က​မ္ဘာ့​အ​သက်​အ​ကြီး​ဆုံး​​ ​အ​မျိုး​သား​​ ​၁၁၄​ ​နှစ်​ပြည့်​မွေး​နေ့​​ ​ကျင်း​ပ

alt

က​မ္ဘာ့​အ​သက်​အ​ကြီး​ဆုံး​​ ​အ​မျိုး​သား​အ​ဖြစ်​ ​မှတ်​တမ်းတင်​ထား​သည့်​​ ​ဝေါ်​တာ​ဘ​ရူ​နင်​၏​ ​၁၁၄​​ ​နှစ်​​ ပြည့်​ မွေး​နေ့​ကို​​ ​ယ​ခု​သီ​တင်း​ပါတ်​အ​တွင်း​က​​ ​ကျင်း​ပ​ခဲ့​သည်​။​

​အ​မေ​ရိ​ကန်​နိုင်ငံ​၊​​ ​မွန်​ထ​ရယ်​ရှိ​ သက်​ကြီး​စောင့်​ရှောက်​ရေး​​ ​ဂေ​ဟာ​တစ်​ခု​တွင်​ ​နေ​ထိုင်​သော​​ ​ဝေါ်​တာ​သည်​ ​၁၈၉၆​​ ​ခု​နှစ်​၊​ ​စက်​တင်​ဘာ​​ ​၂၁​ ​ရက်​နေ့​က​ ​မွေး​ဖွား​ခဲ့​သူ​ဖြစ်​ပြီး​​ ​လက်​ရှိ​အ​ချိန်​တွင်​​ ​သက်​ရှိ​ထင်​ရှား​ ​လူ​သား​များ​အ​နက်​​ ​စ​တု​တ္ထ​ ​အ​သက်​အ​ကြီး​ဆုံး​လည်း​​ ​ဖြစ်​နေ​သည်​။​ ​ဂ​ရက်​နော့​သမ်း​​ ​မီး​ရ​ထား​ ​ဌာ​န​တွင်​​ ​နှစ်​ပေါင်း​ ​၅၀​ ​ကြာ​​ ​လုပ်​ကိုင်​ခဲ့​သော​ ​ဝေါ်​တာ​၏​​ ​ဇ​နီး​ဖြစ်​သူ​ ​အက်​ဂ​နီး​သည်​​ ​၁၉၅၇​ ​ခု​နှစ်​က​တည်း​က​​ ​ကွယ်​လွန်​ခဲ့​ပြီး​ဖြစ်​သည်​။​​ ​အ​လီ​ဂမ်​မှ​ ​အ​သက်​​ ​၁၁၃​ ​နှစ်​အ​ရွယ်​ ​ဘ​ရစ်​တန်​ဟင်​န​ရီ​​ ​သေ​ဆုံး​ပြီး​နောက်​ ​၂၀၀၉​​ ​ခု​နှစ်​ ​ဇူ​လိုင်​လ​တွင်​​ ​ဝေါ်​တာ​သည်​ ​ဂင်း​နစ်​​ ​က​မ္ဘာ့​မျတ်​တမ်း​ ​စာ​အုပ်​တွင်​ အ​သက်​အ​ကြီး​ဆုံး​ ​အ​မျိုး​သား​အ​ဖြစ်​​ ​တ​ရားဝင်​ ​ဖော်​ပြ​ခြင်း​​ ​ခံ​ခဲ့​ရ​သည်​။​

​ဝေါ်​တာ​က​​ ​တစ်​နှစ်​ပြီး​တစ်​နှစ်​​ ​ကုန်​ဆုံး​လာ​ခြင်း​သည်​ ၎င်း​အ​တွက်​ ​လုံး​ဝ​မ​ထူး​ဆန်း​တော့​သော်​လည်း​ ​ကြံု​နေ​ရ​သ​မျှ​ ​အ​ပြောင်း​အ​လဲ​များ​ကို​ ​သ​ဘော​ကျ​ကြောင်း​ ​ပြော​ကြား​ခဲ့​သည်​။​ ​အ​ဖိုး​အို​က​ ​၁၉၀၁​ ​မှ​စ​ပြီး​ ​ဒါ​ကို​တာ​တွင်​ ​၁၁​ ​နှစ်​ကြာ​မျှ​ ​လျှပ်​စစ်​မီး​မ​ရှိ​၊​ ​ရေ​မ​ရှိ​၊​ ​မိ​လ္လာ​စ​နစ်​မ​ရှိ​ဘဲ​ ​နေ​ထိုင်​ခဲ့​ရ​သော​ ​ကာ​လ​ကို​ ​အ​မှောင်​ခေတ်​ဟု​ ပြန်​ပြောင်း​ပြော​ကြား​ခဲ့​သည်​။​

​ဝေါ်​တာ​နေ​ထိုင်​သော​ ​ဂေ​ဟာ​တွင်​ ၎င်း​နှင့်​ ​ဌာ​န​အ​တူ​ ​အ​လုပ်​လုပ်​ဖူး​သော​ ​အ​သက်​ ​၉၂​ ​နှစ်​အ​ရွယ်​ ​ရေး​မီ​ဗာ​စ​တက်​ဆို​သော​ ​အ​ဖိုး​အို​တစ်ဦး​လည်း​ရှိ​နေပြီး​ ​ဝေါ်​တာ​၏​ ​မွေး​နေ့​ကို​ ​တက်​ရောက်​ချီး​မြှင့်​ခဲ့​ကြောင်း​ ​သိ​ရှိ​ရ​သည်​။​

LEAVE A REPLY

Please enter your comment!
Please enter your name here