ဂါ​ဇာ​အ​ရေး​ ​လှုပ်​ရှား​သူ​များ​ ​တင်​ဆောင်​လာ​သည့်​ ​သ​င်္ဘော​အား​ ​အ​စ္စ​ရေး​ရေ​တပ်​ ​စောင့်​ကြ​ည့်

alt

ဂါ​ဇာ​အ​ရေး​ ​လှုပ်​ရှား​သူ​ ​ဂျူး​များ​အား​ ​တင်​ဆောင်​လာ​သည့်​ ​သ​င်္ဘော​တစ်​စင်း​ကို​ ​အ​စ္စ​ရေး​ရေ​တပ်​က​ ​ချဥ်း​ကပ်​​စောင့်​ကြ​ည့်​ခဲ့​ကြောင်း​ ​သိ​ရ​သည်​။​ ​အ​စ္စ​ရေး​က​ ​ပိတ်​ဆို့​ထား​သည့်​ ​ဂါ​ဇာ​ကမ်း​မြှောင်​သို့​ ​ဝင်ရောက်​ရန်​ ​ကြိုး​ပမ်း​ခဲ့​သော​

​လူ့​အ​ခွင့်​အ​ရေး​ ​လှုပ်​ရှား​သူ​များ​ ​လိုက်​ပါ​လာ​သည့်​ ​သ​င်္ဘော​၏​ ​က​ပ္ပ​တိန်​ဖြစ်​သူ​ ​ဂ​လင်း​ဆက်​ကာ​က​ ၎င်း​သည်​ ​ဂါ​ဇာ​နှင့်​ ​၂၅​ ​မိုင်​အ​ကွာ​ထိ​ ​ချဥ်း​ကပ်​ရောက်​ရှိ​ခဲ့​ကြောင်း​ ​ပြော​ကြား​ခဲ့​သည်​။​

မိ​မိ​တို့​အား​ ​အ​နီး​တွင်​ ​တောက်​လျှောက်​ရှိ​နေ​သော​ ​အ​စ္စ​ရေး​ ​စစ်​သ​င်္ဘော​က​ ​ကြား​ဖြတ်​တား​ဆီး​မည်​ဟု​ထင်​ကြောင်း​ ​ဂ​လင်း​က​ဆို​သည်​။​ ​အ​စ္စ​ရေး​ ​ရေ​တပ်​က​မူ​ ​သ​င်္ဘော​သည်​ ​တား​မြစ်​ထားသည့်​ ​ဂါ​ဇာကမ်း​မြှောင်​သို့​ ​ကမ်း​မ​ကပ်​သ၍​ ​မည်​သို့​မျှ​ ​အ​ရေး​ယူ​မည်​ ​မ​ဟုတ်​ဟု​ ​ကြေ​ညာ​ထား​သည်​။​ ​ဂျူး​လှုပ်​ရှား​သူ​ ​၉​ ဦး​လိုပ်​ပါ​လာ​သော​ ​သ​င်္ဘော​သည်​ ​စက်​တင်​ဘာ​ ​၂၈​ ​ရက်​နေ့​ထိ​ ​ဂါ​ဇာ​ရေ​ပြင်​တွင်​ ​ဆက်​ရှိ​နေ​ဆဲ​ဟု​ ​သိ​ရ​သည်​။​

​အ​စ္စ​ရေး​သည်​ ​တူ​ရ​ကီ​ပိုင်​ ​သ​င်္ဘေင်္ာ​တစ်​စင်း​အား​ ​ယ​ခု​နှစ်​လယ်​က​ ​စီး​နင်း​တိုက်​ခိုက်​ခဲ့​မှု​ကြောင့်​ ​ဂါ​ဇာ​အား​ ​ရေ​ကြောင်း​မှ​ ​ပိတ်​ဆို့​မှု​များ​ ​ပြု​လုပ်​ထား​ခြင်း​အ​ပေါ်​ ​နိုင်ငံ​တ​ကာ​ ​ဝေ​ဖန်​မှု​များ​ ​တိုး​မြင့်​လာ​ခဲ့​သည်​။​ ​ထို​ကိ​စ္စ​နှင့်​ ​ပတ်​သက်​ပြီး​ ​တူ​ရ​ကီ​ ​လှုပ်​ရှား​သူ​များ​နှင့်​ ​အ​စ္စ​ရေး​ ​ရေ​တပ်​ကြား​ ​ပ​ဋိ​ပ​က္ခ​တစ်​ရပ်​ ​ဖြစ်​ပွား​ခဲ့​ကြောင်း​ ​အ​တည်​ပြု​နိုင်​ခဲ့​သည့်​တိုင်​ ​နှစ်​ဖက်​စ​လုံး​က​ ​မိ​မိ​ကိုယ်​ကိုယ်​ ​ကာ​ကွယ်​ခဲ့​ကြောင်း​ ​ပြော​ဆို​ထား​သည်​။​ ​ယင်း​ဖြစ်​စဥ်​တွင်​ ​တူ​ရ​ကီ​နိုင်ငံ​သား​ ​၈​ ဦး​နှင့်​ ​အ​မေ​ရိ​ကန်​နိုင်ငံ​ရောက်​ ​တူ​ရ​ကီ​တစ်ဦး​ ​သေ​ဆုံး​ခဲ့​သည်​။​ ထို​ကိ​စ္စ​ ​ဖြစ်​ပွား​ပြီး​နောက်​ပိုင်း​ ​အ​စ္စ​ရေး​သည်​ ​ဂါ​ဇာ​အား​ ​ပိတ်​ဆို့​ထား​မှု​အ​ပေါ်​ ​အ​တန်ငယ်​ ​လျှော့​ချ​ပေး​ခဲ့​သော်​လည်း​ ​ရေ​ကြောင်း​ပိတ်​ဆို့​မှု​ကို​ ​ဆက်​လက်​ထား​ရှိ​ဆဲ​ဖြစ်​ကြောင်း​ ​သိ​ရှိ​ရ​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here