အ​မေ​ရိ​ကန်​ပြ​ည့်​တန်​ဆာ​ အ​မျိုး​သ​မီး​အား​ နစ်​နာ​ကြေး​ရ​လို​ကြောင်း​ ဒေး​ဗစ်​ဘက်​ခမ်း​ တ​ရား​စွဲ​ဆို

alt

ဒေး​ဗစ်​ဘက်​ခမ်း​က​ ၎င်း​နှင့်​ ​ဇာတ်​ရှုပ်​ခဲ့​ကြောင်း​ စွပ်​စွဲ​ပြော​ဆို​ခဲ့​သည့်​ အ​မေ​ရိ​ကန်​ ​ပြည့်​တန်​ဆာ​ အ​မျိုး​သ​မီး​ ​အာ​မာ​နီ​ဆီ​အား​ နစ်​နာ​ကြေး​ ​ပေါင်​စ​တာ​လင်​ ၁၆​ ​သန်း​ ​ရ​လို​ကြောင်း​ တ​ရား​စွဲ​ဆို​လိုက်​သည်​။​

အ​သက်​ ​၂၆​ ​နှစ်​ရှိ​ နီ​စီ​သည်​ ​န​ယူး​ယောက်​ရှိ​ ဟို​တယ်​တစ်​ခု​တွင်​ တည်း​ခို​နေ​ရာ​မှ​ ဥ​ပ​ဒေ​ကြောင်း​အ​ရ​ ရင်​ဆိုင်​ရန်​ ​ဘက်​ခမ်း​တို့​က​ စီ​စဥ်​လာချိန်​တွင်​ ရှောင်​ထွက်​သွား​ကြောင်း​ ဗြိ​တိန်​ထုတ်​ The​ Sun​ ​သ​တင်း​စာ​က​ ဖော်​ပြ​ခဲ့​သည်​။​ ​သို့​သော်​လည်း​ ရဲ​များ​က​ ​သူ​မ​အား​ ​သ​တိ​ပြု​မိ​ပြီး​ ​အ​နက်​ရောင်​ 4X4​ ​မော်​တော်​ယာဥ်​ကို​ ​ကြား​ဖြတ်​ပိတ်​ဆို့​လိုက်​ကြောင်း​ The​ Sun​ က​ဆို​သည်​။​ ​အ​သက်​ ​၃၆​ ​နှစ်​ရှိ​ ​ဘက်​ခမ်း​သည်​ ၎င်း​က​ ​သူ​မ​အား​ ​လိင်​ဖျော်​ဖြေ​မှု​အ​တွက်​ ​ငွေ​ကြေး​ပေး​ ငှား​ရမ်း​ခဲ့​ကြောင်း​ ​မ​ဂ္ဂ​ဇင်း​တစ်​စောင်​သို့​ ​ပြော​ကြား​ခဲ့​ခြင်း​အ​တွက်​ ​ယ​ခု​လို​ ​တ​ရား​စွဲ​ဆို​လိုက်​ခြင်း​ဖြစ်​သည်​။​

​အ​င်္ဂလန်​ ​လက်​ရွေး​စင်​ ​ဘော​လုံး​အ​သင်း​ ​ခေါင်း​ဆောင်​ဟောင်း​နှင့်​ ​သူ​မ​တို့​သည်​ ​၂၀၀၇​ ​ခု​နှစ်​အ​တွင်း​ ​လန်​ဒန်​နှင့်​ ​န​ယူး​ယောက်မြို့​များ​အ​တွင်း​ ​တွေ့​ဆုံ​ခဲ့​ကြောင်း​ ​ပြော​ကြား​ခဲ့​ခြင်း​ဖြစ်​သည်​။​ ​ထို့​အ​ပြင်​ ​က​လေး​သုံးဦး​၏​ ​ဖ​ခင်​ဖြစ်​သော​ ​ဘက်​ခမ်း​သည်​ ​သူ​မ​အား​ ​တစ်​ည​လျင်​ ​အ​မေ​ရိ​ကန်​ဒေါ်​လာ​ ​တစ်​သောင်း​စီ​ ​ပေး​ခဲ့​ကြောင်း​လည်း​ ​နီ​စီ​က​ ​ပြော​ကြား​ခဲ့​သည်​။

​ ဘက်​ခမ်း​က​ ​ယင်း​ကိ​စ္စ​ကို​ ​ဒေါ​သ​တ​ကြီး​ ​ငြင်း​ဆန်​ခဲ့​သ​လို​ ​ပြည့်​တန်​ဆာ​ ​တစ်ဦး​နှင့်​ ​မိ​မိ​က​ ​အိပ်​ခဲ့​ကြောင်း​ ​သ​တင်း​သည်​ ​ဇ​နီး​ဖြစ်​သူ​ ​ဗစ်​တိုး​ရီး​ယား​အား​ ​ကျန်း​မာ​ရေး​ ​ဆုတ်​ယုတ်​စေ​ခဲ့​ကြောင်း​လည်း​ ​ဘက်​ခမ်း​က​ ​အ​ရေး​ဆို​ထား​ကြောင်း​ ​သိ​ရှိ​ရ​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here