​ရုပ်​ရှင်​လောက​တွင်​​ ​ဩ​ဇာ​အ​ကြီး​မား​ဆုံး​ ​​ပု​ဂ္ဂိုလ်​များစာ​ရင်း​တွင်​ ​ဂျိမ်း​ကင်​မ​ရွန်ဦး​ဆောင်

alt

ရုပ်​ရှင်​လော​က​တွင်​ ဩ​ဇာ​သက်​ရောက်​မှု​ ​အ​ကြီး​မား​ဆုံး​ ​ပု​ဂ္ဂိုလ်​များ​ ​စာ​ရင်း​ကို​ Guardian​ ​သ​တင်း​စာ​ကြီး​က​ ​ဖော်​ထုတ်​ရေး​သား​လိုက်​ရာ​ ​ဒါ​ရိုက်​တာ​ ​ဂျိမ်း​ကင်​မ​ရွန်​က​ ​ထိပ်​ဆုံး​မှ​ ဦး​ဆောင်​နေ​ကြောင်း​ ​သိ​ရ​သည်​။​

​က​နေ​ဒါ​သား​ ​ဒါ​ရိုက်​တာ​ကြီး​သည်​ Titanic​​ ဇာတ်​ကား​ကို​ ​ဒေါ်​လာ​ ​၁.​၈​ ​ဘီ​လျံ​ထိ​ ​ဝင်​ငွေ​ရ​ရှိ​စေ​သ​လို​ Avatar​​ ဇာတ်​ကား​ကို​လည်း​ ​ဒေါ်​လာ​ ​၂.​၇​ ​ဘီ​လျံ​ထိ​ ​စံ​ချိန်​တင်​ ​ငွေ​ကြေး​ရ​ရှိ​စေ​ခဲ့​သူ​ဖြစ်​သည်​။​ Guardian​​ သ​တင်း​စာ​က​ ​ရုပ်​ရှင်​နှင့်​ ​ဂီ​တ​ဆိုင်​ရာ​ ​အ​ထူး​ပြု​ ​အ​ချပ်​ပို​ကို​ ​ဖော်​ပြ​ရန်​အ​တွက်​ ​သက်​ဆိုင်​ရာ​ ​နယ်​ပယ်​အ​လိုက်​ ​ကျွမ်း​ကျင်​သူ​များ​ထံ​မှ​ အ​ကူ​အ​ညီ​ကို​ ​ရ​ယူ​ခဲ့​သည်​။​ ​

အော်​စ​ကာ​ဆု​ရှင်​ ​ဒါ​ရိုက်​တာ​ကြီး​သည်​ ​အ​ခြား​နာ​မည်​ကျော်​ ​ဒါ​ရိုက်​တာ​တစ်ဦး​ဖြစ်​သည့်​ ​စ​တီ​ဖင်​စ​ပီး​ဘတ်​၊​ Titanic​​ ဇာတ်​ကား​တွင်​ ၎င်း​နှင့်​ ​လက်​တွဲ​ခဲ့​သည့်​ ​မင်း​သား​လီ​ယို​နာ​ဒို​ ​ဒီ​ကာ​ပ​ရီ​ယို​တို့​ကို​ ​ကျော်​ဖြတ်​ပြီး​ ​ယ​ခု​စာ​ရင်း​တွင်​ ​နံ​ပါတ်​ ​၁​ ​နေ​ရာ​ ​ရ​ခဲ့​ခြင်း​ဖြစ်​သည်​။

​ Guardian​မှ​ ​သတ်​မှတ်​ဖော်​ပြ​သည့်​ ​ဟော​လီး​ဝုဒ်​ ဩ​ဇာသက်​ရောက်​မှု​ ​အ​ကြီး​ဆုံး​ ​၁၀​ ဦး​မှာ​ ​အောက်​ပါ​အ​တိုင်း​ဖြစ်​သည်​။

  • ဂျိမ်း​ကင်​မ​ရွန်​ (ဒါ​ရိုက်​တာ)
  • ​စ​တီ​ဗင်​စ​ပီး​ဘတ်​ (ဒါ​ရိုက်​တာ)
  • လီ​ယို​နာ​ဒို​ဒီ​ကာ​ပ​ရီ​ယို​ (​မင်း​သား)
  • ဂျွန်​လာ​ဆက်​တာ​ (​ဒါ​ရိုက်​တာ)
  • ဘ​ရတ်​ပစ်​ (​မင်း​သား)
  • ​ခ​ရစ်​စ​တို​ဖာ​နို​လန်​ (​ဒါ​ရိုက်​တာ)
  • စ​ကော့​ရူ​ဒင်​ (​ပ​ရို​ဂျူ​ဆာ)
  • ​ကွမ်​တင်​တာ​ရန်​တီ​နို​ (​ဒါ​ရိုက်​တာ)
  • ဂျော့​က​လူ​နီး​ (မင်း​သား)
  • အက်​ဗေ​ဇီ​ (ဗြိ​တိန်​အ​စိုး​ရ​ဝန်​ကြီး)

LEAVE A REPLY

Please enter your comment!
Please enter your name here