ရှေး​လက်​ရာ​​ ​အ​မေ​ရိ​ကန်​​ ​ဒ​င်္ဂါး​စေ့​အား​​ ​ဒေါ်​လာ​ ​၁.​၇​​ ​သန်း​ဖြင့်​​ ​ရောင်း​ချ

alt

အ​လွန်​ရှား​ပါး​လှ​သော​​ ​ရှေး​လက်​ရာ​ ​အ​မေ​ရိ​ကန်​​ ​ဒ​င်္ဂါး​တစ်​စေ့​အား​​ ​ဒေါ်​လာ​ ​၁.​၇​ ​သန်း​ဖြင့်​​ ​ရောင်း​ချ​နိုင်​ခဲ့​ကြောင်း​​ ​သိ​ရ​သည်​။​ ​န​ယူး​ဂျာ​စီ​တွင်​​ ​ရောင်း​ချ​ခဲ့​ရ​သော​​ ​ဒ​င်္ဂါး​စေ့​သည့်​ ​ယ​နေ့​ခေတ်​တွင်​​ ​အ​မျိုး​အ​စား​တူ​ ​မ​ရှိ​နိုင်​တော့​သော​​ ​လက်​ရာ​ဖြစ်​နိုင်​ကြောင်း​​

​န​ယူး​ဇီ​လန်​ Legand​ Numismatics​ of​ Lincroft​ မှ​ ဥ​က္က​ဌ​ ​လော်​ရာ​စ​ပီ​ဘာ​က​​ ​ပြော​ကြား​သွား​သည်​။​​ ​ဒန်​ဗန်ဒ​င်္ဂါး​စက်​ရုံ​တွင်​​ ​သွန်း​လုပ်​ခဲ့​သော​ ​ကြေး​ညို​ဒ​င်္ဂါး​အား​​ ​အ​မေ​ရိ​ကန်​ ​အ​နောက်​တောင်​ပိုင်း​မှ​​ ​အ​မည်​မ​ဖော်​ပြ​သူ​ ​တစ်ဦး​က​ ကာ​လ​ရှည်​ကြာ​ ​ညှိ​နှိုင်း​ပြီး​ ​ဝယ်​ယူ​သွား​ခြင်း​ဟု​ ​သိ​ရ​သည်​။

​ ​၁၉၄၃​ ​ခု​နှစ်​က​ ​သ​မ္မ​တ​ ​လင်​ကွန်း​ပုံ​ ​ပါ​သော​ ​ဒ​င်္ဂါး​တစ်​ခု​ကို​ ​သ​တ္တု​ရွေး​ချယ်​မှု​ ​မှား​ယွင်း​ရိုက်နှိပ်​ခဲ့​မိ​ကြောင်း​၊​ ​ထို​စဥ်​က​ ​သွပ်​ရည်​စိမ်​ထား​သော​ ​သံ​မ​ဏိ​များ​ကို​သာ​ ​ဒ​င်္ဂါး​စေ့​များ​တွင်​ ​သုံး​စွဲ​နေ​သ​ဖြင့်​ ​ယ​ခု​ကြေး​ဝါ​ ​ဒ​င်္ဂါး​ကို​ ​မှား​ယွင်း​မှု​အ​ဖြစ်​ ​သတ်​မှတ်​ကာ​ ​ငွေ​ကြေး​ကဏ္ဍ​အ​တွက်​ ​သုံး​စွဲ​ခွင့်​ ​မ​ပြု​ခဲ့​ကြောင်း​၊​ ​ထို​ရှား​ရှား​ပါး​ပါး​ ​တစ်​ခု​တည်း​သော​ ​ဒ​င်္ဂါး​စေ့​ကို​ ​ပိုင်​ရှင်​ထံ​မှ​ ​ဝယ်​ယူ​ရ​န်​ ​၄​ ​နှစ်​ကြာ​မျှ​ ​ကြိုး​ပမ်း​ခဲ့​ရ​ကြောင်း​ ​ဝယ်​လက်​ကိုယ်​စား​ ​ဆောင်​ရွက်​ပေး​ခဲ့​ရ​သည့်​ ​စ​ပီ​ဘာ​က​​ ​ပြော​ကြား​သွား​ခဲ့​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here