အိ​န္ဒိ​ယ​တွင်​ ​ပြု​လုပ်​မည့်​ ​ဓ​န​သ​ဟာ​ယ​နိုင်ငံ​များ​ ​အား​က​စား​ပြိုင်​ပွဲ​ ​နာ​မည်​ပျက်​မှု​များ​ ​ဆက်​တိုက်​ဖြစ်​နေ

alt

အိ​န္ဒိ​ယ​နိုင်ငံ​တွင်​ ​ကျင်း​ပ​ပြု​လုပ်​ရန်​ ​ရည်​ရွယ်​ထား​သည့်​ ​ဓ​န​သ​ဟာ​ယ​ ​နိုင်ငံ​များ​ ​အား​က​စား​ပြိုင်​ပွဲ​၏​ ​နာ​မည်​ပျက်​နေ​မှု​များ​သည်​ ​အ​ဆိုး​ရွား​ဆုံး​ ​ဖြစ်​လာ​နေ​ကြောင်း​ ​သိ​ရ​သည်​။​ ​န​ယူး​ဒေ​လီ​တွင်​ ​ကျင်း​ပ​ရန်​ ​ပြင်​ဆင်​ထား​သော​

​အား​က​စား​ပွဲ​တော်​၏​ ​အ​စီ​အ​စဥ်​မ​ကျ​မှု​၊​ ​ညံ့​ဖျင်း​မှု​၊​ ​ဘေး​အ​န္တ​ရာယ်​ ​လုံ​ခြံု​ခြင်း​ ​မ​ရှိ​မှု​များ​ကြောင့်​ ​အ​သင်း​ဝင်နိုင်ငံ​များ​ ​နှုတ်​ထွက်​ရန်​ ​စီ​စဥ်​နေ​ကြောင်း​ ​သ​တင်း​များ​ ​ထွက်​ပေါ်​နေ​စဥ်​ ​တင်း​နစ်​ပြိုင်​ပွဲ​ ​ကျင်း​ပ​မည့်​ ​နေ​ရာ​မှ​ ​မြွေ​ဟောက်​တစ်​ကောင်​အား​ ​ဖမ်း​ဆီး​ရ​မိ​ခဲ့​ကြောင်း​ ​သိ​ရ​သည်​။​

ခါ​နီ​တင်း​နစ်​ရုံ​တွင်​ ​တွေ့​ရှိ​ခဲ့​သော​ ​မြွေ​ဟောက်​အား​ ​ဖယ်​ရှား​ပေး​ရန်​ ​မိ​မိ​တို့​အား​ ​အား​က​စား​ပွဲ​ ​စီ​စဥ်​သူ​များ​က​ ပန်​ကြား​ခဲ့​ပြီး​နောက်​ ​ထို​မြွေ​အား​ ​သွား​ဖမ်း​ခဲ့​ရ​ကြောင်း​ ​အိ​န္ဒိ​ယ​ ​သား​ရိုင်း​တိ​ရ​စ္ဆာန်​ ​ထိန်း​သိမ်း​ရေး​ဌာ​န​ ​တာ​ဝန်​ရှိ​သူ​ ​ကက်​ထရစ်​ ​ဆက်​ယန်​ရန်​ယာ​က​ ​ပြော​ကြား​ခဲ့​သည်​။​ ​ပြီးခဲ့​သည့်​ ​သီ​တင်း​ပါတ်​က​ ​မြွေ​တစ်​ကောင်​ ​ဖမ်း​ဆီး​မိ​သည်​ဆို​သော​ ​သ​တင်း​မှာ​ ​အား​က​စား​ရွာ​တွင်​ ​စီ​မံ​ခန့်​ခွဲ​ထား​မှုအ​ပေါ်​ ​စိတ်​ပျက်​နေ​သော​ ဩ​စ​တြေး​လျ​နှင့်​ ​ဗြိ​တိန်​ ​အား​က​စား​ ​အ​ဖွဲ့​များ​အ​တွက်​ ​ပို​မို​စိုး​ရိမ်​စ​ရာ​ ​ဖြစ်​လာ​သည်​။

​ ​ပြိုင်​ပွဲ​ကို​ ​တ​န​င်္ဂ​နွေ​နေ့​တွင်​ ကျင်း​ပ​သွား​ရန်​ ​စီ​စဥ်​ထား​ကြောင်း​ ​သိ​ရှိ​ရ​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here