အ​ခြား​သော​ ​ဂြိုလ်​က​မ္ဘာ​မှ​ ​သက်​ရှိ​များ​အ​တွက်​ ​ ကု​လ​သ​မ​ဂ္ဂ​သံ​တ​မန်​ခန့်​အပ်​ဆို​မှု​ ​မက်​ဇာ​လွန်​ငြင်း​ဆို

alt

အာ​ကာ​သ​ ​ရူ​ပ​ဗေ​ဒ​ ​ပ​ညာ​ရှင်​ ​တစ်ဦး​ဖြစ်​သော​ ​မက်​ဇာ​လွန်​ ​အော့​သာ​မန်​က​ ​သူ​မ​သည်​ ​ကု​လ​သ​မ​ဂ္ဂ​၏​ ​အ​ခြား​သော​ ​ဂြိုဟ်​က​မ္ဘာ​မှ​ ​သက်​ရှိ​များ​အ​တွက်​ ​ခန့်​အပ်​ထား​သည့်​ ​သံ​အ​မတ်​ရာ​ထူး​ကို​ ​လက်​ခံ​ရ​ရှိ​ထား​ကြောင်း​ ​သ​တင်း​များ​အား​ ​ငြင်း​ဆန်​သွား​သည်​။

​ ​မ​လေး​ရှား​ ​သိ​ပ္ပံ​ပ​ညာ​ရှင်​က​ ​ထို​သ​တင်း​များ​သည်​ ​သ​ဘော​ကျ​ ​နှစ်​ခြိုက်​စ​ရာ​ဖြစ်​ကြောင်း​၊​ ​သို့​သော်​လည်း​ ​သူ​မ​အ​နေ​နှင့်​ ​ငြင်း​ဆန်​ကြောင်း​ Guardian​သ​တင်း​ဌာ​န​သို့​ ​အ​သိ​ပေး​ခဲ့​သည်​။​ Sunday​ Times​ ​သ​တင်း​စာ​က​ ​အော့​သာ​မန်​အား​ ​က​မ္ဘာ​ဂြိုဟ်​သား​များ​နှင့်​ ​ပ​ထ​မ​ဆုံး​ ​ဆက်​သွယ်​လာ​မည့်​ ​အာ​ကာသ​အ​တွင်း​မှ​ ​သက်​ရှိ​များ​နှင့်​ ​ပေါင်း​ကူး​ဆက်​သွယ်​ရန်​ ​ရည်​စူး​ပြီး​ ​ကု​လ​သ​မ​ဂ္ဂ​က​ သံ​အ​မတ်​ ​ခန့်​အပ်​ထား​ကြောင်း​ ​ဖော်​ပြ​ခဲ့​ရာ​မှ​ ​ယင်း​ကဲ့​သို့​ ​သ​တင်း​များ​ ​ထွက်​ပေါ်​လာ​ခြင်း​ဖြစ်​သည်​။

​ ​သူ​မ​အ​နေ​နှင့်​ ​ကု​လ​သ​မ​ဂ္ဂ​၏​ ​သိ​ပ္ပံ​ဆိုင်​ရာ​ ​ညီ​လာ​ခံ​တစ်​ခု​တွင်​ ​တက်​ရောက်​ခဲ့​သော်​လည်း​ ​အ​ဓိ​က​ ​ဆွေး​နွေး​ပြော​ကြား​ခဲ့​သည့်​ ​အ​ကြောင်း​အ​ရာ​မှာ​ ​က​မ္ဘာ​အ​နီး​မှ​ ​ဖြတ်​သန်း​သွား​သည့်​ ဥ​က္ကာ​ခဲ​ကဲ့​သို့​ ​အ​ရာ​များ​ ​ကိ​စ္စ​သာ​ဖြစ်​ကြောင်း​လည်း​ဆို​သည်​။​ သူ​မ​က​ ​လူ​သား​များ​အ​ပြင်​ ​စ​ကြာ​ဝ​ဠာ​အ​တွင်း​ ​အ​ခြား​သက်​ရှိ​များ​ ​ရှိ​နေ​သည်​ဆို​သော​ ​အ​ယူ​အ​ဆ​မှာ​ ​စိတ်​ဝင်စား​စ​ရာ​ ​ကောင်း​ကြောင်း​လည်း​ ​မှတ်​ချက်​ပြု​သွား​ခဲ့​သည်​။​

LEAVE A REPLY

Please enter your comment!
Please enter your name here