​မြောက်​ကို​ရီး​ယား​ခေါင်း​ဆောင်​ကြီး​ ​ကင်​ဂျံု​အီ​၏​သား​ ​ဗိုလ်​ချုပ်​ရာ​ထူး​ ​ဆက်​ခံ​ရ​ရှိ

alt

မြောက်​ကို​ရီး​ယား​နိုင်ငံ​သည်​ ​ခေါင်း​ဆောင်​ကြီး​ ​ကင်​ဂျံု​အီ​၏​ ​အငယ်​ဆုံး​သား​အား​ ပ​ထ​မ​ဆုံး​အ​ကြိမ်​ ​တ​ရား​ဝင် ​ရာ​ထူး​ကြီး​တစ်​ခု​ ​ခန့်​အပ်​လိုက်​ပြီး​နောက်​ တိုင်း​ပြည်​၏​ ​နှစ်​ပေါင်း​ ​၃၀​ ​အ​တွင်း​ ​ထိပ်​သီး​အ​စည်း​အ​ဝေး​ကို​ ​စက်​တင်​ဘာ​ ​၂၈​ ​ရက်​နေ့​က​ ​စ​တင်​ကျင်း​ပ​နေ​ပြီ​ဟု​ ​သိ​ရ​သည်​။

​ ​ကင်​ဂျံု​အီ​၏​ ​အ​ရိုက်​အ​ရာ​ကို​ ​ဆက်​ခံ​မည့်​သူ​အ​ဖြစ်​ ​နာ​မည်​ကြီး​နေ​သော​ ​ကင်​ဂျံု​အန်​သည်​ ​စက်​တင်​ဘာ​ ​၂၇​ ​ရက်​နေ့​က​ ​ဖ​ခင်​ဖြစ်​သူ​ ​အပ်​နှင်း​သော​ ​ဗိုလ်​ချုပ်​ရာ​ထူး​ကို​ ​လက်​ခံ​ရ​ယူ​ခဲ့​သည်​။​ ​ကင်​ဂျံု​အန်​သည်​ ​အ​လွန်​လျှို့​ဝှက်​သူ​ဖြ​စ်​ပြီး​ ၎င်း​၏​ ​အ​သက်​အ​မှန်​ကို​ပင်​ ​သိ​ရှိ​သူ​ ​နည်း​လှ​သည်​။​ ​နောက်​တစ်​နေ့​တွင်​ ​စ​တင်​ကျင်း​ပ​သည့်​ ​မြောက်​ကို​ရီး​ယား​ ထိပ်​သီး​အ​စည်း​အ​ဝေး​သည်​ ​ကင်​ဂျံု​အန်​အား​ ​အာ​ဏာ​ရှင်​ကြီး​၏​ ​အ​ရိုက်​အ​ရာ​ ​ဆက်​ခံ​သူ​အ​ဖြစ်​ ​တ​ရား​ဝင်​ ​ကြေ​ညာ​မည့်​ ​အ​ခမ်း​အ​နား​အ​ဖြစ်​ ​ယ​ခင်​က​တည်း​က​ ​သ​တင်း​များ​ ​ထွက်​ပေါ်​လျက်​ရှိ​သည်​။​ ​အ​သက်​ ​၆၈​ ​နှစ်​ရှိ​ ​အ​ဓိ​ပ​တိကြီး​သည်​ ​ကျန်း​မာ​ရေး​ ​အ​ခြေ​အ​နေ​ကြောင့်​ ​သား​ဖြစ်​သူ​အား​ ​အ​ရိုက်​အ​ရာ​ လွှဲ​ပြောင်း​ပေး​ရန်​ ​စီ​စဥ်​နေ​ပြီ​ဟု​ ​သ​တင်း​များ​က​ ​ဖော်​ပြ​ခဲ့​ခြင်း​ဖြစ်​သည်​။

​ ​ပြံု​ယမ်း​ရှိ​ ​မြောက်​ကို​ရီး​ယား​ ​အာ​ဏာ​ပိုင်​များ​က​ ယင်း​ကိ​စ္စ​နှင့်​ ​ပတ်​သက်​ပြီး​ ​ငြင်း​ချက်​ထုတ်​ခြင်း​၊​ ​အ​တည်​ပြု​ခြင်း​မျိုး​ ​မ​ရှိ​ပေ​။​ ​စက်​တင်​ဘာ​ ​၂၇​ ​ရက်​နေ့​ ​ရာ​ထူး​ခန့်​အပ်​မှု​ ​အ​ခမ်း​အ​နား​တွင်​ ​ကင်​ဂျံု​အီ​၏​ ​ညီ​မ​ဖြစ်​သူ​ ​ကင်​ကျံု​ဟွိုင်​သည်​လည်း​ ​ဗိုလ်​ချုပ်​တစ်ဦး​ ​ဖြစ်​လာ​ကြောင်း​ ​သိ​ရ​သည်​။​ ကင်​ကျံု​ဟွမ်​၏​ ​ခင်​ပွန်း​ဖြစ်​သူ​ ​ဂျန်​ဆွန်​သိတ်​သည်​ ​လက်​ရှိ​ ​မြောက်​ကို​ရီး​ယား​ ​အ​စိုး​ရ​တွင်​ ​ဒု​တိ​ယ​ ဩ​ဇာ​အ​ကြီး​မား​ဆုံး​ ​ပု​ဂ္ဂိုလ်​အ​ဖြစ်​ ​သတ်​မှတ်​ခံ​ထား​ရ​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here