​ဒေး​ဗစ်​ဘက်​ဟမ်း​နှင့်​ ​ငြိ​စွန်း​ဖူး​ကြောင်း​ ​စွပ်​စွဲ​လာ​သည့်​ ​အ​မျိုး​သ​မီး​အား​ ​ဗစ်​တိုး​ရီး​ယား​ ​တုန့်​ပြန်​ပြော​ကြား

alt

အ​မေ​ရိ​ကန်​ ​ပြည်​ထောင်​စု​မှ​ ​ကြေး​စား​အ​မျိုး​သ​မီး​များ​သည်​ ​ပျော်​ရွှင်​သာ​ယာ​သော​ ​မိ​သား​စု​ဘ​ဝ​ကို​ ​ဖျက်​စီး​ရန်​ ​အ​မြဲ​ကြိုး​ပမ်း​နေ​ကြောင်း​ ​ဗစ်​တိုး​ရီး​ယား​ ​ဘက်​ခမ်း​က​ ဝေ​ဖန်​ပြော​ကြား​လိုက်​သည်​။​

Spice​ Girls ​အ​ဖွဲ့​ဝင်​ ​အ​ဆို​တော်​ဟောင်းဖြစ်​ပြီး​ ဖက်​ရှင်​ဒီ​ဇိုင်​နာ​ တစ်ဦး​အ​ဖြစ်​ ​အ​မေ​ရိ​ကန်​ ​အ​ခြေ​ချ​နေ​ထိုင်​သော​ ဗစ်​တိုး​ရီး​ယား​က​ ​ခင်​ပွန်း​သည်​ ​အ​င်္ဂလန်​ ​လက်​ရွေး​စင်​ ​ဘော​လုံး​သ​မား​ဟောင်း​ ​ဒေး​ဗစ်​ဘက်​ခမ်း​အား​ ပြည့်​တန်​ဆာ​ ​အ​မျိုး​သ​မီး​တစ်ဦး​က​ ​သူ​မ​နှင့်​ ​ငြိ​စွန်း​ခဲ့​ကြောင်း​ ​စွပ်​စွဲ​ပြော​ကြား​မှု​နှင့်​ ​ပတ်​သက်၍​ ​ယ​ခု​လို​ ​တုန့်​ပြန်​လိုက်​ခြင်း​ဖြစ်​သည်​။​ ​ဘော့​စ​နီး​ယား​ဖွား​ ​အာ​မန်​နစ်​ကီ​က​ ​သူ​မ​သည်​ ​လော့စ်​အိန်​ဂျယ်​လိစ်​ ​ဂ​လက်​စီ​အ​သင်း​မ​ အ​သက်​ ​၃၆​ ​နှစ်​ရှိ​ ​ကြယ်​ပွင့်​က​စား​သ​မား​နှင့်​ ဇာတ်​လမ်း​ဖြစ်​ခဲ့​ကြောင်း​ ​ထုတ်​ဖော်​ပြော​ကြား​ခဲ့​သည်​။​ အာ​မန်က​ ​ဘက်​ခမ်း​သည်​ ​အိပ်​ယာ​တွင်း​ ​သုံးဦး​အ​ပျော်​ဇာတ်​ခင်း​ရာ​တွင်​ ​သူ​မ​ကို​ပါ​ ​ထည့်​သွင်း​ခဲ့​ကြောင်း​ ​မ​ဂ္ဂ​ဇင်း​တစ်​ခု​သို့​ ​ပေါင်​စ​တာ​လင်​ ​၁၅၀၀၀၀​ ​ရ​ယူ​ကာ​ ​ဖွင့်​ဟ​ပြော​ဆို​သွား​ကြောင်း​ ဗြိ​တိန်​အ​ခြေ​စိုက်​ The​ Sun​ သ​တင်း​စာ​က​ ​ဖော်​ပြ​ခဲ့​သည်​။​

​ယ​ခု​ကိ​စ္စ​နှင့်​ ​ပတ်​သက်​ပြီး​ ​အ​သက်​ ​၂၆​ ​နှစ်​အ​ရွယ်​ ​အာ​မန်​အား​ ​ဗစ်​တိုး​ရီး​ယား​က​ ​အိမ်​ထောင်​ရေး​ ​ဖျက်​ဆီး​ရန်​ ​ကြိုး​ပမ်း​သူ​အ​ဖြစ်​ ​စွပ်​စွဲ​ခဲ့​သ​လို​ ​အ​မေ​ရိ​ကန်​ ​လူ​နေ​မှု​ ​ဘ​ဝ​ကို​လည်း​ ​စိတ်​ပျက်​မိ​ကြောင်း​ ​ပြော​ကြား​ထား​သည်​။​ ​ဗစ်​တိုး​ရီး​ယား​၏​ ​သူငယ်​ချင်း​တစ်ဦး​က​ Armani​ ​မော်​ဒယ်​ဟောင်း​လည်း​ဖြစ်​သော​ ​ဗစ်​တိုး​ရီး​ယား​သည်​ ​ပတ်​ဝန်း​ကျင်​ရှိ​ ​လူ​များ​အား​လုံး​ ​မိ​မိ​တို့​ ​မိ​သား​စု​အား​ ​နောက်​ကွယ်​မှ​ ​လုပ်​ကြံ​ရန်​ ​ကြံ​စည်​နေ​သ​လို​ ​ခံ​စား​နေ​မိ​သည်​ဟု​ ​ရင်​ဖွင့်​ခဲ့​ကြောင်း​ ​ပြော​ကြား​သွား​သည်​။​

​အာ​မန်​က​ ​ဘက်​ခမ်း​သည်​ ​သူ​မ​အား​ ​န​ယူး​ယောက်​ ​ဟို​တယ်​တစ်​ခု​တွင်​ ​လွန်​ခဲ့​သော​ ​၃​ ​နှစ်​က​ ​ခေါ်​ယူ​တွေ့​ဆုံ​ခဲ့​ပြီး​ ​ထို​အ​တွက်​ ​ပေါင်​ ​၃၂၀၀​ ​ပေး​ခဲ့​သ​လို​ ​အ​ခြား​ ​ပြည့်​တန်​ဆာ​ ​တစ်ဦး​ကို​ပါ​ ​တစ်​ပေါင်း​တည်း​ ​ခေါ်​ယူ​ပျော်​ပါး​ကာ​ ​ထို့​အ​တွက်​ ​ပေါင်​ ​၁၅၀၀​ ​ပေး​ချေ​ခဲ့​သည်​ဟု​ ​ဖွင့်​ဟ​ပြော​ဆို​သွား​သည်​။​

​အ​မေ​ရိ​ကန်​ ​ဂေါက်​သီး​အ​ကျော်​အ​မော်​ ​တိုက်​ဂါး​ဝုဒ်​သည်​လည်း​ ​အ​ပျော်​မယ်​များ​၏​ ​ဖော်​ထုတ်​ချက်​ကောင်း​မှု​ကြောင့်​ ​အိမ်​ထောင်​ရေး​ ​ပြို​ကွဲ​ပျက်​စီး​ခဲ့​ကြောင်း​ ​သိ​ရှိ​ရ​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here