သ​မီး​ဖြစ်​သူ​အား​ ​မု​ဒိမ်း​ကျင့်​သူ​ကို​ ​ဗီ​ယက်​နမ်​ရဲ​ ​ဖမ်း​ဆီး

alt

ဗီ​ယက်​နမ်​ ​ရဲ​များ​သည်​ သ​မီး​ဖြစ်​သူ​အား​ ​နေ့​စဥ်​ရက်​ဆက်​နီး​ပါး​ ​မု​ဒိမ်း​ကျင့်​ခဲ့​သူ​ ​တစ်ဦး​အား​ ​ဖမ်း​ဆီး​လိုက်​ကြောင်း​ ​သိ​ရ​သည်​။​ ​ပြီး​ခဲ့​သည့်​ သီ​တင်း​ပါတ်​ကုန်​က​ ​အ​ဖမ်း​ခံ​ရ​သော​ အ​သက်​ ​၃၉​ ​နှစ်​အ​ရွယ်​ ​အ​မျိုး​သား​အား​ ​ရဲ​များ​က​ ​စစ်​ဆေး​မေး​မြန်း​နေ​ဆဲ​ဖြစ်​သည်​။

​ ​တောင်​ပိုင်း​ ​ဘင်​ဖူ​အော့​တွင်​ ​နေ​ထိုင်​သည့်​ ​ထို​မု​ဒိမ်း​သ​မား​သည်​ ​သ​မီးငယ်​အား​ ​လွန်​ခဲ့​သော​ ​၄​ ​နှစ်​က​တည်း​က​ ​မု​ဒိမ်း​ကျင့်​နေ​ခဲ့​သည်​ဟု​ ​ယူ​ဆ​ရ​သည်​။​ ​၂၀၀၆​ ​ခု​နှစ်​ ​ဇွန်​လ​က​ ​စ​တင်​ပြီး​ ​မု​ဒိမ်း​ကျင့်​ခံ​ရ​သော​ ​မိန်း​က​လေး​သည်​ ​ထိုစဥ်​က​ ​အ​သက်​ ​၁၁​ ​နှစ်​သာ​ ​ရှိ​သေး​ကြောင်း​ ​သိ​ရ​သည်​။​ ​မိန်း​က​လေး​က​ ​ဖ​ခင်​ဖြစ်​သူ​သည်​ ​သူ​မ​အား​ ​အိပ်​ရာ​ထဲ​နှင့်​ ​မီး​ဖို​ချောင်​ထဲ​တွင်​ ​နေ့​စဥ်​လို​လို​ ​မု​ဒိမ်း​ကျင့်​ခဲ့​ကြောင်း​ ​ရဲ​များ​အား​ ​တိုင်​ကြား​ခဲ့​သည်​။​ ​ယင်း​ကိ​စ္စ​ကို​ ​ထို​သူ​၏​ ​ဇ​နီး​က​ ​တ​ရား​လို​ပြု​ ​တိုင်​ကြား​ခဲ့​ခြင်း​ဖြစ်​သည်​။​ ​သူ​မ​က​ ​လွန်​ခဲ့​သော​ ​တစ်​လ​ခန့်​က​ ​သ​မီး​အား​ ​မု​ဒိမ်း​ကျင့်​နေ​သော​ ​ခင်​ပွန်း​ကို​ လက်​ပူး​လက်​ကြပ်​ ​တွေ့​ခဲ့​သော်​လည်း​ ​ထို​စဥ်​က​ ​ရဲ​အား​မ​တိုင်​ရန်​ ​တောင်း​ပန်​ခဲ့​ပြီး​ ​နောက်​တစ်​ကြိမ်​ ​မ​လုပ်​တော့​ဟု​ ​က​တိ​ပေး​ခဲ့​ကြောင်း​ ​ရဲ​များ​အား​ ​ပြော​ကြား​ခဲ့​သည်​။​ ​နောက်​ပိုင်း​တွင်​မူ​ ​ခင်​ပွန်း​သည်​က​ ​အ​ကြမ်း​ဖက်​သော​ ​အ​ပြု​အ​မူ​များ​ ​လုပ်​လာ​ပြီး​နောက်​ ​သူ​မ​ကိုင်​တိုင်​ ​ရဲ​များ​အား​ ​တိုင်​ကြား​ခဲ့​ခြင်း​ဖြစ်​သည်​။​

​ယ​ခု​အ​ခါ​ ​အ​သက်​ ​၁၆​ ​နှစ်​ ​ရှိ​ပြီ​ဖြ​စ်​ပြီး​ ​အ​ထက်​တန်း​ ​ကျောင်း​သူ​လေး​ ​ဖြစ်​နေ​သော​ ​သ​နား​စ​ရာ​ ​မိန်း​က​လေး​ကို​ ​ဆေး​ရုံ​သို့​ ​ပို့​ဆောင်​ကာ​ ​စိတ်​ပိုင်း​ဆိုင်​ရာ​ ​အ​ခြေ​အ​နေ​များ​အ​တွက်​ စစ်​ဆေး​လျက်​ရှိ​သည်​။​ ​ဗီ​ယက်​နမ်​တွင်​ ​က​လေးငယ်​များ​အား​ ​မု​ဒိမ်း​ကျင့်​ခြင်း​သည်​ ​အ​လွန်​ကြီး​လေး​သော​ ​အ​ပြစ်​ဖြစ်​ပြီး​ ​သေ​ဒဏ်​ထိ​ ​ချ​မှတ်​နိုင်​ကြောင်း​ ​သိ​ရှိ​ရ​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here