အဝတ်အစားချွတ်သည့်နည်းလမ်းဖြင့် ကားခိုးသည့် အမျိုးသမီး

alt

အ​မေ​ရိ​ကန်​နိုင်ငံ​မှ​​ ​အ​မျိုး​သ​မီးတစ်ဦး​သည်​​ ​ကား​ခိုး​ရာ​တွင်​ ​အ​ဝတ်​အ​စား​များ​​ ​ချွတ်​သည့်​နည်း​ကို​​ ​သုံး​စွဲ​ခဲ့​ကြောင်း​​ ​သိ​ရ​သည်​။​ ​လူ​ဝီ​စီး​ယား​နား​ရှိ​​ ​ကို​ဗင်​တန်​တွင်​ ​အ​သက်​ ၂၉​ ​နှစ်​ရှိ​ ​ဂျင်​နီ​ဖာ​ဂီ​လီ​သည်​​ ​တ​က္က​စီတစ်​စင်း​အား​​ ​တား​စီး​ခဲ့​ပြီး​နောက်​​ ​

သူ​မငှား​ထား​သည့်​ ​နေ​ရာ​အ​ရောက်​တွင်​​ ​မစ်​ချီ​ဂန်​ ​ပြည်​နယ်​ရှိ​​ ​နေ​အိမ်​ထိ​ ​မောင်း​ပို့​ရန်​​ ​တောင်း​ဆို​ခဲ့​သည်​။​​

​ဝေး​ကွာ​လှ​သည့်​ ​ခ​ရီး​ကြောင့်​ ​ဒ​ရိုင်​ဗာက​ ​မ​သွား​နိုင်​ကြောင်း​ ​ငြင်း​ဆန်​သည့်​အ​ခါ​ ​ဂျင်​နီ​ဖာ​သည်​ ​သူ​မ​၏​ ​အ​ဝတ်​အ​စား​များ​အား​ ​ချွတ်​ခဲ့​ကြောင်း​ ​သိ​ရ​သည်​။​ ​ပြီး​ခဲ့​သည့်​ ​သီ​တင်း​ပါတ်​ကုန်​က​ ​ဖြစ်​ပွား​ခဲ့​သော​ ​ကိ​စ္စ​တွင်​ ​ဒ​ရိုင်​ဗာသည်​ ​ဂျင်​နီ​ဖာ​၏​ ​လုပ်​ရပ်​အား​ ​တိုင်​ကြား​ရန်​ ​နီး​စပ်​ရာ​ ​ရဲ​စခန်း​တစ်​ခု​သို့​ ​သွား​ရောက်​ခဲ့​ပြီး​ ​ထို​အ​ချိန်​တွင်​ ​ဂျင်​နီ​ဖာ​သည်​ ၎င်း​၏​ကား​အား​ ​ခိုး​ယူ​ပြီး​ ​မောင်း​ထွက်​သွား​ခဲ့​သည်​။​ ​ရဲ​များ​က​ ​အ​ခင်း​ဖြစ်​သည့်​ ​နေ​ရာ​နှင့်​ ​တစ်​ဘ​လောက်​မျှ​ ​အ​ကွာ​တွင်​ ​ဂျင်​နီ​ဖာ​အား​ ​ကား​နှင့်​အ​တူ​ ​ပြန်​ဖမ်း​မိ​ခဲ့​ကြောင်း​ ​သိ​ရ​သည်​။

​ ​ဒေ​သ​ခံ​ ​ရဲ​တပ်​ဖွဲ့​မှ​ ​အ​ရာ​ရှိ​တစ်ဦး​ဖြစ်​သူ​ ​ဂျက်​ဝက်စ်​က​ ကား​ပါ​ကင်​ထိုး​နေ​သည့်​ ​ဂျင်​နီ​ဖာ​အား​ ​ဖမ်း​မိ​ချိန်​တွင်​ ​ကိုယ်​တုံး​လုံး​ပင်​ ​ရှိ​နေ​သေး​ကြောင်း​ ​ပြော​ကြား​သွား​သည်​။​ ​ဂျင်​နီ​ဖာ​သည်​ ​အ​ခင်း​ဖြစ်​ပြီး​ ​နှစ်​ရက်​အ​ကြာ​ ​စက်​တင်​ဘာ​ ​၁၄​ ​ရက်​နေ့​တွင်​မူ​ ​အာ​မ​ခံ​ကြေး​ ​၇၅​ ​ဒေါ်​လာ​ဖြင့်​ ​ပြန်​လွတ်​လာ​ကြောင်း​ ​သိ​ရှိ​ရ​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here