​တီး​ရန်​အ​တွက်​ ​ဆီး​ရီး​ယား​နိုင်ငံ​ ​ဒ​မတ်​စ​ကက်​ ​မြို့​တော်​ထိ​ ပ​ညာ​ရှင်​များ​ ​စေ​လွှတ်​ကာ​ ​ဒေ​သ​ခံ​ ​အ​နု​ပ​ညာ​ရှင်​များ​နှင့်​ ​ပူး​ပေါင်း​ဆောင်​ရွက်​စေ​ခဲ့​ကြောင်း​ ​သိ​ရှိ​ရ​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here