ဘ​ရာ​ဇီး​မှ​လူ​တစ်ဦး​၏​ ဦး​ခေါင်း​တွင်​ ​၃​ ​နှစ်​ကြာ​ ​စိုက်​နေ​သည့်​ ​ဓား​အား​ ​ခွဲ​ထုတ်

alt

ဘ​ရာ​ဇီး​တွင်​ ​နေ​ထိုင်​သူ​ ​တစ်ဦး​သည်​ ​ခေါင်း​တွင်​ ​၃​ ​နှစ်​ကြာ​အောင်​ ​စိုက်​နေ​သော​ ​ဓား​အား​ ​ခွဲ​ထုတ်​ခဲ့​ပြီး​နောက်​ ​ယ​ခု​အ​ခါ​ ​ဒဏ်​ရာ​အ​ခြေ​အ​နေ​ ​သက်​သာ​ပျောက်​ကင်း​လာ​နေ​ပြီ​ဟု​ ​သိရ​သည်​။​

​နိုင်ငံ​အ​နောက်​မြောက်​ပိုင်း​တွင်​ ​နေ​ထိုင်​သော​ ​အ​သက်​ ​၂၉​ ​နှစ်​ရှိ​ ​နေ​အိမ်​တိုက်​တာ​ ​ပြု​ပြင်​ရေး​သ​မား​ ​အဲ​ဒီ​ဆင်​ ​နက်​ဆီ​မင်​တို​သည်​ ​အ​ရက်​ဘား​တစ်​ခု​တွင်​ ​ရန်​ဖြစ်​ရင်း​ ​၄​ ​လက်​မ​ ​အ​ရှည်​ရှိ​သော​ ​ဓား​တစ်​ချောင်း​ ဦး​ခေါင်း​တွင်​ ​အ​စိုက်​ခံ​ခဲ့​ရ​သည်​။​ ​အဲ​ဒီ​ဆင်​က​ ​ပြီး​ခဲ့​သော​ ​သီ​တင်း​ပါတ်​ ​အ​စော​ပိုင်း​က​ ​ပြု​လုပ်​ခဲ့​သည့်​ ​ခွဲ​စိတ်​မှု​နောက်​ပိုင်း​ မိ​မိ​အ​နေ​နှင့်​ ​နေ​ထိုင်​ရ​ ​အ​လွန်​ကောင်း​မွန်​လာ​ကြောင်း​ ​သ​တင်း​ထောက်​များ​အား​ ​ပြော​ကြား​ခဲ့​သည်​။​

​ရီ​ဆီ​ဖာ​မြို့​ခံ​ ​အဲ​ဒီ​ဆင်​သည်​ ​လာ​မည့်​သီ​တင်း​ပါတ်​တွင်​ ​ဆေး​ရုံ​မှ​ ​ဆင်း​ခွင့်​ရဖွယ်​ ​ရှိ​နေ​သည်​။​ ​၂၀၀၇​ ​ခု​နှစ်​က​ တိုက်​ခိုက်​မှု​အ​တွင်း​ အဲ​ဒီ​ဆင်​သည်​ ​ခေါင်း​ထဲ​တွင်​ ​ဓား​စိုက်​လျက်​ ​အိမ်​သို့​ရောက်​အောင်​ ​ပြန်​လာ​နိုင်​ခဲ့​သည်​။​ ​ထို​စဥ်​က​ ​ဆ​ရာ​ဝန်​များ​သည်​ ​ဓား​၏​ ​လက်​ကိုင်​ကို​ ​ဖယ်​ပေး​ခဲ့​သော်​လည်း​ ​ဓား​သွား​ကို​ ​နုတ်​လိုက်​ပါ​က​ ​အဲ​ဒီ​ဆင်​၏​ ဦး​နှောက်​တွင်​ ​ထိခိုက်​မှု​ ​ဖြစ်​လာ​မည်​ ​စိုး​ရိမ်​သော​ကြောင့်​ ဆက်​လက်​ထား​ရှိ​ခဲ့​သည်​။​

​၃​ ​နှစ်​ကြာ​သည့်​ ​အ​ချိန်​တွင်​မူ​ ​ဆေး​ပ​ညာ​ ​တိုး​တက်​လာ​ခြင်း​နှင့်​အ​တူ​ ​အဲ​ဒီ​ဆင်​၏​ ဦး​ခေါင်း​အ​တွင်း​ ​ဝင်​နေ​သော​ ​ဓား​သွား​ကို​ ​ဖယ်​ထုတ်​လိုက်​နိုင်​ခြင်း​ဖြစ်​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here