HIV​ ကူး​စက်​ခံ​ထာ​ရ​သူ​များ​ ဆေး​ဝါး​ကု​သ​ခံ​မှု​ ​တိုး​မြင့်​လာ

alt

၂၀၀၉​ ​ခု​နှစ်​အ​တွင်း​ HIV​ ပိုး​ ​ကူး​စက်​ခံ​ထား​ရ​သူ​များ​ ဆေး​ဝါး​ကု​သ​မှု​ ​ခံ​ယူ​သည့်​ အ​ရေ​အ​တွက်​ ​သိ​သိ​သာ​သာ​ တိုး​မြင့်​လာ​ကြောင်း​ က​မ္ဘာ့​ကျန်း​မာ​ရေး​အ​ဖွဲ့​ကြီး​ (WHO)​ က​ ​ကြေ​ညာ​ခဲ့​သည်​။​ အ​ထူး​သ​ဖြင့်​ ​ဝင်ငွေ​အ​ဆင့်​ နိမ့်​ကျ​သော​ ​နိုင်ငံ​များ​နှင့်​ အ​လယ်​အ​လတ်​ ​ဝင်ငွေ​ရှိ​သော​ နိုင်ငံ​များ​တွင်​ ​တိုး​တက်​မှု​များ​ ရှိ​လာ​ရာ​

​ထို​မ​တိုင်​မီ​ နှစ်​က​ထက်​ ​ဆေးဝါး​ကု​သ​မှု​ ခံ​ယူ​သူ​ ​အ​ရေ​အ​တွက်​ ၃၆​ ​ရာ​ခိုင်​နှုန်း​မျှ​ မြင့်​မား​လာ​ကြောင်း​ သိ​ရ​သည်​။​ WHO​က​ ​ကု​လ​သ​မ​ဂ္ဂ​ လက်​အောက်​ခံ​ ​အ​ဖွဲ့​အ​စည်း​ UNICEF​နှင့်​ ​ကု​လ​သ​မ​ဂ္ဂ​ HIV/AIDS​ ​တိုက်​ဖျက်​ရေး​ စီ​မံ​ကိန်း​ ​အ​ဖွဲ့​တို့​နှင့်​ ပူး​ပေါင်း​ကာ​ ​ဝင်ငွေ​နည်း​ပါး​သော​၊​ အ​လယ်​အ​လတ်​အ​ဆင့်​ရှိ​သော​ နိုင်ငံ​ပေါင်း​ ​၁၄၄​ ခု​တို့​တွင်​ ​ဆေး​ဝါး​ကု​သ​မှု​ ခံ​ယူ​သည့်​ ​အ​ခြေ​အ​နေ​အား​ စစ်​တမ်း​ပြု​စု​ ​လေ့​လာ​ခဲ့​သည်​။​ ၂၀၀၈​ ​ခု​နှစ်​၊​ ​ဒီ​ဇင်​ဘာ​လ​မှ​ ၂၀၀၉​ ​ခု​နှစ်​ ​ဒီ​ဇင်​ဘာ​လ​ထိ​ ဆေး​ဝါး​ကု​သ​မှု​ ​ခံ​ယူ​သော​ HIV​ ​ဝေ​ဒ​နာ​ရှင်​ ​အ​ရေ​အ​တွက်​သည်​ ​၁.​၂​ ​သန်း​ကျော်​ထိ​ ​တိုး​ပွား​လာ​ကြောင်း​ WHO​ က​ ​ကြေ​ညာ​ထား​သည်​။​

​အ​ထူး​သ​ဖြင့်​ ​အာ​ဖ​ရိ​က​တိုက်​ရှိ​ HIV​ ပိုး​ရှိ​သူ​ ​မိ​ခင်​များ​မှ​ ​က​လေး​သို့​ ​ကူး​စက်​မှု​ကို​ ​တား​ဆီး​ရေး​ ​ကြိုး​ပမ်း​မှု​တွင်​ ​ပို​မို​အောင်​မြင်​လာ​ကြောင်း​ ​သိ​ရ​သည်​။​ ​ဘ​ရာ​ဇီး​၊​ ​န​မီး​ဘီး​ယား​နှင့်​ ​ယူ​က​ရိန်း​တို့​တွင်​ HIV ​ပိုး​ ​ကူး​စက်​ခံ​ရ​သူ​ ​က​လေးငယ်​ ​၈၀​ ​ရာ​ခိုင်​နှုန်း​ကျော်​ကို​ ​ဆေး​ဝါး​ကု​သ​မှု​ ​ပြု​လုပ်​ပေး​နိုင်​ခဲ့​သည်​။​

WHO ​၏​ ​HIV/AIDS ​ဆိုင်​ရာ​ လက်​ထောက်​ ​အ​ထွေ​ထွေ​ ​ဒါ​ရိုက်​တာ​ဖြစ်​သူ​ ​ဒေါက်​တာ​ဟီ​ရို​ကီ​ ​နာ​ကာ​တာ​နီ​က​ ​က​မ္ဘာ့​အ​စိတ်​အ​ပိုင်း​ ​အ​သီး​သီး​မှ​ ​နိုင်ငံ​များ​တွင်​ HIV ​ပိုး​အ​တွက်​ ​ကု​သ​ရေး​ဆိုင်​ရာ​ ​လှုပ်​ရှား​ဆောင်​ရွက်​မှု​များ​သည်​ ​အား​ရ​စ​ရာ​ ​အ​နေ​အ​ထား​ ​ရှိ​ခဲ့​ကြောင်း​ ​ချီး​ကျူး​ပြော​ဆို​သွား​ခဲ့​သည်​။​

LEAVE A REPLY

Please enter your comment!
Please enter your name here