ရင်​သား​ကင်​ဆာ​ဝေ​ဒ​နာ​ရှင်​ ​အ​မျိုး​သ​မီး​တို့​၏​ ​လက်​တွဲ​ဖော်​များ​ ​စိတ်​ဖိ​စီး​မှု​ ​ခံ​စား​ကြ​ရ

alt

သု​တေ​သီ​များ​က​ ​ရင်​သား​ကင်​ဆာ​ ​ဝေ​ဒ​နာ​ရှင်​ ​အ​မျိုး​သ​မီး​များ​၏​ ​လက်​တွဲ​ဖော်​များ​သည်​ ​စိတ်​ဖိ​စီး​မှု​ ​ဝေ​ဒ​နာ​ကြောင့်​ ​ဆေး​ရုံ​တက်​ ​ကု​သ​ခံ​ရ​မှု​ ​အ​ခြေ​အ​နေ​ ​ပို​မို​မြင့်​မား​ကြောင်း​ ​ဖော်​ထုတ်​တွေ့​ရှိ​ခဲ့​သည်​။​

​လေ့​လာ​သူ​များ​၏​ ​အ​ဆို​အ​ရ​ ​ရင်​သား​ကင်​ဆာ​ ​ဝေ​ဒ​နာ​ရှင်​ ​အ​မျိုး​သ​မီး​များ​၏​ အ​ဖော်​များ​သည်​ ​စိတ်​ပိုင်း​ဆိုင်​ရာ​ ​လွဲ​ချော်​ဖောက်​ပြန်​မှု​များ​ ​ကြံု​တွေ့​ရန်​ ​သာ​မန်​ထက်​ ​၃၉​ ​ရာ​ခိုင်​နှုန်း​မျှ​ ​ပို​မို​အ​ခွင့်​အ​လမ်း​များ​ကြောင်း​ ​ပြော​ကြား​ခဲ့​သည်​။​ ​ဒိန်း​မတ်​ရှိ​ ​အ​သက်​ ​၃၀​ ​နှင့်​အ​ထက်​ ​အ​မျိုး​သား​ ​၂၀၅၃၈​ ဦး​၏​ ​စိတ်​ပိုင်း​ဆိုင်​ရာ​ ​အ​ခြေ​အ​နေ​များ​ကို​ ​၁၃​ ​နှစ်​ကြာ​ ​သု​တေ​သ​န​ပြု​ ​လေ့​လာ​ခဲ့​ပြီး​နောက်​ ​စိတ်​ဖိ​စီး​မှု​ကြောင့်​ ​ဆေး​ရုံ​တက်​ခဲ့​ရသည့်​ ​အ​မျိုး​သား​ ​၁၈၀​ ​ရှိ​လာ​ရာ​ ​ယင်း​တို့​အ​နက်​ ​အ​များ​စု​သည်​ ​ရင်​သား​ကင်​ဆာ​ ​ဝေ​ဒ​နာ​ရှင်​များ​၏​ ​ခင်​ပွန်း​သည်​ (​သို့​မ​ဟုတ်)​ ​ချစ်​သူ​များ​ ​ဖြစ်​နေ​ကြောင်း​ ​သု​တေ​သီ​များ​က​ ​ပြော​ကြား​ခဲ့​သည်​။​

​အ​ထူး​သ​ဖြင့်​ ​ပြင်း​ထန်​သော​ ​ကင်​ဆာ​ဝေ​ဒ​နာ​ကို​ ​ခံ​စား​နေ​ရ​သည့်​ ​အ​မျိုး​သ​မီး​များ​၏​ ​လက်​တွဲ​ဖော်​များ​တွင်​ စိတ်​ဖိ​စီး​မှု​ ​အ​ခြေ​အ​နေ​ ​ပို​မို​မြင့်​တက်​နေ​လေ့​ရှိ​ကြောင်း​ ကို​ပင်​ဟေ​ဂင်​ ​ကင်​ဆာ​ရော​ဂါ​ ​လေ့​လာ​မှု​ ​ပ​ညာ​ရေး​ဌာ​န​မှ​ ဦး​ဆောင်​သု​တေ​သီ​ ​ခ​ရစ်​စ​တို​ဖာ​ ​ဂျို​ဟန်​ဆင်​က​ ​ရှင်း​ပြ​ခဲ့​သည်​။​

​ဂျို​ဟန်​ဆင်​နှင့်​ ​လုပ်​ဖော်​ကိုင်​ဖက်​ ​ပ​ညာ​ရှင်​များ​၏​ ​ရှာ​ဖွေ​တွေ့​ရှိ​မှု​ ​အ​သေး​စိတ်​ ​အ​ချက်​အ​လက်​များ​ကို​ ​အ​မေ​ရိ​ကန်​ ​ကင်​ဆာ​အ​ဖွဲ့​ချုပ်​၏​ ​ဝက်​ဆိုက်​တွင်​လည်း​ ​ဖော်​ပြ​ထား​ကြောင်း​ ​သိ​ရှိ​ရသည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here